Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    တ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    12 min
  • ဒီနေ့အတွက်စကား

    The best preparation for tomorrow is doing your best today.

    ဒီနေ့နဲ့မနက်ဖြန်

    ဒီနေ့အရေးထက်မနက်ဖြန်အရေးကိုလူတွေကပိုပြီးပူပန်တတ်ကြတယ်။တကယ်တော့ဒီနေ့နဲ့မနက်ဖြန်ဘယ်ဟာပိုအရေးကြီးတာလဲ။

    မနက်ဖြန်မှာကိုယ်ကအောင်မြင်ချင်တဲ့သူလား။လက်ရှိအချိန်ထက်တိုးတက်မြင့်မားတဲ့ဘဝကိုလိုချင်တဲ့သူလား။အဲဒါဆိုရင်အခုလက်ရှိဖြတ်သန်းနေတဲ့ဒီနေ့ဆိုတဲ့အချိန်ကိုအကောင်းဆုံးဖြတ်သန်းဖို့လိုပါတယ်။

    တစ်နေ့ပြီးရင်တစ်နေဝင်လို့နောက်တစ်နေ့ကူးပြောင်းတတ်တဲ့သဘာဝတရားကြီးထဲမှာကိုယ်ကအများသူငါအားကျရတဲ့ကိုယ့်ကိုကိုယ်လည်းကျေနပ်ရတဲ့အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ရင်၊နေ့ရက်တိုင်းမှာသွက်လက်ထက်မြက်တဲ့သူဖြစ်ချင်ရင်အောင်မြင်ခြင်းဆိုတဲ့လူတိုင်းသည်းခြေကြိုက်တဲ့အရာကိုထိန်းသိမ်းထားချင်ရင်ဒီနေ့တိုင်းဒီနေ့တိုင်းကိုအကောင်းဆုံးသောပြည့်စုံမှုတွေရှိအောင်ဖန်တီးထုဆစ်ပုံဖော်ဖို့လိုပါတယ်။

    တစ်နေ့တာလုံးလုပ်ခဲ့သမျှကိုယ့်အနေနဲ့နောက်ကြောင်းမလုံတာမျိုးမဖြစ်အောင်ပြည့်စုံနေဖို့လိုပါတယ်။အချိန်ရှိတဲ့အခိုက်မှာမလုပ်လိုက်မိလေခြင်းဆိုပြီးနောင်တမရရအောင်ဒီနေ့ဆိုတဲ့လက်ရှိအချိန်မှာပဲကြိုးစားမှုတွေကိုစတင်ဖို့လိုပါတယ်။ဘယ်သူပဲဖြစ်ဖြစ်ကိုယ်တိုင်ကြိုးစားမှသာကိုယ့်ဘဝမှာကိုယ်တိုင်လိပ်ပြာသန့်သန့်နောင်တကင်းကင်းရပ်တည်နိုင်မှာပါ

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Smiling is the best way to face every problem, to crush every fear, to hide every pain.

    အပြုံး။

    တကယ့်ကိုမှကိစ္စတော်တော်များများကိုဖြေရှင်းနိုင်တဲ့နည်းလမ်းတစ်ခုပါ။တစ်ယောက်နဲ့တစ်ယောက်ကြားပြဿနာတစ်ခုဖြစ်ပွားနေရင်တောင်မှတစ်ဖက်ဖက်ကသူကပြံုးပြလိုက်မယ်ဆိုရင်ရှိရင်းစွဲတက်နေတဲ့ပြဿနာတောင်အနည်းနဲ့အများတော့လျော့နည်းသွားစေနိုင်ပါတယ်။

    မသိသေးတဲ့လူတွေအချင်းချင်းကိုလည်းမိတ်ဆွေတွေဖြစ်စေနိုင်တာကအဲဒီအပြံုးပါပဲ။ယဉ်ကျေးသိမ့်မွေ့မှု၊ဖော်ရွေပျူငှာမှုကိုကိုယ်စားပြုတဲ့အပြံုးဟာလူသားဆန်ခြင်းနဲ့ချစ်ခင်ကြင်နာခြင်းကိုပါဆောင်ကြဉ်းပေးနိုင်ပါတယ်။မိတ်ဆွေဖွဲ့တဲ့နေရာမှာလည်းအပြံုးတစ်ပွင့်ကအရေးကြီးသလိုရန်သူကိုတောင်မိတ်ဆွေဖြစ်အောင်သိမ်းသွင်းနိုင်တဲ့အထိအပြံုးတစ်ပွင့်ရဲ့တန်ခိုးကကြီးမားပါတယ်။

    ကိုယ်ကကြောက်ရွံနေရင်တောင်မှအပြံုးကိုနှုတ်ခမ်းထက်မှာအသက်သွင်းလိုက်ရင်စိတ်ထဲကကြောက်ရွံ့မှုလည်းလျော့ကျနိုင်သလို၊ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုလည်းတိုးပွားစေနိုင်ပါတယ်။ဘယ်လောက်ပဲရုပ်ရည်အရအားနည်းတဲ့သူဖြစ်နေပါစေ။အပြံုးချိုချိုလေးကိုပိုင်ဆိုင်ထားနိုင်ခဲ့မယ်ဆိုရင်လူချစ်လူခင်ပြောများနိုင်ပါတယ်။

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    12 min
  • မနောမြေမှတေးသံသာ - အမွန်း

    မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ မနောမြေမှတေးသံသာအစီအစဉ် ကို စတင်နားဆင်လို့ရပါပြီနော်...

    25 min
  • ဒီနေ့အတွက်စကား

    For moments when you don’t feel like yourself. Have alone/quiet time. Breathe deeper exhale slower. Listen within. Take positive action to restore.

    ဒီနေ့အတွက်စကား

    သင့်ကိုယ်သင်သဘောမတွေ့နိုင်တဲ့အချိန်တွေမှာ တစ်ဦးတည်းတိတ်တိတ်ဆိတ်ဆိတ်နေကြည့်ပါ။ အသက်ကို တဝရှုပြီး ဖြေး ညှင်းစွာထွက်လေကိုထုတ်ပါ။ သင့်စိတ်ထဲကစကားသံကိုနားစွင့်ပါ။ အပြုသဘောဆောင်တဲ့လုပ်ဆောင်မှုတွေနဲ့ ပြန်လည်စတင် လိုက်ပါတဲ့။ဒီစကားကိုတော့ အွန်လိုင်းမှာ စိတ်ဓါတ်မြင့်တင်ရေး စာစုတွေရေးသားရင်း နာမည်ကျော်လာတဲ့ Lalah Delia ကပြောကြားထားတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေ၊ ဘေးပယောဂက ပြောတဲ့ စကားသံတွေကြောင့် မိမိကိုယ်ကို မကျေနပ်နိုင်တဲ့ သဘောမမတွေ့နိုင် တဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...