Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • မနောမြေမှတေးသံသာ - အမွန်း

    မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ မနောမြေမှတေးသံသာအစီအစဉ် ကို စတင်နားဆင်လို့ရပါပြီနော်...

    25 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Trust the timing of everything. Just because it’s not happening right now doesn’t mean it never will.

    လုပ်ကိုင်သမျှမှာအောင်မြင်မှု၊ ဖြစ်မြောက်မှု နဲ့ အကျိုးရလာဒ်မရှိလို့ စိတ်ဓါတ်ကျ အားငယ်နေတဲ့သူတွေအတွက် အားပေးထားတဲ့စကားတစ်ခွန်းပါ။ တစ်ချို့လူတွေအနေနဲ့ လုပ်ငန်းကိစ္စတွေကို ကြံစည်လုပ်ကိုင် တဲ့ အခါမှာစိုက်ထုတ်လိုက်ရတဲ့ အားနဲ့ ပြန်လည်ရရှိလိုက်တဲ့ ရလာဒ် ကတ္တားချကြည့်တဲ့အခါမှာကိုယ်အားစိုက်ထုတ်သလောက် ဖြစ်မြောက်မှုက နည်းနေတာမျိုးတွေ ကြုံတွေ့ရဘူးမှာပါ။ ကိုယ့်ဘက်ကအကောင်းဆုံးလုပ်ဆောင်ကြိုးပမ်းပေးလိုက်ပေမယ့် တစ်စုံတစ်ရာကြောင့် ရလာဒ်ကအကောင်းကနေသွေဖီသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုအဖြစ်မျိုးနဲ့ တွေ့ကြံုရသူအဖို့ စိတ်ပျက်အားငယ်မှုဖြစ်မှာအသေအချာပါပဲ။

    ကိုယ်ဒီလောက်တောင်ကြိုးစားထားရက်နဲ့ လုပ်သမျှအရာမထင်တာကိုလူတော် တော်များများခံနိုင်ရည်မရှိကြပါဘူး။ ကိုယ့်စိတ်ထဲမှာကိုယ်များညံ့လို့လားဆိုတဲ့ စိတ်ဓါတ်ကျမှုတွေ၊ မလုံမလဲဖြစ်မှုတွေ ခံစားရတတ်ပါတယ်။ ကိုယ်ဒီလောက်တောင်ကြိုးစားလာတာသဲထဲရေသွန်သလောက်တောင် အရာမထင်ဘူးဆိုတဲ့စိတ်ဟာ ကြိုးစားချင်စိတ်ကိုဟိုးအောက်ကိုဆွဲခေါ်သွားမှာပါ။ ဒါပေမယ့် ပြန်လည်စဉ်းစားတွေးခေါ်ကြည့်ပါ။ အခုလိုမအောင်မမြင် ဖြစ်ခဲ့ရတာဟာကိုယ်ညံ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လုပ်ဆောင်နေတဲ့ အချိန်ကာလအတွင်းမှာကိုယ့်အနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ တယ်ဆိုရင်တော့ ကျေနပ်နိုင်ရပါမယ်။ မအောင်မြင်ခဲ့ရင်တောင် ပေးဆပ်ခဲ့တာမှန်ကန်တယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့ အကြံုကိုရလိုက်ပါတယ်။ ဒီတစ်ခါမှားသွားရင် နောက်တစ်ခါအဲဒီလိုမမှားရအောင် သင်ခန်းစာရပါတယ်။ ဒါဟာမလုပ်မကိုင်တဲ့သူမရနိုင်တဲ့အရာပါ။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    I’d rather make a thousand mistakes trying for a better life, not to die not making any mistakes at all.

