Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Don’t talk, Just act. Don’t say, Just show. Don’t promise, Just prove.

    အပြောနဲ့အလုပ်၊ ကတိနဲ့သက်သေ။ ဘယ်ဟာက ပိုပြီး အရေးကြီးတယ်လို့ထင်ပါသလဲ။

    လူ့လောကမှာကျင်လည်နေသူတိုင်း တစ်ခါတစ်လေမှာ အလုပ်လုပ်ဖို့ကျ တွန့်ဆုတ်နေတတ်တဲ့ အပြောပဲကြီးနေ တတ်တဲ့သူတွေ ကျွန်တော်တို့ အများကြီးတွေ့ကြုံခဲ့ရဖူးမှာပါ။ အဲဒီသူတွေနဲ့ ဆက်ဆံရတာ လေကြီးမိုးကြီးသာ ပြောနေပေမယ့် အလုပ်ကျတော့ ဟုတ်တိပတ်တိမလုပ်ဘဲ ဟိုရက်ရွှေ့ဒီရက်ရွှေ့လုပ်တော့ ကိုယ့်အတွက် ကသိကအောက်ဖြစ်စေပါတယ်။ 

    အပြောကတော့ မိုးလားကဲလား တကယ်တမ်း အလုပ်ကျတော့ မပြီးတဲ့အခါမှာ အားလုံးစိတ်ညစ်မိမှာပါ။ နှုတ်ချိုသျှိုတစ်ပါးဆိုပြီး ငြင်းတဲ့သူတွေလည်းရှိပါလိမ့်မယ်။ ဒါပေမယ့် အဲဒီစကားက အလုပ်မလုပ်ချင်တဲ့သူတွေ အပြောလေးကောင်းပြီး အလုပ်ကို တိတိပပ တိတိကျကျမလုပ်တတ်တဲ့သူတွေဘက်က ကာကွယ်ရှေ့နေလိုက်ထားတဲ့ တစ်ဖက်သတ်စကားပါ။ 

    3 min
  • မနောမြေမှတေးသံသာ- အမွန်း

    မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ မနောမြေမှတေးသံသာအစီအစဉ် ကို စတင်နားဆင်လို့ရပါပြီနော်...

    25 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    5 things to quit right now. 1. Trying to please everyone. 2. Fearing change. 3. Living in the past. 4. Putting yourself down. 5. Overthinking.

    ဒီနေ့အတွက်စကား

    လူတိုင်းကို စိတ်ကျေနပ်စေဖို့လုပ်ပေးနေတာတွေကိုအခုပဲရပ်တန့်လိုက်ပါ။

    3 min
  • ဒီနေ့အတွက်စကား

    You cannot change your future, you can change your habits. And surely your habits will change your future.

    အနာဂတ်ကိုပြောင်းလဲဖော်ဆောင်ခြင်း။

    ကျွန်တော်တို့လူသားတွေအနေနဲ့ကိုယ်ဖြစ်ချင်တဲ့အတိုင်းအနာဂတ်ကိုထုဆစ်ဖော်ဆောင်ပြောင်းလဲနိုင်ဖို့ဆိုတာမလွယ်ကူတဲ့ကိစ္စပါ။ကံတရားဆိုတဲ့ဇာတ်ဆရာကြိုးဆွဲတဲ့အတိုင်းကပြနေကြရတဲ့ကျွန်တော်တို့လူသားတွေကိုယ်ဖြစ်ချင်တာတွေမဖြစ်တဲ့အခါလည်းရှိမယ်။ကိုယ်မလိုချင်ပေမယ့်လည်းမဖြစ်မနေရယူလိုက်ရတာမျိုးလည်းရှိမယ်။ကိုယ်မမျှော်လင့်ထားပေမယ့်လည်းဖြစ်ပျက်သွားတာလည်းရှိနိုင်ပါတယ်။

    အနာဂတ်ဆိုတဲ့မဖြစ်သေးတဲ့အချိန်ကာလတစ်ခုမှာဖြစ်ပျက်မယ့်အကြောင်းအရာတွေကိုကျွန်တော်တို့မထိန်းချုပ်နိုင်ပါဘူး။ကွေးသောလက်မဆန့်မှီဆန့်သောလက်မကွေးမီမှာလည်းလူသားတွေအနေနဲ့သေဆုံးခြင်းဆိုတဲ့ဘဝတစ်ပါးကိုကူးပြောင်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။နောက်ထပ်ဖြစ်မယ့်အခြေအနေဆိုတာမျိုးထက်ကိုနောက်ထပ်တစ်မိနစ်တစ်စက္ကန့်ကိုတောင်မှကိုယ်ကပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်တာမျိုးမရှိပါဘူး။

    ဖြစ်ချင်သလိုဖြစ်ချင်မှဖြစ်တဲ့ဘဝကိုဖြစ်ချင်တာတွေအမှန်တကယ်ဖြစ်တည်လာဖို့ကျွန်တော်တို့လုပ်ဆောင်နိုင်တာကတော့စိတ်ကူးယဉ်မှုနဲ့အတူအမူအကျင့်တွေပါပဲ။ကိုယ့်အနာဂတ်လမ်းလှပဖြောင့်ဖြူးချင်တဲ့သူကပျင်းရိနေလို့တော့မရနိုင်ပါဘူး။ကျန်းမာရေးကောင်းတဲ့အနာဂတ်ကိုပိုင်ဆိုင်ချင်တဲ့သူကလည်းအနေအထိုင်အစားအသောက်ကိုဂရုစိုက်ဖို့လိုပါတယ်။တွေ့ကရာအစားအစာသန့်မှန်းမသိတဲ့အစားအစာကိုစားမိရင်တော့ကျန်းမာရေးအနာဂတ်

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...