Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Some people always smile because they know smiling is easier than explaining why they are sad.

    ဒီနေ့အတွက်စကား

    တစ်ချို့သောလူတွေကအမြဲတမ်းပြုံးနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြုံးနေခြင်းဆိုတာသူတို့ဘာကြောင့်ဝမ်းနည်းနေရလဲ ဆိုတာကိုရှင်းပြနေရတာထက်ပိုလွယ်ကူကြောင်းသူတို့နားလည်ထားလို့ပါတဲ့။ အပြုံးတစ်ပွင့် ရဲ့ စွမ်းဆောင်နိုင်စွမ်းကိုရည်ညွှန်းဖော်ပြထားတဲ့စကားတစ်ခွန်းပါ။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    The future has a way of arriving unannounced.

    အနာဂတ်ဆိုတဲ့ စကားလုံးသုံးလုံး။ ဒီစကားလုံးသုံးလုံးအတွက်ပဲ ကျွန်တော်တို့တတွေ ကြိုးစားနေကြရပါတယ်။ အဲဒီစကားလုံးသုံးလုံးရဲ့သက်ရောက်မှုတိုင်းကိုလူသားတိုင်းကရင်ခုန် စွာနဲ့ စောင့်မျှော်နေတတ်ကြပါတယ်။ အထူးသဖြင့် ဘဝရဲ့ နေ့ရက်တိုင်းနေ့ရက်တိုင်းကို ကြိုးစားမှုတွေနဲ့ ရုန်းကန်နေတဲ့သူတွေ၊ မမြင်ရတဲ့ မနက်ဖြန်ဆိုတဲ့အရာကိုစောင့်မျှော်ရင်းအလုပ်လုပ်နေကြတဲ့ သူတွေအတွက်ဆိုရင်တော့ အနာဂတ်ဆိုတဲ့စကားလုံးသုံးလုံးဟာသိပ်ကိုမှ ကြီးကျယ်တဲ့ရွှေရောင်အိပ်မက်တစ်ခုဖြစ်ပါတယ်။

    ဒါပေမယ့် ကျွန်တော်တို့သိထားရမှာကတော့ အဲဒီဖြစ် မလာသေးတဲ့ အနာဂတ်ဆိုတာကကိုယ်မမျှော်လင့်ထားတဲ့အတိုင်း ဖြစ် တည်မှုတွေ၊ ဖြစ်ပျက်မှုတွေဆိုတာ ဖြစ်တည်သွားနိုင်၊ ဖြစ်ပျက်သွားနိုင်ပါတယ်။ ဘယ်လိုရှေ့ဖြစ်ဟောဆရာမှ အတိအကျ ဟောကြားနိုင်စွမ်းမရှိတာကလည်းအနာဂတ်ပါပဲ။ အဓိကကတော့ ကိုယ့်ရဲ့အနာဂတ်အတွက် ပြင်ဆင်မှုတွေကိုလုပ်ဆောင်နိုင် တာကဒီနေ့ဆိုတဲ့ လက်ရှိပစ္စုပ္ပန်အချိန်ပါပဲ။ လူတွေကမဖြစ်သေးတဲ့ အနာဂတ်အတွက်ကိုတော့ အိပ်မက်တွေအကြီးကြီးမက် စိတ်ကူးတွေထဲမှာလေထဲတိုက်အိမ်တွေဆောက်တတ် ကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာလည်းလက်ရှိအချိန်နဲ့ထိုက်တန် တဲ့ လွတ်လပ်ပျော်ရွှင်မှု၊ အားစိုက်ထုတ်ကြိုးပမ်းမှုတွေ ကိုတစ်နေ့စာတစ်နေ့စာ၊ ဒါမှမဟုတ် တစ်နာရီစာ၊ တစ်မိနစ်စာလောက် အတွက်ကိုလည်းစဉ်းစားဖို့လိုပါတယ်။ စဉ်းစားသလိုလုပ်ဆောင်ဖို့လည်းလိုပါတယ်။