    ဘာအမှားမှမလုပ်ဘဲသေဆုံးလိုက်ရမှာထက် ပိုကောင်းတဲ့ဘဝအတွက်ကြိုးစားရင်းအမှားပေါင်းတစ်ထောင်ပြုလုပ်လိုက်ရတာကိုပိုခုံမင်ပါတယ်။အရာခပ်သိမ်းပြီးပြည့်စုံနိုင်ခြင်းမရှိတဲ့ အမှားနဲ့ မကင်းတဲ့လူသားတွေအတွက် ရည်ညွန်းပြောဆိုထားတဲ့စကားတစ်ခွန်းပါပဲ။ ဘယ်သူမှ မိဘကမွေးလိုက်တဲ့အချိန်ကတည်းကပညာတွေတတ်သိနားလည်နေတဲ့သူမရှိပါဘူး။ ဒါကြောင့် လုပ်ရင်းကိုင်ရင်းနဲ့ မှားကြမှာပါပဲ။ အမှားနဲ့ လူသားမကင်းတဲ့ လောက ကြီးမှာအမှားနဲ့နည်းအောင် မှားတဲ့အမှားကိုမှန်အောင်လုပ်လို့ပဲရပါတယ်။ အမှားနဲ့ကင်းအောင်လုပ်လို့ရနိုင်တာတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ဘာဆိုဘာမှမလုပ်တာပါပဲ။

    ဘာမှမလုပ်တဲ့အတွက် ဘဝမှာဘာမှလည်းဖြစ်လာမှာမဟုတ်ပါဘူး။ တိုးတက် လာတဲ့ကမ္ဘာကြီးမှာကိုယ်တစ်ယောက်တည်းအမှားနဲ့ကင်းဖို့ ဘာဆိုဘာမှမလုပ်ဘဲနေရင်းအသက်သာသေသွားမယ်။ ဒုံရင်းကဒုံရင်းမကလို့ ဘဝမှာ ကြီးပွားတိုးတက်ဖို့ဝေလာဝေးလို့ အနှုတ်လက္ခဏာသာ ပြပြီးရင်းပြလို့ အောင်မြင်မှုဇယားရဲ့ ဟိုးအောက် ခြေမကအဝီစိအထိရောက်နိုင်ပါတယ်။ ဒါကြောင့် နားဆင်နေကြတဲ့သောတရှင်တွေလည်းသေသေချာချာစဉ်းစားဖို့လိုပါတယ်။ ကိုယ်ကအများနဲ့ယှဉ်ရင် အောင်မြင်တိုးတက်တဲ့သူဖြစ်ချင်တာလား။ ကိုယ့်ဘဝမှာ လူအများကအားကျအတုယူရတဲ့သူဖြစ်ချင် တာလား။ အဲဒါဆိုရင်တော့ လုပ်စရာရှိတဲ့ လုပ်ငန်းကိစ္စအ၀၀ကို ရဲရဲဝံ့ဝံ့လုပ်ဆောင်ပါ။

    3 min
  • ဒီနေ့အတွက်စကား

    Don’t waste your time with explanations: people only hear what they want to hear.

    ဒီနေ့အတွက်စကား

    ကိုယ်က မရည်ရွယ် ဘဲနဲ့ လုပ်လိုက်မိတဲ့အမှားအယွင်းတစ်ခုကို ကိုယ်သိတဲ့အချိန်မှာ မှားသွားတဲ့အကြောင်း တောင်းပန်တိုင်း လည်း လူတိုင်းကတော့ လက်ခံနိုင်ကြမှာမဟုတ်ပါဘူး။ အထူးသဖြင့် ကိုယ့်အပေါ်မကောင်းမြင်နေတဲ့သူဆိုရင် ကိုယ်က ဘယ်လောက်ပဲအကောင်းလုပ် လုပ် သူ့မျက်စိထဲမှာတော့ ကိုယ်လုပ်သမျှဟာ အနှုတ်လက္ခဏာပြနေမှာပါ။ 

    ကိုယ်ပြောသမျှကိုလည်း လွယ်လင့်တကူလက်ခံနိုင် မှာမဟုတ်ပါဘူး။ ဒီလိုမျိုးအဖြစ်နဲ့ ကြုံရတဲ့အခါမှာ ငါပြောတာနားမထောင်ရ လေခြင်းဆိုပြီး စိတ်ညစ်သွားစရာမလိုပါဘူး။ သူတို့ ကိုယ်ပြောတာကို လက်မခံတာက သူတို့အပိုင်းဖြစ်သွားပါပြီ။ 

