
Sign up to save your podcasts
Or


Success is not the key to happiness. Happiness is the key to success. If you love what you are doing, you will be successful.
ဒီနေ့အတွက်စကား
လောကမှာရှိတဲ့ လူသားတိုင်းဘာကိုလိုချင်သလဲလို့မေးရင် အောင်မြင်မှုဆိုတာကိုဖြေကြပါတယ်။ အောင်မြင်မှုကိုရဖို့အတွက်လည်းကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားရှာဖွေနေကြတာပါပဲ။ ဒါပေမယ့် တချို့သောသူတွေကကိုယ်ကြိုးစားသလောက် ရလာတဲ့ရလာဒ်ကအချိုး မညီမျှတဲ့အခါမှာစိတ်ပျက်အားငယ်တတ်ကြပါတယ်။ ဒီလိုနဲ့ပဲအားလျော့ပြီးဆက်မလုပ်ဘဲဆက်မကြိုးစားတော့ပဲလမ်းခုလတ်မှာ တင်ရပ်လို့ ဘဝကိုလွယ်လွယ်နဲ့အရှုံးပေးပြီး ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းနဲ့ ဝေးရာကို ရောက်သွားတတ်ကြပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ အဲဒီလူတွေကအောင်မြင်ခြင်းဆိုတာကိုရမှ ပျော်ရွှင်ခြင်းကိုရလိမ့်မယ်လို့ ခံယူထားလို့ပါပဲ။
တကယ်တော့ လောကမှာအဓိကကျတာကတော့ ကိုယ့်ဘဝနဲ့ကိုယ့်ရဲ့ရရှိရောက်ရှိနေတဲ့အခြေအနေအမှန်ကိုကိုယ်တိုင်ကျေနပ်ခုံမင်နေဖို့ပါပဲ။ ကိုယ့်ဘဝအတွက်ကိုယ့်ရဲ့လုပ်ဆောင်မှုတွေအတွက် ကျေနပ်နေနိုင်မှုကလည်းလောဘ၊ဒေါသ၊ မောဟအပူမီးတွေကနေ ကင်းလွတ်စေမယ့်နည်းတစ်ခုပါ။ ဒီလိုနဲ့ပဲကိုယ့်ရဲ့လုပ်ဆောင်မှုတွေကိုကိုယ်တိုင်စိတ်တိုင်းကျ ပျော်ရွှင်နေရင်းနဲ့ အောင်မြင်ခြင်း ဆိုတာကိုပါ ပူးတွဲလို့ခံစားရလာပါလိမ့်မယ်။ ဒါပေမယ့် တချို့ကတော့ ကိုယ့်လက်ရှိဘဝမှာပဲ ပျော်ရွှင်သာယာပြီးပိုပြီး ကောင်းမွန် အောင် တိုးတက်အောင် မစွမ်းဆောင်နိုင်ရင် ဘယ်လိုလုပ်မှာလဲဆိုတဲ့အချက်ကိုထောက်ပြကောင်းထောက်ပြကြပါလိမ့်မယ်။ မိမိကိုယ်ကိုကျေနပ်ခုံမင်နိုင်ခြင်းဟာစွမ်းဆောင်ရည်နိမ့်ကျခြင်းနဲ့ မသက်ဆိုင်ပါ ဘူး။
It’s better to have an enemy who honestly says they hate you than to have a friend who’s putting you down secretly.
