
Sign up to save your podcasts
Or


Where there is love there is life. Hate leads to destruction.
ဒီနေ့အတွက်စကား
ကျွန်တော်တို့ လူသားတိုင်းလူသားတိုင်းသာယာပျော်ရွှင်မှုကိုမက်မောကြပါတယ်။ ငြိမ်းချမ်းမှုကို မြတ်နိုးကြပါတယ်။ လွတ်လပ် မှုကိုတွယ်တာကြပါတယ်။
တစ်ခါတစ်လေမှာမလိုလားအပ်တဲ့ လောဘဒေါသမောဟမာန်မာနနဲ့ မနာလိုမစ္ဆာရိယစိတ်တွေ၊ ထိခိုက်နာကျင်မှုတွေနဲ့ ဖိနှိပ်ခံရ မှုတွေကြောင့် ကြောက်ကန်တွန်းလှန်ချင်တဲ့စိတ်တွေ၊ အဲဒီ့စိတ်တွေကနေအရင်းခံပြီးအမုန်းတရားတွေဖြစ်လာကြပါတယ်။
အမုန်းတရားကနေတဖြည်းဖြည်း အသိုင်းအ၀ိုင်းတစ်ခုနဲ့ တစ်ခုကြားတင်းမာမှုတွေ၊ အဲနောက်မှာတော့ တစ်ဖက်နဲ့တစ်ဖက် အနိုင်ယူလိုတဲ့စိတ်တွေ က စစ်ပွဲတွေအထိဖြစ်စေနိုင်တယ်မဟုတ်ပါလားဗျာ။ စစ်ဆိုတာ ငြိမ်းချမ်းခြင်းရဲ့ ဆန့်ကျင်ဘက်ပါ။
ငြိမ်းချမ်းခြင်းကရေလိုအေးပြီးစစ်ပွဲကတော့ မီးလိုပူပါတယ်။ မေတ္တာတရားကလင်းလက်တောက်ပတဲ့အဖြူရောင်ဆိုရင် အမုန်းတရားကတော့ မှောင်မဲတဲ့အနက်ရောင်အသွင်ဆောင်ပါတယ်။ အမုန်းတရားကပူလောင်တဲ့မီးလျှံလိုပါပဲ။ မီးလျှံအတွင်းမှာရောအနီးအနားကအရာတွေကိုပါ ပူလောင်စေတဲ့အစွမ်းသတ္တိရှိသလို သူအပါအ၀င် အရာအားလုံးကို ပြာပုံဘ၀ရောက်တဲ့အထိ စွမ်းဆောင်နိုင် ပါတယ်။
ဒီနေ့အတွက်စကား
I am thankful for all those difficult people in my life. They have shown me exactly who I do not want to be.
စိတ်အမျိုးမျိုးရှိကြတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ကိုယ့်အတွက် အကျိုးပေးတဲ့သူတွေနဲ့ တွေ့ကြုံနိုင်သလို ကိုယ့် အတွက် ကောင်းကျိုးမပေးဘဲ စိတ်ဒုက္ခကိုသာပေးတဲ့သူမျိုးတွေနဲ့လည်း တွေ့ကြံုရမှာပါ။ အဲဒီလိုအခါမှာ လူသားဆန်တဲ့ စိတ် ဓါတ်ကြောင့် ကိုယ့်အပေါ် ကောင်းကျိုးမပေးတဲ့သူ တစ်နည်းပြောရရင် ဒုက္ခပေးတဲ့သူကို ကျွန်တော်အပါအဝင် လူတော်တော် များများကတော့ ကိုယ့်ကိုဒုက္ခရောက်စေတဲ့သူကို မနှစ်သက်ကြမှာအမှန်ပါပဲ။ ဒီစကားထဲမှာတော့ ကိုယ့်အတွက် ခက်ခဲစေတဲ့သူ၊ ကိုယ့်အပေါ်နစ်နာစေတဲ့သူတွေကို ကျေးဇူးတင်ဖို့ပြောထားပါတယ်။ ဘာလို့ပါလဲ။
ကိုယ့်ကိုဒုက္ခပေးတဲ့သူကို ကျေးဇူးတင်ရမယ်ဆိုတော့ကာ ထူးဆန်းသလိုဖြစ်နေမှာပါ။ ဒါပေမယ့် သူ့ကြောင့် ကိုယ်ဒုက္ခရောက် တယ်ဆိုရင်တောင်မှ ကိုယ့်အတွက် ဒါဟာ သင်ခန်းစာတစ်ခုလို့ပဲမှတ်ပါ။ နောက်နောင်သူကြောင့် ဒုက္ခမဖြစ်စေအောင် ကိုယ်ကိုကိုယ် ထိန်းသိမ်းဖို့ လည်း လိုပါတယ်။ အထူးသဖြင့် လူတိုင်းကို ကိုယ့်စိတ်ထဲကအတိုင်းမမှတ်ဖို့၊ ကိုယ့်အတွက်ဘဝ သင်ခန်းစာတစ်ခုကိုသင်ကြား ပေးတဲ့ ဆရာသမားအဖြစ်နဲ့ ကျေးဇူးတင်လိုက်ပါ။ သူတို့ရဲ့စရိုက်ဆိုးကြောင့် ကိုယ်ဒုက္ခရောက်ခဲ့ ရတဲ့အတွက် သူတို့လို စရိုက်မျိုး မမွေးမိအောင် ဆင်ခြင်နိုင်ပါမယ်။ သူတို့လူတွေအပေါ်ကို ယုတ်မာကောက်ကျစ်တာကို သိလိုက်ရတဲ့အတွက် ကိုယ်ကတော့ သူတို့လို မဖြစ်အောင် သူတို့ကိုပဲ ဥပမာထားပြီး ဆင်ခြင်လို့ရပါပြီ။
Songs In Yangon
ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်...
