Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    You don’t have to defend or explain your decisions to anyone. It’s your life. Live it without apologies.

    ဒီနေ့အတွက်စကား

    ကျွန်တော်တို့တွေအနေနဲ့ မိတ်သင်္ဂဟပေါများခြင်းဆိုတာကောင်းမွန်တဲ့ မင်္ဂလာတစ်ပါးလို့မှတ်ယူထားကြတဲ့အတွက် လူချစ် လူခင်ပေါများမှု၊ ကိုယ့်မှာချစ်သူခင်သူများပြားမှုကိုလိုချင်ကြပါတယ်။

    ဒီလိုနဲ့ အောက်ကျို့ပေါင်းသင်းတာမျိုး၊ အကြိုက်ဆောင် လိုက်ပြီးပေါင်းသင်းတာမျိုးလည်းဖြစ်တတ်သလိုအဲဒီတခြားသောသူတွေရဲ့စကားတွေကိုနားယောင်ပြီးကိုယ်လုပ်ရမယ့် အလုပ်တွေကိုမလုပ်တော့တာ၊ ဒါမှမဟုတ် ကိုယ်လုပ်တာတွေ မှားများမှားသွားလားဆိုပြီး သံသယဝင်တာမျိုးတွေဖြစ်တတ်ပါတယ်။

    ကိုယ့်အနေနဲ့ ကိုယ့်ရဲ့ ကြိုးစားမှု၊ လုပ်ဆောင်မှု၊ ဆောင်ရွက်ချက်တွေရဲ့ အကျိုးဆက် ကောင်းခြင်းဆိုးခြင်းကိုကိုယ်တိုင်ပဲခံစားစရာရှိရင်ခံစားရမယ်။ စံစားစရာရှိရင်စံစားရမှာပါ။ ကိုယ်ကဆုံးဖြတ်ပြီးသားလုပ်ဆောင်ပြီးသားအရာတွေကိုမလုပ်ခင်ကတည်းကလည်းကိုယ်ပိုင် အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ရမှာပါ။

    ကိုယ်တိုင်ကကောင်းမယ်ထင်လို့ လုပ်ပြီးတဲ့အရာတွေ အဆိုးတွေဖြစ်လာခဲ့ရင်လည်းကိုယ့်ဘာသာကိုယ်ပဲဖြေရှင်းရမှာပါ။ ကိုယ့်ဆုံးဖြတ်ချက်ကမှားတယ်ဆိုရင်တောင် ကိုယ့်ဘာသာကိုယ်ပဲအမှားကိုအမှန်ပြင်ရမှာပါ။ တခြားသူတွေကိုဂရုတစိုက် လုပ်ပြီးလုပ်ပြီးခုခံခြေပပြောနေစရာ၊ ဖြေရှင်းနေစရာမလိုပါဘူး။

    3 min
  • ဒီနေ့အတွက်စကား

    It’s fine to celebrate but it is more important to heed the lessons of failure.

    အောင်မြင်မှုနဲ့ ရှုံးနိမ့်မှု

    လောကမှာ အောင်မြင်မှုဆိုတာ လူတိုင်းလူတိုင်းသာယာယစ်မူးပြီး ခုန်မင်တပ်မက်ကြပါတယ်။ အောင်မြင်မှုတွေရအောင်လည်း ကြိုးစားကြမှာပါ။ မအောင်မြင်ခင်စပ်ကြားမှာလည်း ခက်ခဲတဲ့အခြေအနေအတားအဆီးတွေ စိန်ခေါ်မှု တွေ၊ ရှုံးနိမ့်ခြင်းတွေ ကိုလည်း ဖြတ်ကျော်နိုင်တဲ့အထိ ကြိုးပမ်းရမှာပါ။

    အောင်မြင်အောင် ကျားကုတ်ကျားခဲကြိုးစား ထားခဲ့သမျှ က အောင်မြင်သွားတဲ့အခါမှာ ငါဟဲ့ဆိုတဲ့ စိတ်နဲ့ဖြတ်ကျော်ခဲ့ရတဲ့ အခက်အခဲတွေကိုမေ့မေ့ပျောက်ပျောက် ထားတတ်ကြပါတယ်။