    ကိုယ်လုပ်လိုက်တဲ့လုပ်ရပ်မှာ စေတနာအမှားလေး ပါသွားခဲ့တယ်။ မရည်ရွယ်ပဲအမှားဖြစ်သွားခဲ့ရိုး အမှန်ဆိုရင် ကိုယ့်လိပ်ပြာ ကိုယ်သန့်သန့်နဲ့ နေထိုင်လိုက်ပါ။ သူတို့က ကိုယ်ရှင်းပြတာကို နားမထောင်ရင်လည်း နေပါစေလို့ပဲ မှတ်ယူလိုက်ပါ။ 

    လိုက်လံဖြေရှင်းနေမယ်ဆိုရင်လည်း အကျိုးထူးမှာမဟုတ်ပါဘူး။ အဓိကက ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ရဲ့ရုန်းကန်မှုတစ်ခု၊ ကိုယ့်ရဲ့ကြိုးစားမှုတစ်ခု၊ မှားသွားခဲ့ရင်တောင် ကိုယ်ထိုက်နဲ့ ကိုယ့်ကံ ကိုယ်တိုင်ခါးစီးခံလိုက်တာက အကောင်းဆုံးပါပဲ။

    3 min
  • ဒီနေ့အတွက်စကား

    Some people dream of success, while others wake up and work hard for it.

    လူသားတိုင်းလူသားတိုင်းအောင်မြင်မှုဆိုတာကိုလိုချင်ကြပါတယ်။ မက်မောတပ်မက်ကြပါတယ်။ ဒါပေမယ့် လူတိုင်းမအောင်မြင်ကြပါဘူး။ အဲဒါဘာလို့ပါလဲ။

    သာတူညီမျှအောင်မြင်ချင်ပေမယ့် ကြိုးစားအားထုတ်မှုအပိုင်းမှာသာတူညီမျှ မကြိုးစားကြပါဘူး။ စိတ်ကူးထဲမှာသန်းကြွယ် သူဌေးကြီးဖြစ်ချင်တဲ့သူက ဖြစ်ချင်တဲ့အချိန်ကတည်းကပိုက်ဆံကို ကြိုးစားရှာရပါမယ်။ ရသမျှကို ခြစ်ချုပ်ပြီးစုရပါမယ်။ ဗလဗွာသုံးလို့မရပါဘူး။စိတ်ကူးထဲမှာအောင်မြင်တဲ့ သိပ္ပံပညာရှင် တစ်ယောက်ဖြစ်ချင်ရင် သိပ္ပံပညာနဲ့ ပတ်သက်ပြီးအခြေခံကနေစပြီးတော့ လေ့လာရပါမယ်။ အချိန်ရှိသလောက် တတ်ကျွမ်းချင်တဲ့ ပညာတွေကိုတစိုက်မတ်မတ် ကြိုးစားသင်ယူရပါမယ်။ သင်ယူပြီးသားပညာရပ်တွေကိုထပ်ခါတလဲလဲလေ့ကျင့်မှတ် သားဖို့ လိုပါတယ်။ အဲဒီအတွက် အားစိုက်ထုတ်မှုတွေ၊ အချိန်တွေလိုပါတယ်။

    ကျော်ကြားတဲ့ အနုပညာရှင်ဖြစ်ချင်ရင်လည်းဒီအတိုင်းဖြစ်လာမှာမဟုတ်ပါဘူး။ အနုပညာနဲ့ ပတ်သက်တဲ့ အရာတွေကိုသင်ယူရပါမယ်။ သရုပ်ဆောင်ဖြစ်ချင်တဲ့သူကသရုပ်ဆောင်ပညာ၊ အဆိုတော်ဖြစ်ချင်တဲ့သူကအဆိုပညာနဲ့ ပတ်သက်တဲ့အရာတွေကိုအချိန်ယူလေ့လာရမှာပါ။ သတိတစ်ခုထားဖို့ကလောကမှာဘယ်အရာကိုမှ အလကားရမှာမဟုတ်ဘူးဆိုတာရယ် တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုတာကိုပါ။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...