Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    You will never have to force anything that truly meant to be.

    အမှန်တကယ်ဖြစ်ကိုဖြစ်လာမယ့် အရာတစ်ခုအတွက် အားအင်သုံးစရာမလိုပါဘူးတဲ့။ ဒီစကားကတော့ တရားသဘောနဲ့ တွေး ထင်လို့ ဖြစ်တည်လာတဲ့စကားတစ်ခွန်းလို့လည်းပြောလို့ရပါ တယ်။ လောကမှာ လူသားတွေနည်းတူ တရိစ္ဆာန်တွေ၊ အပင်တွေ စတဲ့ သက်ရှိတွေအကုန်လုံးရော၊ အရာဝတ္ထုတွေလို သက်မဲ့တွေတိုင်းရော အရာခပ်သိမ်း ပေါက်ဖွားရှင်သန်လာရာကနေ နောက် ဆုံးတစ်နေ့မှာတော့ လောကကြီးကို နှုတ်ဆက်လို့ ပျက်စီးသေဆုံးကြရမှာအမှန်ပါပဲ။ တကယ်တော့လူသားတွေအပါအဝင်သက်ရှိ တွေအားလုံးအတွက် စတင် မွေးဖွားရှင်သန်တဲ့ အချိန်ကနေစလို့ လောကကြီးက ချမှတ်လိုက်တဲ့ အချိန်ပမာဏတစ်ခုအတွင်းမှာ ဘာဖြစ်မယ်ဘယ်အချိန်မှာတော့ လက်ပြ နှုတ်ဆက်လို့ လောကကြီးကို ကျောခိုင်းထွက်ခွာသွားရမယ်ဆိုတာ ပြဌာန်းထားပြီး သားအရာတစ်ခုပါ။ ဘယ်တန်ခိုးရှင်ကမှ ပြုပြင်ပေးလို့မရတဲ့အရာပါ။ 

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .




    12 min
  • ဒီနေ့အတွက်စကား

    Instead of being ashamed of what you’ve been through, be proud what you have overcome.

    သင်ဘယ်လိုတွေဖြတ်ကျော်ခဲ့ရတယ်ဆိုတာကို ရှက်ရွံ့နေမယ့်အစား သင့်အနေနဲ့ ကျော်ဖြတ်နိုင်ခဲ့တာကိုပဲ ဂုဏ်ယူနေလိုက်ပါ တဲ့။ ဒီစကားကို ပြော ကြားထားတဲ့ ကမ္ဘာကျော်မဟာလူသာကတော့ နာမည်ကျော်ရုပ်သံအစီအစဉ် Doctor Phil ရဲ့ ပင်တိုင် တင်ဆက်သူ အမေရိကန် လူမျိုး စာရေးဆရာနဲ့ စိတ္တဗေဒပညာရှင် Phillip Calvin McGraw ပဲဖြစ်ပါတယ်။ ဒီစကားကတော့ အတိတ်ကာလကအဖြစ်အ ပျက်တွေကြောင့် စိတ်ဓါတ်ကျပြီး ကိုယ့်ရဲ့အတိတ်ကိုဖုံးကွယ်ဖို့ကြိုးစားနေတဲ့သူတွေအတွက် ရည်ရွယ်ပြောကြားထားတဲ့စကားတစ်ခွန်းပါ။

    3 min
  • ဒီနေ့အတွက်စကား

    Sometimes you can hurt yourself more than anyone can hurt you by keeping you’re your feelings locked up inside.

    ဒီနေ့အတွက်စကား

    စိတ်ခံစားမှုရဲ့အရေးပါတဲ့အကြောင်းဖော်ညွှန်းထားတဲ့ စကားတစ်ခွန်းပါ။ လူ့ အသိုင်းအဝိုင်းအတွင်းမှာ နေထိုင်ရုန်းကန်ရင်းနဲ့ မိတ်ဆွေချစ်သူခင်သူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာဖြစ်သလို ကိုယ့်အပေါ် မလိုတမာစိတ်ထားနဲ့ မကောင်းကြံတဲ့သူ နစ်နာအောင်ဖန်တီးပြုလုပ်ချင်တဲ့သူတွေနဲ့လည်း တွေ့ကြုံရမှာပါပဲ။ အဲဒီလိုလူမျိုးတွေ ကြောင့်ပဲ ဖြစ်ဖြစ် ကိုယ်မျှော်လင့်ထားတဲ့ ကိုယ့်အပေါ်ကောင်းလိမ့်မယ်လို့ထင်ထားတဲ့သူတွေက အခြေအနေအရပ်ရပ် တစ်ခုခု ကြောင့် ကိုယ့်ကိုအသုံးချသွားတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ထဲမှာ ထိခိုက်နာကျင်သွားရတာမျိုးတွေ ရှိတတ်ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် မျှော်လင့်ချက်နဲ့ အသက်ရှင် တတ်ကြတဲ့ ကျွန်တော်တို့လူသားတွေ ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာတာ၊ တစ်စုံတစ်ယောက်ရဲ့ ပယောဂတစ်ခုခုကြောင့် ဒါမှမဟုတ် အခြေအနေတစ်ခုခုကြောင့် ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးခံ ရသလို ဖြစ်သွားတဲ့အခါမျိုးတွေမှာ စိတ်ထဲမှာ နာကျင်မှုဝေဒနာကို ခံစားရမှာပါ။ အဲဒီလိုမျိုးအခြေအနေမှာဆိုရင် ဘယ်အရာကိုမှ မလုပ်ချင်မကိုင်ချင် အလုပ်ထဲမှာမှာလည်း မပျော်ရွှင်တော့ဘဲ အမှားမှားအယွင်းယွင်းတွေဖြစ်လို့ လူပါ ထိခိုက်နာကျင်သလို ဖြစ်တတ်ပါတယ်။ 

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....