    3 min
  • ပြောကြည့်[

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    I don’t regret the things I did wrong. I regret the good things I did for the wrong people.ငါပြုလုပ်မိခဲ့တဲ့ မှားတဲ့အရာတွေအတွက် ငါနောင်တမရပါဘူး။ မှားယွင်းတဲ့သူတွေနဲ့ မထိုက်တန်တဲ့ ငါပြုလုပ်ပေးခဲ့တဲ့ ကောင်းမွန် တဲ့အရာတွေအတွက်ပဲငါနောင်တရမိပါတယ်တဲ့။ဒီစကားကတော့ လောကမှာဖြစ်လေ့ဖြစ်ထရှိတတ်တဲ့အရာတစ်ခုကိုပြောပြထားတာဖြစ်ပါတယ်။ နောင်မှတလို့ရတဲ့ နောင်တဆိုတဲ့ စကားလုံးနဲ့ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းကရင်းနှီးကျွမ်းဝင်မှုရှိခဲ့ပါတယ်။ လူကြီးမိဘတွေကကလေးငယ်တွေကိုဆုံးမလေ့ရှိတဲ့စကားတွေမှာလည်းနောင်တဆိုတဲ့ စကားလုံးကပါလေ့ရှိပါတယ်။ ကိုယ့်အနေနဲ့ အချိန်ရှိတဲ့အခိုက်မှာမကြိုးစားဘူး။ ဒါမှမဟုတ် ကြိုးစားပိုင်ခွင့်ရှိတဲ့အချိန်မှာမကြိုးစားဘဲတခြားသောအပျော်အပါးတွေကိုလုပ်ဆောင်နေမိရာ

    3 min
  • ဒီနေ့အတွက်စကား

    Lessons in life will be repeated until they are learned.

    ဒီနေ့အတွက်စကား

    ကျွန် တော်တို့ အသက်ရှင်သန်ရပ်တည်ရုန်းကန်နေကြရတဲ့ ဘဝမှာ အတွေ့အကြုံပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာ၊ ပုစ္ဆာပေါင်း များစွာကို ကျွန်တော်တို့ အသက်ရှိနေသမျှကာလပတ်တစ်ခုလုံးမှာ တစ်ခုမဟုတ်တစ်ခု တွေ့ကြုံရမယ်။ ဖြေရှင်းရမယ်။ ကျော် လွှားရမယ်။ ဒါဟာ ဘဝရဲ့ အမှန်ကန်ဆုံးသောအဓိပ္ပာယ်တစ်ခုပါပဲ။ အဲဒီလိုမျိုး ကိစ္စရပ်တွေကို ဖြေရှင်းတဲ့အခါမှာဆိုရင် နောက် ဆုံးအောင်မြင်ကျော်လွှားနိုင်တဲ့အထိ ဖြေရှင်းရမှာပါပဲ။ ဒီကိစ္စတစ်ခုကို ဖြေရှင်းရခက်လို့ မဖြေရှင်းတော့ဘဲ ရှောင်ထွက်ခဲ့ တယ် ဆို ရင် ဒီလိုမျိုးအလားတူကိစ္စရပ်မျိုးတွေကို ကျွန်တော်တို့တတွေ ထပ်မံဖြေရှင်းရလေ့ရှိပါတယ်။ ပြောတော့သာ ဘကုန်းနဲ့ ဝလုံး နှစ် လုံးတည်းဖြစ်နေပေမယ့် အဲဒီ ဘဝဆိုတဲ့ အချိန်ကာလကြီးမှာ ကျွန်တော်တို့တတွေအတွက် ဖြေရှင်းလို့မကုန်တဲ့ ပဟေဌိတွေ အများကြီးမှ အများကြီးရှိလို့နေပါတယ်။ ကိုယ်က ဒီစာမေးပွဲတစ်ခုကို အောင်မြင်တယ်ဆိုရင်လည်း ဘဝက စစ်မယ့် နောက်ထပ် စာမေးပွဲတွေက အဆင်သင့်စောင့်လို့နေပါသေးတယ်။ ဒါကိုမေ့မထားလိုက်ပါနဲ့။


    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    12 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...