Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Time decides who you meet in life, your heart decides who you want in your life and your behavior decides who stays in your life.

    ဒီနေ့အတွက်စကား

    လောကမှာရှင်သန်နေထိုင်တဲ့သူတိုင်းအတွက် ပေါင်းသင်းဆက်ဆံရေးဆိုတာလွန်စွာမှအရေးကြီးတဲ့ အချက်တစ်ခုပါ။ ကျွန်တော် တို့တတွေ မွေးဖွားလာတဲ့အချိန်ကနေစလို့ စိတ်အမျိုးမျိုး ပုံသဏ္ဍန်အစုံစုံရှိတဲ့သူတွေနဲ့ တွေ့ဆုံဖူးရမှာပါ။ ပေါင်းသင်းဆက်ဆံဖူး ရမှာပါ။ အဲဒီအခါမှာ ဘယ်လိုလူမျိုးကိုတော့ ကိုယ်ကဆုံးဖြတ်ရွေးချယ်နိုင်ပြီးတော့ ဘယ်လိုအမျိုးအစား ကိုတော့ ကျွန်တော်တို့ တတွေ ရွေးချယ်ဆုံးဖြတ်နိုင်ခွင့်မရှိဘူးဆိုတာကို ဒီစကားလေးက ပြောပြနေတာပါ။ 

    လူတွေပြောကြသလိုပဲ ကံတရားတစ်ခု ကြောင့် ပေါင်းစုံရသလိုပါပဲ။ အချိန်တစ်ခုရဲ့ သတ်မှတ်ချက်အရ ကျွန်တော်တို့တတွေ မိတ်ဆွေအသစ်တွေနဲ့ တွေ့မြင်မိတ်ဖွဲ့ရ တတ်ပါတယ်။ ဘယ်လိုလူကိုတော့ တွေ့ဆုံချင်ပါတယ်ဆိုပြီး ကျွန်တော်တို့တတွေ ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ကံတရားရဲ့ စေခိုင်းမှုအတိုင်း အချိန်ကာလတစ်ခုမှာ တစ်ခါမှမသိကျွမ်းဖူးတဲ့သူတွေနဲ့လည်း ကျွန်တော်တို့တတွေ ပေါင်းသင်းဆုံစည်းရ ပါ တယ်။ ဒါကြောင့် အချိန်တစ်ခုမှာ ဘယ်လိုလူမျိုးနဲ့ပဲ သိကျွမ်းသည်ဖြစ်စေ ကိုယ်က ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေတဲ့သူ ဖြစ်အောင်ကြိုးစားရပါမယ်။

    3 min
  • ဒီနေ့အတွက်စကား

    There will be so many times you feel like you’ve failed. But in the eyes, heart and mind of your child you are super mom.

    ဒီနေ့အတွက်စကား

    ဒီစကားကိုပြောထားတဲ့သူကတော့ စိတ်ဓါတ်မြင့်တင်ရေးစာပေတွေကိုအွန်လိုင်းမှာရေးသားရင်း နာမည်ကျော်ခဲ့တဲ့ Stephanie Precourtပဲဖြစ်ပါတယ်။ ဒီစကားကတော့ အထူးသဖြင့်မိခင်တွေကိုရည်ညွှန်းထားတဲ့စကားတစ် ခွန်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် မိခင်တွေအပြင် တခြားသောသူတွေအနေနဲ့လည်းမှတ်သားထားရမယ့် စကားတစ်ခွန်းလို့ ကျွန် တော်ကတော့ ညွှန်းဆိုချင် ပါတယ်ဗျ။ ဘာလို့လည်းဆိုတော့ လူသားတိုင်းလူသားတိုင်းခြောက်ပြစ်ကဲသဲလဲစင် ပြီးပြည့်စုံခြင်း ဆိုတာမရှိနိုင်ပါဘူး။ ဘ၀ တစ်ကွေ့မှာကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တစ်ချို့တစ်လေမှာတော့ ကိုယ့်အနေနဲ့ အသုံးမကျဘူးလို့ ထင်ခဲ့ရတဲ့ ကိုယ်တိုင်က စိတ်တိုင်း မကျနိုင်တဲ့ဖြစ်ရပ်တွေလည်းရှိမှာပါပဲ။ ကိုယ်စတင်လုပ်ဆောင်တဲ့အချိန်မှာအလုံးစုံသိနေတတ်နေတာမျိုး မဖြစ်နိုင်တဲ့အတွက် အမှားမှားအယွင်းယွင်းတွေလုပ်မိလို့ ကိုယ်တိုင်စိတ်ဓါတ်ကျရတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သိထားရမှာ တစ်ခုက ကိုယ်တစ်ယောက်တည်းမှားဖူးတာမဟုတ်ဘူးဆိုတာကိုပါပဲ။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....