ဒီနေ့အတွက်စကား
ပေါင်းသင်းဆက်ဆံရေးနဲ့ ဆက်နွယ်နေတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လောကရဲ့ ခက်ခဲနက်နဲလှတဲ့ ပဟေဋိဆန်ဆန်ကိစ္စရပ် တွေထဲမှာပေါင်းသင်းဆက်ဆံရေးဆိုတာကလည်းထိပ်တန်းကနေ ရပ်တည်ပါဝင်နေပါတယ်။ အဲဒီလိုရှုပ်ထွေးတဲ့ပေါင်းသင်းဆက်ဆံရေးမှာလူသားတိုင်းနဲ့ အချိန် ပြည့်အဆင်ပြေချောမွေ့တဲ့ ချစ်ခင်တဲ့ဆက်ဆံရေးမျိုးဆိုတာကောက်ရိုးပုံထဲမှာအပ်ပျောက်ရှာရသလိုမျိုးခဲယဉ်းလွန်းလှပါတယ်။ ကိုယ့်အတွက် မိတ်ဆွေဆိုတဲ့သူတွေနဲ့ ထာဝရချစ်ခင်ရင်းနှီးနေနိုင်ဖို့အတွက်ဆိုရင်လည်းလိုအပ်ချက်တွေ ပေးဆပ်စရာကိစ္စရပ် တွေကအများကြီးရှိလို့နေပါတယ်။
လူ့လောကမှာတော့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းနဲ့မိတ်ဆွေသင်္ဂဟပေါများခြင်းဆိုတာကိုမင်္ဂလာတစ်ပါးလို့ သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ပေါင်းနေသင်းနေတဲ့သူတွေ အကုန်လုံးကတော့ ကိုယ့် အတွက် စစ်မှန်တဲ့ အပေါင်းအသင်းတွေဖြစ်နေနိုင်ဖို့ဆိုတာကတော့ သိပ်ကိုမှခက်ခဲသွားပါပြီ။ အမြှီးကျက်ရင်အမြှီးစားဖို့ အဆင်သင့်ဖြစ်နေကြတဲ့ ဒီနေ့ခေတ်လိုအချိန်ကာလမှာထာဝရမိတ်ဆွေကောင်းဆိုတာ ရှားပါးကုန်ပစ္စည်း ဖြစ်နေပါပြီ။ အထူးသဖြင့်တော့ ကိုယ့်အတွက် ကိုပဲအလေးထားတတ်လာကြတဲ့အခါမှာကိုယ့်အတွက်ကိုယ် အဓိက ကြည့်ရင်းနဲ့ တခြားသူတွေအတွက် ထည့်သွင်းစဉ်းစားတတ် တဲ့စိတ်တွေကနည်းပါးလာပြီးသူတပါးကိုချနင်းရင် ကိုယ့်အတွက်အောင်မြင် နိုင်တယ်ဆိုလို့ကတော့ ချနင်းဖို့ရယ်ဒီစောင့်ဆိုင်းနေတဲ့သူတွေလည်းရှိမှာပါ။ ဒါကြောင့် အပေါင်းအသင်းပေါင်းတဲ့အခါမှာအထူးသတိထားဖို့လိုပါတယ်။
It’s better to have an enemy who honestly says they hate you than to have a friend who’s putting you down secretly.ပေါင်းသင်းဆက်ဆံရေးနဲ့ ဆက်နွယ်နေတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လောကရဲ့ ခက်ခဲနက်နဲလှတဲ့ ပဟေဋိဆန်ဆန်ကိစ္စရပ် တွေထဲမှာပေါင်းသင်းဆက်ဆံရေးဆိုတာ ကလည်းထိပ်တန်းကနေ ရပ်တည်ပါဝင်နေပါတယ်။ အဲဒီလို ရှုပ်ထွေးတဲ့ ပေါင်းသင်းဆက်ဆံရေးမှာလူသားတိုင်းနဲ့ အချိန် ပြည့်အဆင်ပြေချောမွေ့တဲ့ ချစ်ခင်တဲ့ဆက်ဆံရေးမျိုးဆိုတာကောက်ရိုးပုံထဲမှာအပ်ပျောက် ရှာရသ လိုမျိုးခဲယဉ်းလွန်း လှပါတယ်။ ကိုယ့်အတွက် မိတ်ဆွေဆိုတဲ့သူတွေနဲ့ ထာဝရချစ်ခင်ရင်းနှီးနေနိုင်ဖို့အတွက်ဆိုရင်လည်းလိုအပ်ချက်တွေ ပေးဆပ်စရာကိစ္စရပ် တွေကအများကြီးရှိလို့နေပါတယ်။