Nothing great in the world has ever been accomplished without passion.ကမ္ဘာပေါ်မှာရှိရှိသမျှ ကြီးကျယ်တဲ့ကိစ္စရပ်တိုင်းက ပြင်းပြတဲ့စိတ်ဓါတ်မပါဘဲ ဖြစ်တည်လာခြင်းမရှိသေးပါဘူးတဲ့။ဒီစကားကိုတော့ ၁၈ရာစုအနောက်တိုင်း တွေးခေါ်ပညာမှာဆရာတစ်ဆူဖြစ်ခဲ့တဲ့ ဂျာမန်လူမျိုးတွေး ခေါ်ပညာရှင် Georg Wilhelm Friedrich Hegel ကပြောကြားထားတာ ဖြစ်ပါတယ်။ပြင်းပြတဲ့စိတ်ဓါတ်ကကမ္ဘာပေါ်မှာအကြီးကျယ် ဆုံးသောကိစ္စရပ်တွေကို ဖြစ်တည်စေခဲ့ တယ်ဆိုတာကို ပြောပြထားတဲ့ စကားတစ်ခွန်းပါ။
ပြင်းပြတဲ့စိတ်ဓါတ်တဲ့။ တကယ့်ကိုမှ အားအင်ကြီးမားတဲ့အရာတစ်ခုဖြစ်ပါတယ်။ မြင်နိုင်စွမ်း၊ ထိတွေ့ခံစားနိုင်စွမ်းမရှိတဲ့ စိတ္တဇနာမ်တစ်ခုဖြစ်ပေမယ့် အဲဒီ ပြင်းပြတဲ့ စိတ်ဓါတ်ကြောင့် ပြောင်းလဲမှုကြီးကြီးမားမားတွေ၊ ခမ်းနားတဲ့အဖြစ်အပျက်တွေ၊ ပြန်ပြောင်းလဲလို့မရတော့တဲ့ သမိုင်းကြောင်း ရာဇဝင်တွေကို ဖြစ်တည်ပေါ်ထွန်းစေခဲ့ပါတယ်။ တကယ်တော့ လောကကြီးမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာဆိုတာမရှိပါဘူး။ မဖြစ် သေးတဲ့အရာ၊ အကောင်အထည်မဖော်ရသေးတဲ့အရာတွေပဲရှိတာပါ။ အဲဒါတွေအကုန်လုံးကလူတစ်ယောက်ရဲ့ ဒါမှမဟုတ် လူတစ်စုရဲ့ ပြင်းပပြီးအရှိန်အဟုန်ပြင်းတဲ့စိတ်အခြေခံနဲ့သာလုပ်ဆောင်မယ်ဆိုရင် ဖြစ်တည်ပေါက်ဖွား လာမှာပါ။ ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့သမိုင်းကအဖြစ်အပျက်ကြီးကြီးမားမားအကုန်လုံးဟာလည်း ပြင်းပြတဲ့စိတ်ကိုပဲမူလအရင်းခံခဲ့ကြတာပါ။ အဲဒီပြင်းပြတဲ့ စိတ်အခြေခံကပဲ လူတွေမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတွေ၊ အဖြစ် အပျက်တွေကိုထောင်နဲ့ သောင်းနဲ့ချီပြီး ဖြစ်ထွန်းစေခဲ့တာ ပါ။ ဒါကြောင့် အခုနားဆင်နေတဲ့ သောတရှင်တွေရဲ့ စိတ်ထဲမှာရောဘာတွေများဖြစ်ချင်နေပါလဲ။
From the publisher's feed
Wherever you go PadamyarFM will be there with you...