Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Smile before answering the phone. It will make you sound happier and improve the quality of your conversation.

    ဖုန်းကောလ်တစ်ခုကို လက်ခံစကားမပြောခင်မှာ ကိုယ့်အနေနဲ့ အရင်ဆုံး ပြုံးလိုက်ဖို့ တိုက်တွန်းထားပြီးတော့ အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ ရလာမယ့် အကျိုးဆက်တွေကိုလည်း ပြောပြထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ လောကမှ လူတိုင်းလူတိုင်း အသက်ရှင် ရုန်းကန်နေရင်းနဲ့ ဘဝအမောတွေကြားမှာ လူးကာလွန့်ကာ လှုပ်ရှားနေရ ပါတယ်။ ဒီလိုနဲ့ ကိုယ့်အတွက် ကိုယ့်ရဲ့ မိသားစုအတွက် စားဝတ်နေရေးဆိုတဲ့ဝတ္တရားအကြီးကြီးတစ်ခုကြောင့် ကြိုးစားရုန်းကန်ရင်း နဲ့ ဘဝမှာ လောဘဒေါသမောဟ အမိုက်မှောင်တွေ ဖုံးလွှမ်းတဲ့အချိန်တွေ၊ စိတ်ဓါတ်ကျဝမ်းနည်းမှုစိတ်ဖိစီးမှုတွေကို ခံစားရတဲ့ အချိန်တွေလည်း ရှိကောင်းရှိမှာပါ။ ဒါကြောင့် လောကရဲ့ နိယာမအတိုင်းတင်းလွန်းရင်းပေါက်ကွဲတတ်တဲ့အတွက် ကိုယ့်ရဲ့ အတွင်းစိတ်ထဲက ဖိစီးမှုတွေကို ဖြေလျော့ပေးဖို့ လိုပါတယ်။ 

    အဲဒီလို စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကို ဖြေလျော့တဲ့နေရာမှာ ကိုယ့်အတွက်ရော တခြားသူကိုပါထိခိုက်နစ်နာမှု မရှိအောင် ဆင်ခြင်ဖို့တော့လိုပါတယ်။ တကယ်တမ်း ညစ်နေတဲ့စိတ်ကို ကိုယ်ကိုတိုင်က ပြန်လည်ပုံသွင်းပြီး ပြောင်းလဲရယူလို့ရပါတယ်။ ကိုယ်မှာမှ ဒီလိုအဖြစ်မျိုးတွေကြုံနေရတာမဟုတ်ဘူး။ တခြား သော သူတွေလည်း သူတို့ဘဝနဲ့ သူတို့အလျောက် အခက်အခဲတွေ စိတ်ညစ်စရာတွေရှိနေတတ်တယ်။ ဘယ်သူမှ အစဉ်ထာဝရ ပျော်ရွှင်ခြင်းကို မပိုင်ဆိုင်နိုင်သလို ဘယ်သူမှလည်း ခြောက်ပြစ်ကဲပြီး သဲလဲမစင်ကြဘူးဆိုတာကို စိတ်ထဲမှာ အမြဲမှတ်ထားပါ။

    3 min
  • Knowledge For All

    ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...

    15 min
  • မနောမြေမှတေးသံသာ - အမွန်း

    မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ မနောမြေမှတေးသံသာအစီအစဉ် ကို စတင်နားဆင်လို့ရပါပြီနော်...

    25 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .


    12 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    The greatest glory in living lies not in never falling; but in rising every time we fall.

    ဒီနေ့အတွက်စကား

    ဘဝမှာအကြီးကျယ်ဆုံးသောအောင်မြင်မှုဆိုတာ တစ်ခါမှမဆုံးရှုံးဖူးတာကိုဆိုလိုတာမဟုတ်ပါဘူး။ ဆုံးရှံုးခဲ့တဲ့အချိန်တိုင်းမှာ ပြန်လည်ဦးမော့နိုင်အောင်ကြိုးစားခြင်းသာဖြစ်ပါတယ်တဲ့။ဒီစကားကိုပြောကြားခဲ့တဲ့သူကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ ဆုတံဆိပ်ပေါင်းများစွာကို ချီးမြှောက်ခြင်းခံရတဲ့ တောင်အာဖရိကရဲ့ ပထမဆုံးသော သမ္မတကြီး Nelson Mandela ပဲဖြစ်ပါတယ်။ ဘဝမှာ ဘယ်လိုအရာက အောင်မြင်မှုဆိုတာကို ထင်ထင်ရှားရှားပြောပြပေးနေတဲ့ စကားတစ်ခွန်းပါ။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Mistake is a single page of life, but relation is a complete book. So don’t lose a full book for a single page.