လူ့လောကမှာတော့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းနဲ့ မိတ်ဆွေသင်္ဂဟ ပေါများခြင်းဆိုတာကိုမင်္ဂလာတစ်ပါးလို့ သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ပေါင်းနေသင်းနေတဲ့သူတွေ အကုန်လုံးကတော့ ကိုယ့် အတွက် စစ်မှန်တဲ့ အပေါင်းအသင်းတွေဖြစ်နေနိုင်ဖို့ဆိုတာကတော့ သိပ်ကိုမှခက်ခဲသွားပါပြီ။ အမြှီးကျက်ရင်အမြှီးစားဖို့ အဆင်သင့်ဖြစ်နေကြတဲ့ ဒီနေ့ခေတ်လို အချိန်ကာလမှာထာဝရမိတ်ဆွေကောင်းဆိုတာ ရှားပါးကုန်ပစ္စည်း ဖြစ်နေပါပြီ။ အထူးသဖြင့်တော့ ကိုယ့်အတွက်ကိုပဲအလေးထားတတ်လာကြတဲ့အခါမှာကိုယ့်အတွက်ကိုယ် အဓိက ကြည့်ရင်းနဲ့ တခြားသူတွေအတွက် ထည့်သွင်းစဉ်းစားတတ် တဲ့စိတ်တွေက နည်းပါးလာပြီးသူတပါးကိုချနင်းရင် ကိုယ့်အတွက်အောင်မြင် နိုင်တယ်ဆိုလို့ကတော့ ချနင်းဖို့ရယ်ဒီစောင့်ဆိုင်းနေတဲ့သူတွေလည်းရှိမှာပါ။ ဒါကြောင့် အပေါင်းအသင်းပေါင်းတဲ့အခါမှာအထူးသတိထားဖို့လိုပါတယ်။
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
You can’t be strong all the time. Sometimes you just need to be alone and let your tears flow.
ဒီနေ့အတွက်စကား
သင့်အနေနဲ့အချိန်တိုင်းသန်မာကြံ့ခိုင်မနေနိုင်ပါဘူး။တစ်ခါတစ်လေတော့လည်းသင်တစ်ယောက်တည်းနေရင်းမျက်ရည်တွေကို လွတ်လွတ်လပ်လပ်စီးဆင်းခွင့်ပြုဖို့လိုပါတယ်လို့ ဒီနေ့အတွက်စကားရဲ့ ဆိုလိုရင်းကရှိပါတယ်။ ဒီစကားကတော့လူရှေ့သူရှေ့မှာအတွင်းစိတ်ဓါတ်ခိုင်မာဟန်ဆောင်နေရတဲ့သူတွေအနေနဲ့ တစ်ချိန်ချိန်မှာတော့ စိတ်ရဲ့ထွက်ပေါက်ဆိုတာလိုအပ်တယ်ဆိုတာကိုပြောပြနေတာပါ။ ကျွန်တော်တို့တတွေရဲ့ လူသားဘဝမှာနေ့စဉ်နဲ့အမျှ တွေ့ကြုံနေရတဲ့အဖြစ်အပျက်တွေ၊ နာရီနဲ့အမျှရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ ဖြတ်သန်းနေရတဲ့ အခက်အခဲတွေကြားမှာအမောကြီးမောလို့နေရပေမယ့် အများသူငါရှေ့မှာတော့ ဝမ်းနည်းပူဆွေးမှုကိုထုတ်ဖော်ပြလို့မရတဲ့ အဖြစ်မျိုးတွေလည်း ကြုံတွေ့ခဲ့ရဖူးမှာပါ။