    တစ်ချို့ကတော့ အောင်မြင်မှုအရှိန်မှာ ပျော်ဝင်စီးဆင်းပြီး ကိုယ်ဘယ်လိုကျော်ဖြတ်ခဲ့ရသလဲဆိုတာတွေကို သတိမမူမိတတ် ကြပါ ဘူး။ ကိုယ်ပေးဆပ်လိုက်ရတဲ့ စဉ်းစားဉာဏ်တွေ၊ စိုက်ထုတ်ကြိုးစားခဲ့ရတဲ့ ကာယာအားတွေ၊ ကုန်လွန်သွားတဲ့ အချိန် တွေကို သတိမရဘဲ အပျော်ကြီးပျော်တဲ့စိတ်က ဖုံးလွှမ်းသွားတတ်ပါတယ်။

    ငါအောင်မြင်နေပြီလို့ တွေးမိတဲ့နေ့ဟာ ကျဆုံးမှုတွေရဲ့ အစပါပဲ။ ဘာလို့လည်းဆိုတော့ ကိုယ့်ကိုကိုယ်အောင်မြင်ပြီလို့ သတ်မှတ်လိုက်တဲ့နေ့က ကျဆုံးခြင်းရဲ့ လမ်းစကို ကိုယ်စလျှောက်တဲ့နေ့ပါပဲ။

    တကယ်တော့ အောင်မြင်မှုဆိုတာ အဆုံးမသတ်နိုင်တဲ့ အဆုံးမရှိတဲ့ လှေကားထစ်တွေကို တက်နေရသလိုပါပဲ။

    3 min
  • ဒီနေ့အတွက်စကား

    You see a person’s true colors when you are no longer beneficial to their life.

    ကျွန်တော် တု့ိနေ့စဉ်ဖြတ်သန်းနေရတဲ့လူ့လောကကြီးထဲမှာကိုယ့်အတွက် မိတ်ဆွေကောင်းမိတ်ဆွေစစ်တွေလည်းရှိနိုင်သလိုကိုယ့်အနားမှာသူတို့လိုဘအတွက် သူတို့ကောင်းကျိုးအတွက်သာရှိနေမယ့်သူတွေ၊ ကိုယ့်အမှားကိုစောင့်နေမယ့် မိတ်ဆွေ ယောင်ဆောင် အတုအယောင်လူတွေလည်းရှိကြမှာပါ။

    အမျိုးမျိုးသောစိတ်အထွေထွေရှိတဲ့လူတွေနဲ့ တွေ့ကြုံဆက်ဆံရတဲ့အခါမှာဘယ်လိုအချိန်မျိုးမှာသူတို့ရဲ့စိတ်ရင်းအမှန်တွေ ကိုသိမြင်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာကိစ္စရပ်တစ်ခုလည်းဖြစ်ပါတယ်။ တစ်ခါတစ်လေမှာသူတို့ရဲ့အကျိုးကိုလိုလားနေလို့သာကိုယ့်ရဲ့အနားမှာရှိနေနိုင်ပေမယ့် ကိုယ်ကသူတို့အတွက် အသုံးမဝင်တော့တဲ့ သူတို့အကျိုးတွေ သူတို့ရဲ့ရယူလိုစိတ် တွေကိုအပြည့်အ၀ မဖြည့်စည်းပေးနိုင်တော့တဲ့အခါမှာကိုယ့်ကိုသူတို့ရဲ့ ဆက်ဆံပုံတွေကပြောင်းလဲသွားနိုင်ပါတယ်။

    အရင်အချိန်တုန်းကချိုသာပျုငှာတဲ့ဆက်ဆံမှုမျိုးတွေကိုလည်းရချင်မှရနိုင်တော့မှာပါ။ ပုံစံတွေပြောင်းလဲပြီးအချိုးအကွေ့တစ်ခုလိုမျိုးခံစားမှုတွေကိုကိုယ့်အနေနဲ့ ခံစားလိုက်ရခြင်းဟာသူတို့ရဲ့ စိတ်ရင်းအမှန်ကိုကိုယ်တွေ့သိမြင်လိုက်ရခြင်းပါပဲ။

    ကိုယ်ကသူ့အကျိုးကို ပြုလုပ်ဆောင်ရွက်ပေးနိုင်တဲ့အချိန်တုန်းကသကာလောင်းထားသလိုချိုသာတဲ့ အပြောအဆိုမျိုးတွေကလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားမှာပါ။ အဲဒီလူမျိုးတွေကကိုယ့်အတွက် မိတ်ဆွေအတုတွေဆိုတာကိုသိထားဖို့ လိုပါတယ်။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...