
Sign up to save your podcasts
Or


လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
Sometimes people don’t want to hear the truth because they don’t want their illusions destroyed.
ဒီနေ့အတွက်စကား
ဒီစကားထဲမှာဆိုရင် အမှန်တရားဆိုတာကို မကြားရဲတဲ့သူတွေရှိနေပါလားဆိုတဲ့ အသိတစ်ခုရသွားလိမ့် မယ်လို့ ယုံကြည်ပါတယ်။ အမှန်တရားဆိုတာ တကယ်တော့ ကောင်းတဲ့အရာလို့ သတ်မှတ်ထားပေမယ့် တသမတ်တိုင်း အမှန်ကို ဆုပ်ကိုင်လို့ ပြောလို့မသင့်တဲ့ ပြောမရတဲ့အချိန်တွေ အခြေအနေတွေဆိုတာရှိပါတယ်။ တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့တတွေ အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီးတော့ မုသားစကားဆန်ဆန် ပြောရတာမျိုးတွေ အမှန်ကိုသိပေမယ့် မသိချင်ယောင် ဆောင် ဟန်ဆောင်ရတာမျိုးတွေရှိပါတယ်။ ဒါကတော့ လူမှုဘဝပေါင်းသင်းဆက်ဆံရေးမှာ မလွဲမသွေနီးပါးကြုံတွေ့ရမယ့် အဖြစ်ပါ။ မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့စကားအတိုင်း ကိုယ်က အမှန်တရားကိုသိနေပေမယ့် သူများမိုးခါးရေသောက် တဲ့အချိန်မှာ ကိုယ်ပါမိုးခါးရေသောက်သင့်ရင်လိုက်သောက်ရသလိုပါပဲ။
ရောမရောက်ရင်ရောမလိုကျင့်ဆိုတာ ပေါင်းသင်းဆက်ဆံရေးအတွက် တစ်ကယ့်ကိုမှ မှန်ကန်တဲ့စကားပါ။ လူဆိုတာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ရပ်တည်ရှင်သန်ရတာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်အလိုက် အရောင်ပြောင်းသင့်ရင် ပြောင်းရပါမယ်။ ဒါဟာ ကိုယ်ရဲ့ အတွင်းစိတ်မှာ မမှန်တာကို လက်ခံလိုက်တာတော့မဟုတ်ပါဘူး။ အခြေအနေအရ အလိုက်အထိုက်ဆက်ဆံလိုက်မယ်ဆိုရင် ပြသနာလည်း မတက်တော့ဘူး။ လူမုန်းလည်းခံစရာမလိုတော့ပါဘူး။
Don’t forget that you’re human. It’s okay to have a melt down. Just don’t unpack and live there. Cry it out and then refocus on what you are headed.
သင်ဟာလူသားတစ်ယောက်ဆိုတာမမေ့ပါနဲ့။ စိတ်ဓါတ်ကျရင်ကျခွင့်ပေးလိုက်ပါ။ အရှုံးတော့မပေးလိုက်ပါနဲ့။ အားပါးတရငိုကျွေး လိုက်ပြီးရင် သင်ဦးတည်ထားတဲ့ကိစ္စအပေါ်ပြန်လို့အာရုံစိုက်လိုက်ပါတဲ့။ဒီစကားကတော့ ကိုယ်ကြံစည်လုပ်ကိုင်တဲ့ ကိစ္စတွေမှာ အကြိမ်ကြိမ်အခါခါရှုံးနိမ့်မှုတွေကြုံတွေ့နေရလို့ စိတ်ပျက်အားငယ်နေတဲ့သူတွေအတွက် အားတက်စေမယ့်စကားတစ်ခွန်းပါ။ ကြိုးစားမှုတိုင်းရဲ့အဆုံးသတ်မှာအောင်မြင်မှုဆိုတာရှိနေနိုင်တာမှန်ပေမယ့် တစ်ခါတစ်လေ မှာ ချွတ်ချော်လွဲမှားနေတတ်တဲ့ အောင်မြင်မှုနဲ့ကိုယ်နဲ့ အံလွဲနေတတ်တဲ့သူတွေ၊ အခိုက်အတံ့တွေလည်း ရှိကောင်းရှိကြမှာပါ။ အဲဒီလိုကိုယ်ကကြိုးစားနေပေမယ့် အောင်မြင်မှုနဲ့ အံလွဲနေတတ်တဲ့ သူတွေအနေနဲ့ စိတ်ဓါတ်တွေကျမယ်။ ဆက်ပြီးကြိုးစားဖို့ မဝံ့မရဲတွေဖြစ်မယ်။ ဆက်ပြီးကြိုးစား ရင်ရောအောင်မြင်နိုင်ပါ့မလားဆိုတဲ့ တွေဝေတဲ့စိတ်တွေဝင်လာမယ်။ နောက်ဆုံးမှာတော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ကိုယ်ရဲ့ အားလျော့မှုတစ်ခုကြောင့်ပဲမရောက်တော့တာတွေ ဖြစ်နိုင်ပါတယ်။
ll life is an experiment. The more experiments you make the better.