အတွင်းစိတ်မှာသေလောက်အောင်ညစ်နွမ်းနေပေမယ့် ဟန်ဆောင်ပြီး ပြုံးခဲ့ရတဲ့ အသက်မဲ့အပြုံးတွေလည်း ဘဝတစ်လျှောက်မှာတစ်ကွေ့မဟုတ်တစ်ကွေ့တော့ ပြုံးခဲ့ဖူးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာလူသားတွေပါ။ စိတ်ခံစားမှုအမြင့်ဆုံးသောသက်ရှိတွေပါ။ ပျော်တတ်တယ်။ ကြည်နူးတတ်တယ်။ နာကျည်းတတ် တယ်။ ဝမ်းနည်းတတ်တယ်။ ပေါက်ကွဲတတ်တယ်။ ဒါပေမယ့် လူရှေ့သူရှေ့မှာလူယဉ်ကျေးတစ်ယောက်ရဲ့ ဝိသေသလက္ခဏာ အဖြစ် လူမှုရေးအရအဖြစ် မချစ်သော်လည်းအောင့်ကာနမ်းခဲ့ရတဲ့ အခိုက်အတန့်တွေ၊ ပြောချင်ပေမယ့် လည်ပင်းကနေထွက်မလာပဲတံတွေးနဲ့အတူ ပြန်လည်လို့မြိုချလိုက်ရတဲ့ မချိတင်ကဲစကားတွေလည်းရှိတတ်ပါတယ်။ ဒါကြောင့် စိတ်ထွက်ပေါက်အဖြစ်နဲ့ အပန်းဖြေမှုတွေကိုလုပ်ပေးသင့်ပါတယ်။
You can’t be strong all the time. Sometimes you just need to be alone and let your tears flow.
When you have money in your hand, only you forget who you are. But when you do not have any money in your hand, the whole world forget who you are. It’s life.
Microsoft လုပ်ငန်းစုကြီးရဲ့ ပဲ့ကိုင်ရှင် အမေရိကန်သူဌေးကြီး Bill Gateပြောကြားခဲ့တဲ့ဒီစကားထဲကအတိုင်းပါပဲ။ ကျွန်တော်တို့ တတွေလက်ထဲမှာငွေရှိတဲ့ရက်တွေမှာကိုယ့်ကိုကိုယ်မေ့နေတတ်ပါတယ်။ အထူးသဖြင့် ငွေမရှိခဲ့တဲ့နေ့တွေမှာကိုယ်ဘယ်လို နေခဲ့သလဲဆိုတာကိုမေ့ပြီးငွေရတာနဲ့ သုံးချင်တဲ့စိတ်တွေ၊ စားချင်ဝယ်ချင်တဲ့စိတ်တွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် လစာ ထုတ်ရက်မရောက်ခင်တစ်ပတ်လောက်အလိုမှာဆိုရင် တော်တော်များများက ငြီးငြူကျ၊ ဘာဆိုဘာမှမဝယ်ရဲမစားချင်တွေ ဖြစ်တတ်ပါတယ်။ တစ်ခုခုဝယ်ရမယ်ဆိုရင်တောင်မှ အဲဒီပစ္စည်းကဘယ်လောက် အရေးကြီးလို့လဲ။ တကယ်လိုအပ်ရဲ့လားလို့ သေသေချာချာတွေးတောပြီးမဖြစ်မနေဆိုမှ လက်ကျန်ပိုက်ဆံကိုချင့်ချိန်လို့ ဝယ်တတ်ကြပါတယ်။
တကယ်လို့ ပေးဒေးရောက်လို့ လက်ထဲကိုပိုက်ဆံရောက်တဲ့အချိန်မှာတော့ အရင်ရက်ကမစားခဲ့ မသုံးခဲ့ရသမျှကိုအတိုးချလို့ စားချင်တာတွေဝယ်စား၊ သုံးချင်တာတွေ ဝယ်သုံးတတ်ကြပါတယ်။ အရင်ရက်တွေကိုမေ့လိုက်သလိုမျိုးအရင်မသုံးစွဲခဲ့ရတဲ့ရက် တွေကငုံသျှိုးထားတဲ့ စိတ်တွေဟာကိုယ့်လက်ထဲပိုက်ဆံရောက်လာတာနဲ့ ဘာရယ်မဟုတ် ဝယ်ဖြစ်သုံးဖြစ်သွားတတ်ကြပါတယ်။ ဒါကတော့ ဖြစ်လေ့ ဖြစ်ထရှိတဲ့အလေ့အထတစ်ခုပါ။
ဒီနေ့အတွက်စကား
The best revenge is always to just happily move on and let karma do the rest.