    15 min
  • ဒီနေ့အတွက်စကား

    Don’t love what you can’t trust. Don’t hate what you can’t have. Don’t say what you can’t show. Don’t judge what you don’t know.

    မယုံကြည်ရတဲ့အရာတွေကိုမချစ်ပါနဲ့။ မရနိုင်တဲ့အရာတွေကိုမမုန်းပါနဲ့။ မလုပ်ပြနိုင်တဲ့အရာတွေကိုမပြောပါနဲ့။ မသိတဲ့အရာတွေ အတွက် မဆုံးဖြတ်ပါနဲ့လို့ ဒီနေ့အတွက်စကားရဲ့ ဆိုလိုရင်းကရှိပါတယ်။ ဘယ်လိုကိစ္စရပ်တွေအတွက် မချစ်သင့်တဲ့သူ၊ မမုန်းသင့်တဲ့အရာ၊ မပြောသင့်တဲ့စကား၊ မှတ်ချက်ပေးပြီး မဆုံး ဖြတ်သင့်တဲ့ကိစ္စတွေအကြောင်းပါဝင်တဲ့ စကားတစ်ခွန်းပါ။ ပထမတစ်ခုကတော့ မယုံကြည်ရတဲ့အရာတွေကို မချစ်ပါနဲ့တဲ့။ ဟုတ် ပါတယ်။ မယုံကြည်ရတဲ့အရာတွေမှာ ကိစ္စရပ်တွေလည်း ပါဝင်တယ်။ လူပဂိုလ်တွေလည်းပါဝင်ပါတယ်။ လောကမှာ ယုံကြည်မှု ဆိုတာအရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦးဆက်ဆံရေး မှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်ယုံကြည်မှုကို အခြေခံပါတယ်။ စီးပွားရေး မှာတောင် ယုံကြည်မှုကအခြေခံတဲ့အုတ်မြစ် တစ်ခုလိုအရေးကြီးနေမှတော့ နှလုံးသားရေးရာကိစ္စဆိုရင် ပိုပြီးတော့ အရေးကြီး တယ်ဆိုတာပြောစရာတောင်လိုမယ် မထင်ပါဘူး။ ဒါကြောင့် ကိုယ်မယုံကြည်ရတဲ့သူ ကိုယ့်နောက်ကွယ်မှာ ကိုယ့်ကိုသစ္စာဖောက် နိုင်တဲ့သူ၊ ကိုယ်မကြိုက်တာကို လုပ်မယ့်သူမျိုးကို မချစ်သင့်ပါဘူး။ ချစ်သူဘဝမှာတောင် ဒီလိုကိစ္စမျိုးကြောင့် စိတ်သောက ရောက်ပူလောင်နေရမယ်ဆိုရင် လင်မယားအရာရောက်သွားပြီးရင်ပိုဆိုးသွားနိုင်တဲ့အတွက် ကိုယ့်အတွက် မယုံကြည်ရတဲ့သူကို မချစ်တာအကောင်းဆုံးပါပဲ။ 

    3 min
  • ဒီနေ့အတွက်စကား

    Success is nothing more than a few simple disciplines, practiced everyday.

    အောင်မြင်ဖို့အတွက်အနည်းငယ်သောရိုးရှင်းတဲ့စည်းကမ်းတွေကိုလိုက်နာရုံပါပဲ။ အဲဒါကတော့ နေ့စဉ်နေ့တိုင်းလေ့ကျင့်ဖို့ပါတဲ့။ ဒီစကားကိုပြောကြားခဲ့တဲ့ အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော်မဟာလူသားကတော့ အမေရိကန်လူမျိုး ကနဦးစွန့်ဦးလုပ်ကိုင်သူစီးပွားရေးသမားလည်းဖြစ်၊ စိတ်ဓါတ်မြှင့်တင့်ရေးဆိုင်ရာဟောပြောသူတစ်ယောက် လည်းဖြစ်တဲ့ Jim Rohnပဲဖြစ်ပါတယ်။ အောင်မြင်တဲ့သူတိုင်းရဲ့လှို့ဝှက်ချက်တစ်ခုလို့လည်း ပြောလို့ရတဲ့ဒီစကားကတော့ အမှန်ကန်ဆုံးသော စကားလည်းဖြစ်ပါတယ်ခင်ဗျာ။ အောင်မြင်ခြင်းဆိုတဲ့အဆင့်ကိုရောက်ရှိပြီးလူတကာရဲ့အထင်ကြီးလေးစားစေဖို့အတွက် ကိုယ် ကျင်လည်ရာလုပ်ငန်းခွင်မှာလိုအပ်တဲ့ပညာရပ်တွေကိုနေ့စဉ်နေ့တိုင်းလေ့လာဖို့လိုပါတယ်။ 

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...