    အမှားဆိုတာစာမျက်နှာတစ်ခုပါ။ ဆက်ဆံရေးကတော့စာအုပ်တစ်အုပ်လုံးပေါ့။ ဒါကြောင့် စာမျက်နှာတစ်ခုကြောင့် စာအုပ် တစ် အုပ်လုံးကိုအဆုံးရှုံးမခံပါနဲ့တဲ့။ဒီစကားကတော့ အားလုံးကြားသိလိုက်ရတဲ့အတိုင်းပေါင်းသင်းဆက်ဆံရေးမှာသတိထားရမယ့် အချက်တစ်ခုကိုမီးမောင်းထိုးပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လူမှန် ရင် အရာခပ်သိမ်းမှာ ပြီးပြည့်စုံခြင်းမရှိတဲ့အတွက် တစ်ချို့သောကိစ္စရပ်တွေမှာတော့ အမှားတွေကိုလုပ်မိတတ်ကြပါတယ်။ ဒါ ပေမယ့် မပြည့်စုံလို့ လိုအပ်ချက်တွေရှိလို့မှားတဲ့ အမှားမျိုးတွေထက် တစ်ချို့သောသိသိကြီးနဲ့ မှားတတ်တဲ့အမှားတွေ၊ မှားမှန်းသိသိနဲ့ပဲပေါက်တဲ့နဖူးမထူးဘူးဆိုပြီးဆက်မှားနေကြတဲ့အဖြစ်အပျက်တွေလည်းရှိတတ်ကြသေးတာမို့လို့ သတိထားရမယ့် မမှားသင့်တဲ့အမှားတွေ၊ မှားမှန်းသိရင် ဆက်မှားဖို့အတွက် တွေးတောင်မတွေးသင့်တဲ့အမှားတွေကိုဒီအစီအစဉ်ကနေပြောပြပေးချင်ပါတယ်။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    Strength does not come from winning. Your struggles develop your strengths. When you go through hardships and decide not to surrender, that is strength.

    ဒီနေ့အတွက်စကား

    လောကမှာရှင်သန်နေကြတဲ့လူသားတိုင်းအခက်အခဲတွေ၊ အတားအဆီးတွေ၊ ပြဿနာပေါင်းစုံတွေကို ဖြတ်ကျော်နေရပါတယ်။ မိခင်ဝမ်းကြာတိုက်မှာရှိနေတဲ့အချိန်မှာကတည်းက အသက်ရှင်နိုင်ဖို့အတွက် ရုန်းကန်ရပါတယ်။ လူရယ်လို့ဖြစ်လာတဲ့ အချိန်မှာလည်းသူ့အရွယ်နဲ့အလိုက် ရင်ဆိုင်ဖြတ်ကျော်ရတဲ့ ဘဝကပေးတဲ့ ပြဿနာတွေကတန်းစီနေပါ တယ်။ ပညာသင်ကြားရမယ့် ငယ်ရွယ်တဲ့အချိန်မှာလည်းကိုယ်မသိသေးတဲ့ပညာရပ်တွေကို ကြိုးစားသင်ကြားနေရမှုဆိုတာလည်းတစ်နည်းပြောရရင် ရုန်းကန်မှုပါပဲ။ ဒီလိုနဲ့ ဒုတိယအရွယ်မှာလည်း သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရှာဖွေစားသောက်ရင်း ဘဝရဲ့ အခက်အခဲတွေကိုရုန်းကန်လှုပ်ရှားနေရမှာပါပဲ။ ဒီလိုနဲ့ ကျန်းမာရေးပြဿနာတွေကိုရင်ဆိုင်နေရတဲ့ မကျန်းမာတဲ့လူတစ်ယောက်အနေနဲ့လည်း ပြန်လည်ကျန်းမာလာဖို့၊ ရောဂါအခြေအနေတွေ ပိုဆိုးမလာဖို့ ဆေးဝါးအကူအညီနဲ့ပဲဖြစ်ဖြစ် သေခြင်းနာခြင်းတရားတွေနဲ့ စစ်ခင်းလို့ ရုန်းကန်ရပြန်တာပါပဲ။

    3 min
  • ဒီနေ့အတွက်စကား

    Sorry works when a mistake is made, but not when trust is broken. So in life, makes mistakes but never break trust. Because forgiving is easy, but forgetting and trusting again is sometimes impossible.

    လောကမှာရှင်သန်နေထိုင်ကြတဲ့ သက်ရှိလူ သားတွေအားလုံး ရာခိုင်နှုန်းပြည့် ထူးချွန်ကောင်းမွန်ပြည့်စုံမှုဆိုတာ မရှိနိုင်တဲ့အတွက် တစ်ခါတစ်ရံမှာတော့ အမှားတွေလုပ်မိ တတ်ကြပါတယ်။ တစ်ချို့တွေက မရည်ရွယ်ဘဲ အမှားတွေလုပ်မိတတ်ကြပါတယ်။ တစ်ချို့ကတော့ သိသိကြီးနဲ့ မဖြစ်မနေအမှား တွေကို လုပ်မိတတ်ကြပါတယ်။ အဲဒီအခါမှာ ကိုယ်မှားသွားတဲ့အခါမှာ တောင်းပန်ပါတယ်ဆိုတဲ့စကားကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လို့လာပါတယ်။ 

    ကိုယ်မှားတာကို မှားတာသိလို့တောင်းပန်လိုက်တာမျိုးလည်းရှိသလို တောင်းပန်လိုက်ရင် ပြီးတာပဲ မှားချင်တာမှားစမ်းပါစေဆိုတဲ့ မှားယွင်းတဲ့အတွေးတွေဝင်နေတဲ့သူတွေလည်းရှိတတ်ကြပါတယ်။ လောကမှာ အရာခပ် သိမ်းမပြည့်စုံတဲ့သူတွေအဖို့ မှားတယ်ဆိုတာမဆန်းကျယ်ပေမယ့် မကြာခဏမှားနေမယ်။ အမှားပေါ်အမှားထပ်ဆင့်နေမယ်။ မှားတာကို မသိဘဲ ဆက်မှားနေမယ်။ အမှားကိုသိသိကြီးနဲ့ အမှန်ကိုမပြင်နိုင်ဘူးဆိုရင်တော့ လူ့ဘဝအတွက် ကောင်းမွန်မှုဆို တာ မဖြစ်နိုင်တော့ပါဘူး။ 

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...