လောကမှာရှင်သန်နေထိုင်ကြတဲ့ ကျွန်တော်တို့လူသားတွေအတွက် ပေါင်းသင်းဆက်ဆံရေးဆိုတာ ရှေ့တန်းကအရေးပါတဲ့ အချင်းအရာတစ်ခုပါ။ အဲဒီပေါင်းသင်းဆက်ဆံရေးမှာကိုယ့်အပေါ် ကောင်းမွန်တဲ့စိတ်ထားနဲ့ ကောင်းရာမွန်ရာဖြစ်အောင် ပေါင်းသင်းဆက်ဆံတတ်တဲ့သူတွေနဲ့လည်း ကြုံတွေ့ရသလိုကိုယ့်ကိုမုန်းတီးနေတဲ့ ကိုယ့်အပေါ် မကောင်း ကြံတတ်တဲ့သူတွေနဲ့လည်း ကြုံဆုံရမှာပါ။ ဒီလိုပါပဲကိုယ့်ရှေ့မှာတော့ ကောင်းချင်ယောင်ဆောင်ပြီးကိုယ့်နောက်ကွယ်မှာကျမှ မကောင်းကြောင်းပြောတတ်တဲ့ မကောင်းလုပ်တတ်တဲ့ မိတ်ဆွေတုတွေလည်းရှိတတ်ပါတယ်။
တစ်ခါတစ်လေမှာကိုယ့်ကို အဆိုးဝါးဆုံးသော ဒုက္ခတွေပေးသွားတဲ့သူ၊ ကိုယ့်ကိုအကောက်ကြံလို့ သူတု့ိကောင်းရာ ကောင်းကျိုး ကိုရှာဖွေသွားတဲ့သူတွေနဲ့ ကြုံတွေ့လိုက်ရတဲ့အခါမှာပုတုဇဉ်လူသားတွေအနေနဲ့ စိတ်ထဲမှာဒေါသတွေထိန်းမရဖြစ် ဗျာပါဒတွေ ဖိစီးလို့ ပြန်လည်လို့ ကလဲ့စားပြန်ချေချင် လက်တုန့်ပြန်အနိုင်ယူချင်တဲ့ စိတ်တွေက ဖြစ်တတ်ကြပါတယ်။ တကယ်တော့ အဲဒီလို စိတ်တွေက ကိုယ့်ရဲ့ဖြူစင်တဲ့ အတွင်းဓါတ်ကိုညစ်နွမ်းစေတတ်တဲ့အပူမီးတွေပါ။ ဒါပေမယ့် ပုတုဇဉ်လူသားဖြစ်နေသေးသရွေ့ တော့ မုန်းတီးတတ်ချစ်ခင်တတ်တဲ့စိတ်တွေနဲ့ပဲအမြဲလည်ပတ်ရပ်တည်နေရမှာပါ။ ဒါပေမယ့် ဒီစကားထဲကအတိုင်းကျင့်ကြံ နိုင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အတွင်းစိတ်မှာ ဖွဲမီးလိုလောင်မြှိက်နေတဲ့အပူရှိန်တွေအနည်းငယ်တော့လျော့နည်း သက်သာ စေမှာအမှန်ပါပဲ။
From the publisher's feed
Wherever you go PadamyarFM will be there with you...