    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    When life gives you a hundred reasons to break down and cry, show life that you have a million reasons to smile and laugh.

    ဘဝကသင့်ကိုကျရှုံးစေမယ့်ငိုစေနိုင်တဲ့အကြောင်းအရာတစ်ရာလောက်ပေးတဲ့အခါ သင့်မှာပြုံးရွှင်ရယ်မောစရာ အကြောင်းအရင်း တစ်သန်းလောက်ရှိနေကြောင်းပြန်လိုက်ပါ။ လောကရဲ့ထိုးစစ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးဘာပဲဖြစ်နေဖြစ်နေအပြုံးမပျက်နေနိုင်ဖို့ လိုအပ်တဲ့အကြောင်းစိတ်ဓါတ်ကိုဘယ်လိုထားရမလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။ လောကမှာလူရယ်လို့ဖြစ်လာရင် အခက်အခဲတွေကိုတွေ့ကြုံရမယ်။ အတားအဆီးတွေကိုဖြတ်ကျော်ရမယ်။ အနှောင့်အယှက်အဟန့်အတားတွေကိုရင်ဆိုင်ရမယ်။ ဒါတွေကိုတွေ့ကြုံရင်ဆိုင်ဖြတ်ကျော်နိုင်မှသာအနိုင်ရတဲ့လူတော်တစ်ယောက်ဖြစ်လာမှာပါ။ ဒါဟာအမှန်တရားပါပဲ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ လွယ်လင့်တကူအောင်မြင်တဲ့သူတစ်ယောက်ဖြစ်မနေပါဘူး။

    အခုချိန် အများကအားကျအတုယူရတဲ့ ထိပ်ဆုံးကလူတွေကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ဘဝအစသမိုင်းအစမှာ ပင်ပန်းဆင်းရဲခံ ပြီး ကျားကုတ်ကျားခဲကြိုးစားခဲ့ကြတဲ့သူတွေချည်းပါပဲ။ အတိတ်မှာသူတို့တွေ ဘယ်နှစ်ကြိမ်လဲကျခဲ့သလဲ။ ဘယ်နှစ်ကြိမ်ငိုညည်းခဲ့ရ သလဲဆိုတာကိုအတိအကျဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အခုလက်ရှိအောင်မြင်နေတယ်။ အရင်အချိန်ကြိုး စားခဲ့ချိန်ကကဲ့ရဲ့မှုတွေဒဏ်၊ ကံကြမ္မာရဲ့ ထိုး နှက်ချက်တွေ၊ မဖြစ်နိုင်ပါဘူးလို့ ပြောကြတဲ့ လှောင်ရယ်သံတွေကို ဥပေက္ခာပြုနိုင်ခဲ့ လို့လည်းအခုအောင်မြင်နေတာပါ။ လောက က အတွေ့အကြုံတွေ သင်ခန်းစာတွေကိုလည်းမရိုးတမ်းပေးနေမှာအသေအချာပါပဲ။ ဘဝရဲ့လှိုင်းပုတ်ချက်တွေကို အလူးအလဲ အံတုရင်ဆိုင်ခဲ့ရမှာပါပဲ။ အဓိကကတော့ ကိုယ့်စိတ်ထဲကခံယူချက်ကိုမပြောင်းလဲဖို့ ကြိုးစားမှုကိုမလျော့လိုက်ဖို့ပါပဲ။

    3 min
  • Knowledge For All

    ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...

    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    One lie is all it takes for someone to lose their faith in you. The best you can do is always be upfront, always be real and always tell the truth.

    ဒီနေ့အတွက်စကား

    လိမ်လည်စကားတစ်ခွန်း ရဲ့ သက်ရောက်နိုင်မှုကိုပြောပြပေးခဲ့သလို အကောင်းဆုံးနေထိုင်မှုကိုလည်း ပူးတွဲပြောပြသွားခဲ့တာ ဖြစ်ပါတယ်။ လောကမှာ ပေါင်းသင်းဆက်ဆံရေးဆိုတာ...

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...