
Sign up to save your podcasts
Or


လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
A satisfied life is better than a successful life. Because our success is measured by others. But our satisfaction is measured by our own soul, mind and heart.
ဒီနေ့အတွက်စကား
ကိုယ့်ကိုကိုယ်စိတ်ကျေနပ်နိုင်တဲ့ဘဝက အောင်မြင်တဲ့ဘဝထက်ပိုပြီးကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အောင်မြင် ခြင်းဆိုတာကိုတခြားသူတွေကတိုင်းတာသတ်မှတ်တာဖြစ်ပြီးစိတ်ကျေနပ်နိုင်မှုကတော့ ကိုယ့်စိတ်၊ ကိုယ့်အတွေး၊ ကိုယ့်နှလုံးသားနဲ့ သတ်မှတ်တာ ဖြစ်လို့ပါ။လောကမှာရှင်သန်နေထိုင်ရင်း ဘဝအတွက်ရုန်းကန်လှုပ်ရှားနေကြတဲ့ သက်ရှိလူသားတွေအနေနဲ့ အောင်မြင်ခြင်းဆိုတာကိုမက်မောတွယ် တာပြီး ကြိုးစားနေကြပါတယ်။ ကိုယ်လိုချင်တဲ့အရာတစ်ခုကိုရလာအောင် ခဲရာခဲဆစ်ပဲဖြစ်နေပါစေ။ ကြိုးစားတတ်ကြ ပါတယ်။ ဒါ ပေမယ့် ကိုယ်လိုချင်တဲ့အောင်မြင်မှုတစ်ခုကိုယ်သတ်မှတ်ထားတဲ့ target တစ်ခုကိုရပြီရောက်ပြီဆိုရင်လည်းနောက်ထပ်သောအောင်မြင်မှုတွေ၊ ရုပ်ဝတ္ထုအရာပစ္စည်းတွေ၊ တပ်မက်စရာဥစ္စာဓနတွေ၊ နောက်ထပ်နောက်ထပ် targetတွေကထပ်ကာတလဲလဲပေါ်ပေါက်လာတတ်ပါတယ်။
ဒီလိုနဲ့ မဆုံးတဲ့သံသရာမှာကိုယ်အသက်ရှင်နေသေးသရွေ့ ကြိုးစားနေကြရပါ တယ်။ ဘဝပင်လယ် မှာလူးကာလွန့်ကာနဲ့ ကူးခတ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ခေတ်ကာလကြီးကပြောင်းလဲလာတာနဲ့ အမျှ အရာတိုင်းကဆင့်ကဲတိုးတက်လာသလိုလူတွေရဲ့ လိုအပ်ချက်တွေကလည်းများသထက်များလာပါတယ်။ အဲဒီလိုအပ်ချက် တွေနောက်ကိုတကောက်ကောက်လိုက်ရင်းနဲ့ လူတွေမှာ လောဘတွေဝင်လာတယ်။ ဒေါသတွေကြီးလာတယ်။ မောဟတွေများလာတတ်ပါ တယ်။ ဒီလိုနဲ့ပဲအောင်မြင်မှုနောက်ကိုထပ်ကြပ်မခွာလိုက်ရင်းလိုအပ်ချက်တွေအတွက် ကြိုးစားဖြည့်တင်းရုန်းကန် ရင်းတခြားသောအမိုက်မှောင်တွေကကိုယ့်ရဲ့နဂိုမူလစိတ်ရင်းကိုဖုံးသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။
The one who falls and gets up is so much stronger than the one who never fell.
လောကမှာတွေ့ကြုံရတဲ့ပြိုင်ပွဲတွေကိုယှဉ်ပြိုင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ စာမေးပွဲတစ်ခုကိုဖြေဆိုတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ အခက်အခဲတိုက်ပွဲတွေကိုရင်ဆိုင်တဲ့အခါမှာပဲဖြစ်ဖြစ် ရလာဒ်ကတော့ အနိုင်နဲ့အရှုံးနှစ်ခုပဲရှိပါတယ်။ မပြိုင်ခင်အချိန်မှာဘယ်လိုပဲ ကိုယ့်ဘက်ကနေရေကုန်ရေခမ်းကြိုးစားကြိုးစားရလာဒ်တိုင်းကတော့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ အနိုင်နဲ့အရှုံးနှစ်ခုထဲကတစ်ခုကိုရွေးဆိုရင် လူတိုင်းကတော့ အနိုင်ကိုပဲလိုချင်ကြမှာပါ။ ဒါပေမယ့် လူတိုင်းအနိုင်ရဖို့ဆိုတာက တော့ မလွယ်ကူလှပါဘူး။
ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...
A journey of a thousand miles must begin with a single step.
ဒီနေ့အတွက်စကားကိုတော့ ၁၉ရာစုရဲ့ ရှေးဟောင်းတရုတ်တွေးခေါ်ပညာရှင်၊ စာရေး ဆရာ Lao Tzu က ပြောကြားထားတာဖြစ်ပါတယ်။ ဒီစကားကတော့ ဘဝရဲ့ခရီးပေါင်းများစွာကို လျှောက်လှမ်းနေကြတဲ့ လူသား တွေအတွက် အသိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဘယ်ကိစ္စကိုပဲလုပ်ဆောင်လုပ်ဆောင် ကျွန်တော်တို့တတွေ ပထမဆုံး လုပ်ဆောင်မှုတစ်ခုနဲ့ပဲစတင်ရပါတယ်။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေအရာအားလုံးမူလပထမ လုပ်ဆောင်မှုတစ်ခု၊ ခြေလှမ်းတစ်ခုကနေပဲစတင်ခဲ့ကြတာချည်းပါပဲ။
အဲဒီပထမခြေလှမ်းကပဲအောင်မြင်မှုတွေဆီကို ကျွန်တော်တို့ကိုအရောက် ခေါ်ဆောင်လို့သွားတာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်က ဘယ်လောက်ဝေးနေပါစေ။ စတင်ခြင်းခြေလှမ်း တစ်ခုကသာအရေးကြီးတဲ့အရာပါ။ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် စတောင်မစရသေးခင်ကြောက်လန့်နေမယ်ဆိုရင် လူ့ဘဝမှာ အခါခါ ရှုံးနိမ့်နေမှာပါ။ လူညံ့တစ်ယောက်ပဲဖြစ်နေတော့မှာပါ။ ကိုယ်လိုချင်တဲ့ အောင်မြင်ခြင်းဆိုတာဘယ်ဆီမှာမှန်းမသိရင်တောင်မှ မိမိကိုယ်ကိုအောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်ခြင်းစိတ်တစ်ခုတည်းနဲ့ ပထမဆုံးခြေလှမ်းတွေကိုအောင်မြင်တဲ့သူတိုင်းလှမ်းခဲ့ကြပါ တယ်။ ခက်ခဲရင်လည်းခက်ခဲမယ်။ ကံကောင်းချင်လည်းကောင်းမယ်။ ရှေ့မှာဘာတွေ ဘယ်လိုဆီးကြိုနေမယ်ဆိုတာမသိမမြင် ဘဲနဲ့ ပထမဆုံးခြေလှမ်းတွေနဲ့ အောင်မြင်ခြင်းဆီကိုချီတက်ခဲ့ကြပါတယ်။
နိုင်ငံတကာသတင်းသုံးသပ်ချက်
ပတ္တမြား FM ပရိသတ်များအားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
From the publisher's feed
Wherever you go PadamyarFM will be there with you...