
Sign up to save your podcasts
Or


Relationships theses days are harder now because conversation becomes texting, arguments become phone calls, and feelings become status updates.
ဒီနေ့အတွက်စကား
အခုနောက်ပိုင်းဆက်ဆံရေးတွေကအေးခဲမာကျောလာပါတယ်။ ဘာလို့လဲဆိုတော့ ပြောဆိုမှုတွေကစာရိုက်ပြောဆိုခြင်းတွေ ဖြစ်ပြီးအငြင်းအခုံတွေကဖုန်းခေါ်ဆိုမှုတွေဖြစ်လာပြီးခံစားချက်တွေကတော့ Social Media ပေါ်ကရေးသားထုတ်ဖော်မှုတွေဖြစ်လာလို့ပါ။ဒီနေ့ခေတ်မှာ ဖြစ်ပျက်နေတဲ့ ဆက်ဆံရေးတွေအကြောင်းကို မြင်သာထင်သာရှိအောင်ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတစ်ယောက်နဲ့တစ်ယောက်ကြားကဆက်ဆံရေးတွေကသွေးအေးတဲ့ ဆက် ဆံမှုတွေကပိုပြီးများပါတယ်။ ထို့အတူပဲ။ နှစ်ယောက်ကြားကဆက်ဆံရေးဟာ နှလုံးသားထဲမှာ သိမ်းဆည်းသိုဝှက်ထားတဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမျိုးထက် ပုံစံတစ်မျိုးသက်ရောက်မှုတစ်ဖုံဖြစ်နေတဲ့ ဆက်ဆံရေးတွေကပိုလို့များလာပါတယ်။
လောကမှာအရေးကြီးတဲ့ စားဝတ်နေရေး၊ လူတန်းစေ့ရှင်သန်ရပ်တည်နိုင်ရေး၊ ခေတ်နဲ့အမှီရင်ဘောင်တန်းနိုင်ရေးစတဲ့ စတဲ့ လိုအပ်ချက် တွေရဲ့နောက်ကိုလိုက်ရင်းနဲ့ အိမ်ထောင်ရေးတွေ၊ အချစ်ရေးတွေမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာဆက်နွယ်မှုတွေကလည်းတစ်နည်းတစ်ဖုံပတ်သက်မှုတွေဖြစ်လာပါတယ်။ ခေတ်ကြီးကတိုးတက်လာတာနဲ့အမျှ အဝေးတစ်နေရာကိုရောက်နေတယ် ဆိုရင်တောင် အရှေ့မှာရပ်ပြီးအတူတူရှိနေသလိုမျိုးဆက်သွယ်ရေးနည်းပညာတွေကပိုပြီးတစ်နေ့ထက်တစ်နေ့ တိုးတက် လာပါတယ်။ အရင် တုန်းကဆိုရင် အတူတူရှိတဲ့ဘဝတွေကို ပိုင်ဆိုင်ပြီး နွေးထွေးတဲ့ဆက်ဆံရေးကိုဆောက်တည်ထားကြတာများပေမယ့် ဒီနေ့ ခေတ်မှာတော့ နှစ်ယောက်ကြားကဆက်ဆံရေးမှာအတူရှိရေးကိုဦးစားပေးဖို့ထက် တခြားသောရည်ရွယ်ချက် ဦးစားပေးစရာတွေကိုပိုလို့အလေးထားလာကြတာကိုလည်းတွေ့ရပါတယ်။
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
A friend who understands your tears is much more valuable than a lot of friends who only knew your smile.
ဒီနေ့အတွက်စကား
ကဗျာဆန်ဆန်နဲ့ မိတ်ဆွေကောင်း မိတ်ဆွေစစ် ဆိုတာဘယ်လိုလူစားမျိုးလည်းဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြထားတဲ့စကားတစ်ခွန်းပါ။ ကျွန် တော်တို့တတွေ မွေးဖွားပြီးအရွယ်ရောက်ကြီးပြင်းတဲ့အချိန်ကနေ သေဆုံးသွားတဲ့အချိန် အထိလူဘောင်အဖွဲ့အစည်းထဲမှာ နေ ထိုင်ရှင်သန်နေရင်း သူငယ်ချင်းဆိုတဲ့ မျိုးနွယ်တူလူသားတွေနဲ့ တွေ့ဆုံပေါင်းသင်းရမှာပါ။ အဲဒီလိုသူငယ်ချင်းတွေကိုပေါင်းသင်း တယ်ဆိုတဲ့နေရာမှာ လည်းကိုယ့်အတွက် ကောင်းကျိုးကိုလိုလားတဲ့ သူငယ်ချင်းကောင်း တွေလည်း ရှိနိုင်သလိုအနားမှာ နေရင်း နဲ့ နောက်ကျောကိုဓားနဲ့ ထိုးဖို့အထိ ကြံရွယ်နေတတ်တဲ့ မိတ်ဆွေတုသူငယ်ချင်း အယောင်ဆောင်တွေလည်းရှိကောင်းရှိနေနိုင်ပါတယ်။
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
ဒီနေ့အတွက်စကား
You can’t change how people treat you or what they say about you. All you can change is how you react to it.
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . .
ပတ္တမြား FM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်...
မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ မနောမြေမှတေးသံသာအစီအစဉ် ကို စတင်နားဆင်လို့ရပါပြီနော်...
ဒီနေ့အတွက်စကား
Everyone you meet is fighting a battle you know nothing about. Be kind. Always.
ဒီနေ့အတွက်စကား
လူ့လောကရဲ့အရေးပါအရာရောက်တဲ့ကိစ္စတစ်ခုဖြစ်တဲ့ ပေါင်းသင်းဆက် ဆံရေးအတွက် ရည်ညွန်းပြောဆိုထားတဲ့စကားတစ်ခွန်းပါ။ လောကမှာ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ ကြင်နာသနားတတ်ဖို့လိုပါတယ်။ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တပါးသူထိခိုက်နစ်နာသွားပြီဆိုရင် ကိုယ်နဲ့သူနဲ့ကြားက ဆက်ဆံရေးမှာ အက်ကြောင်းတစ်ခုဖြစ်သွားပါပြီ။ တကယ်တော့ လောကကြီးမှာ ရှင်သန်နေထိုင်ကြတဲ့ လူသားတိုင်း လူသားတိုင်းမှာ
From the publisher's feed
Wherever you go PadamyarFM will be there with you...