ဒီစကားကတော့ လောကမှာနေထိုင်ကြတဲ့သူတိုင်း ဖြတ်ကျော်နေရတဲ့အခက်အခဲတွေကို အခြေပြုပြီး ဖြစ်တည် လာတဲ့ စကားတစ်ခွန်းပါ။ ဘဝ။ စကားလုံးကတော့ နှစ်လုံးထဲပါ။ ဒါပေမယ့် အဲဒီဘဝဆိုတဲ့အရာဟာ ဖြတ်သန်း ရမယ့် လူသားတိုင်းအတွက်တော့ စမ်းသပ်မှုတွေချည်းပါပဲ။ လူ့လောကရဲ့စမ်းသပ်မှုတွေ ဘဝရဲ့ပြဿနာ တော်တော်များများရဲ့ အပေါ်ယံကိုကြည့်ရင် မတူကွဲပြားသယောင်ရှိပေမယ့် အရင်းအမြစ်ကို ကြည့်တဲ့ အခါမှာတော့ ဖြေရှင်းပုံဖြေရှင်းနည်းတွေကတော့ တစ်ခါတစ်လေ သံတူကြောင်းကွဲတွေဖြစ်နေတတ်ပါတယ်။
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
Storm doesn’t last forever.
မုန်တိုင်းဆိုတာ အစဉ်ထာဝရမပြင်းထန်နိုင်ပါဘူး။ ဒီနေ့အတွက်စကားကိုတော့ မှတ်သားစရာအဆိုအမိန့်စကားတွေ အများကြီးတည်ရှိနေတဲ့ Power Of Positivity Web Page ကနေကောက်နှုတ်လို့ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။ လောကမှာလူးလာခေါက်တုန့်ရုန်းကန်ရှင်သန် နေကျတဲ့ လူသားတိုင်းလူသားတိုင်းအခက်အခဲဆိုတာနဲ့ တွေ့ကြုံရဖူးမှာပါ။ ကိုယ့်အတွက် ခဲရင်းလွန်းတဲ့ အခိုက်အတန့်တွေလည်း ကြုံတွေ့ရမှာပါ။ တစ်ခါတစ်လေလောကရဲ့ရိုက်ပုတ်ချက်က ပြင်းထန်လွန်းတဲ့အခါမှာခံနိုင်ရည် စွမ်းတွေကျဆင်းပြီး ဒီဘဝကြီးကို မနေချင်တော့တဲ့အထိလည်းခံစားရကောင်းခံစားရနိုင်ပါတယ်။
သန္ဒေစတည်ကတည်းကမိခင်ရဲ့ဝမ်းကြာ တိုက်ကျဉ်းကျဉ်းလေးထဲမှာခက်ခဲစွာနဲ့ ရှင်သန်နေခြင်းနဲ့စတင်သလိုလူ့လောကအပြင်ဘက်ကိုရောက်တဲ့အချိန်မှာလည်းလောကရဲ့ စိတ်ခေါ်မှုပေါင်းများစွာကို ကျွန်တော်တို့တွေ ရင်ဆိုင်ရမှာပါ။ အထူးသဖြင့် အပြိုင်အဆိုင်များတဲ့ ဒီနေ့လိုခေတ်ကြီးမှာဆိုရင် လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေ၊ လိုလားချက်တွေကတစ်နေ့နဲ့ တစ်နေ့တောင်မှ မတူညီအောင် များပြားလာပါတယ်။ ဒီလိုစိန်ခေါ်မှုပြင်းထန်တဲ့ လောကကြီးထဲမှာကိုယ့်အပေါ် ကံကြမ္မာရဲ့ ထိုးနှက်ချက်တွေ၊ မလိုသူတွေရဲ့ အကောက်ကြံခံရမှုတွေ စသည်ဖြင့် ဒုက္ခပေါင်းစုံကိုကိုယ့်အရွယ်နဲ့ကိုယ်ဖြေရှင်းကျော်ဖြတ်ရမှာဓမ္မတာပါပဲ။
From the publisher's feed
Wherever you go PadamyarFM will be there with you...