Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Do right. Do your best. Treat others as you want to be treated.

    ကောင်းတာတွေကိုလုပ်ဆောင်ပါ။သင့်အနေနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်သမျှလုပ်ဆောင်ပါ။ သင့်အတွက် အနှစ်သက်ဆုံး ဆက်ဆံရေးမျိုးနဲ့ တပါးသူကိုလည်းဆက်ဆံပါ။အမေရိကန်လူမျိုး American Football နည်းပြလည်းဖြစ် နာမည်ကျော်စာရေးဆရာတစ်ဦးလည်းဖြစ်တဲ့ Lou Holtz က ပြောကြားခဲ့တာပါ။ လောကမှာရှင်သန် ရပ်တည်ကြတဲ့ လူသားတွေအနေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ လုပ်ကိုင်ဆောင်ရွက်မှုတွေမှာပြဲဖစ်ဖြစ် ကောင်းမွန်တဲ့ စိတ်နေစိတ်ထားနဲ့လုပ်ဆောင်တတ်စေဖို့ သတိပေးထားတဲ့စကားလည်းဖြစ်ပါတယ်။ 

    3 min
  • ဒီနေ့အတွက်စကား

    Did you know? Crying is a very healthy thing to do. It relieves stress, eases pains and cleanses your eyes. So never be afraid to cry.

    ဒီနေ့အတွက်စကား

    အမျိုးမျိုးသောခံစားမှုတွေကို ဘဝအသက်ရှင်သန်နေသေးသရွေ့ခံစားနေရမယ့် ပုတုဇဉ်လူသားတွေအတွက် ငိုကြွေးခြင်းဆိုတဲ့ အချင်းအရာကိစ္စနဲ့ပတ်သက်ပြီးပြောပြထားတဲ့စကားတစ်ခွန်းလည်းဖြစ်ပါတယ်။ လူသားမှန်သမျှ ခံစားတတ်တဲ့နှလုံးသားနဲ့ စိတ် အခြေအနေကိုပိုင်ဆိုင်ထားတဲ့အတွက် ပျော်ရွှင်တဲ့အခါမှာ ပြုံးပျော်ရယ်မောမယ်။ ထို့အတူပဲ။ ဝမ်းနည်းစရာ၊ စိတ်ရှုပ်ထွေးစရာ၊ စိတ်ဓါတ်ကျစရာတွေကို ကြုံရင်တော့ ပူဆွေးသောကတွေနဲ့ ငိုကြွေးတတ်ကြပါတယ်။ တစ်ချို့တွေကတော့ လူတောသူတောထဲမှာလည်း ချုံးပွဲချငိုကြွေးတတ်ကြသလိုတစ်ချို့သောသူတွေကျတော့လည်းကိုယ်ပိုင်ဆိုင်ထားတဲ့ ဂုဏ်တွေကိုလိုက်လို့ ငိုချင် တာတောင်မှ ငိုမရတဲ့အခိုက်အတန့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    ဒါပေမယ့် လောကမှာပိုင်ဆိုင်မှုဂုဏ်ဒြပ်တွေရှိနေရင် လည်းလူဆိုတာလူပါပဲ။ ခံစားတတ်ကြတဲ့သူပါပဲ။ ငိုကြွေးခြင်းကိုလူမြင်ရာမှာမလုပ်ဖြစ်အောင်ထိမ်းသိမ်းရင်းနဲ့ စုဆောင်းပါများလာရင် ပိုပြီးတော့ အပူမီးတွေကများပြားလာနိုင်ပါတယ်။ လူသားမှန်ရင် ခံစားချက်ကိုလိုက်လို့ နေထိုင်ကြတတ်တဲ့သူချည်းပါပဲ။ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်းနေထိုင်တတ်ခြင်းဆိုတာကလေးငယ်တစ်ယောက်လိုပဲအပြစ်ကင်းစင်တဲ့အပြုအမူတစ်ခုလည်း ဖြစ်ပါတယ်။ လိုချင်တဲ့အရာကိုမရရင်ငိုကြွေးမယ်။ စားချင်တာကိုမစားရရင် ငိုကြွေးမယ်။ ဒါဟာသိပ်ကိုမှဖြုစင်တဲ့ကလေးတစ် ယောက်ရဲ့ ဝိသေသလက္ခဏာဖြစ်ပါတယ်။

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    11 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Putting your love, trust and understanding to each other little by little, day by day is the perfect recipe for a stronger relationship.

    တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ နားလည်ပေးမှုတွေကိုနည်းနည်းချင်းစီ၊ တစ်နေ့ထက်တစ်နေ့ ပေးဆပ်ပျော်ဝင်နေစေခြင်းက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအတွက် ပြီးပြည့်စုံတဲ့နည်းလမ်းတစ်ခုပါပဲတဲ့။ ကောင်းမွန်ပြည့်စုံတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက် နိုင်ဖို့ ဘယ်လိုအရာတွေကအဓိကလိုအပ်နေသလဲဆိုတာကိုပြောပြထားပါတယ်။ ဒီအရာတွေကဘာကြောင့်လိုအပ်နေသလဲဆိုတာကို အကျယ်တဝင့်လေ့လာကြည့်လိုက်ရအောင်။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Putting your love, trust and understanding to each other little by little, day by day is the perfect recipe for a stronger relationship.

    တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ နားလည်ပေးမှုတွေကိုနည်းနည်းချင်းစီ၊ တစ်နေ့ထက်တစ်နေ့ ပေးဆပ်ပျော်ဝင်နေစေခြင်းက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအတွက် ပြီးပြည့်စုံတဲ့နည်းလမ်းတစ်ခုပါပဲတဲ့။ ကောင်းမွန်ပြည့်စုံတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက် နိုင်ဖို့ ဘယ်လိုအရာတွေကအဓိကလိုအပ်နေသလဲဆိုတာကိုပြောပြထားပါတယ်။ ဒီအရာတွေကဘာကြောင့်လိုအပ်နေသလဲဆိုတာကို အကျယ်တဝင့်လေ့လာကြည့်လိုက်ရအောင်။

    ပထမဆုံးအနေနဲ့တော့ လူနှစ်ယောက်ကြားမှာဆက်ဆံရေးတစ်ခုတည်တံ့ကောင်းမွန်နေစေဖို့အတွက် တစ်ယောက်ကိုတစ်ယောက်မေတ္တာတရားနဲ့ ချစ်ခြင်းဆိုတာတွေ လိုအပ်ပါတယ်။ လူနှစ်ယောက်ကြားမှာမေတ္တာတရားကိုအရင်းခံပြီးချစ်ခြင်းမေတ္တာတွေ ရှင်သန်နေဖို့လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာချစ်ခြင်းမေတ္တာသာမရှိဘူးဆိုရင် ဆက်ဆံရေးတစ်ခုကလည်းဘယ်နည်းနဲ့မှ ကြာရှည်ရှင်သန်နိုင်မှာမဟုတ် ပါဘူး။ နောက်ထပ်အနေနဲ့ နှစ်ယောက်ကြားမှာတစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုဆိုတာလိုအပ်ပါတယ်။ ယုံကြည်မှုမရှိတဲ့ ဆက်ဆံရေးတစ်ခုဟာခိုင်ခံ့မှုမရှိတဲ့ကြိုးတံတားတစ်ခုမှာလမ်းလျှောက်နေရသလိုပါပဲ။ ဘယ်အချိန်မှာပြတ်ကျသွားမလဲဆိုတာကိုရင်တထိပ်ထိပ်နဲ့ နေ့ရက်တိုင်းမှာအသက်ဆက်နေရပါလိမ့်မယ်။ ဒီတော့ တစ်ယောက်ကိုတစ်ယောက်ကယုံကြည်နေရအောင်လည်းတစ်ယောက်နဲ့တစ်ယောက်ကသစ္စာတရားကိုအရင်းခံပြီးဆက်ဆံဖို့လိုပါတယ်။ ယုံကြည်မှုတစ်ခုဆိုတာကလည်းဆောက်တည်ဖို့သာခက်ခဲပေမယ့် ပျက်စီးသွားဖို့ဆိုတာကတော့ တကယ့်ကိုခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုဆိုတဲ့အရာကိုသစ္စာတရားကိုအခြေပြုလို့ ထိန်းသိမ်းစောင့်ရှောက်ရပါမယ်။

    3 min
  • ဒီနေ့အတွက်စကား

    Each heart has some pain only the way of expression is different. Some hide it in their eyes while some hide it in their smile.

    လောကမှာရှင်သန်ရပ်တည်နေတြ့ ပုတုဇဉ်လူသားဖြစ်နေသေးသရွေ့ အပူမီးတွေကိုခံစားရမှာပါပဲ။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဉ်နဲ့အမျှရုန်းကန်လှုပ်ရှားနေရင်းနဲ့ လောဘ၊ ဒေါသ၊ မောဟတွေ နဲ့ အတူ ပတ်ဝန်းကျင်ကပေးတဲ့ ပူပင်သောကတွေကိုပါ ကျွန်တော်တို့ လူသားတွေအနေနဲ့ အနည်းနဲ့အများဆိုသလိုခံစားတတ်ကြပါတယ်။ အဲဒီလိုခံစားတတ်တဲ့အသည်းနှလုံးရှိနေခြင်းကြောင့်လည်းလူတွေရဲ့ သမိုင်းကြောင်းမှာကောင်းကျိုးတွေ အများကြီးဖြစ်ထွန်းခဲ့သလိုရင်နာစရာရင်နင့်စရာအဖြစ်ဆိုးတွေလည်းအများကြီးဖြစ်ပျက်ခဲ့ကြပါတယ်။ အထူးသဖြင့် ကိုယ့်ရင်ထဲ က နာကျင်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ တခြားသောပယောဂတွေကိုမှတ်တေးပြီးအမုန်းမီးအာဃာတတွေ လောင်ကျွမ်းလို့ ကလဲ့ စားဆိုတဲ့ မဆုံးတဲ့ သံသရာတစ်ခုရဲ့ ပူလောင်ခြင်းတွေကိုစတင်ခဲ့ကြသူတွေကလည်းအများကြီးရှိခဲ့ပါတယ်။ ရန်ကိုရန်ခြင်းတုန့် နှင်းခြင်းနဲ့ စစ်ပွဲတွေလည်းဒီကမ္ဘာမှာများခဲ့ပါပြီ။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်...

    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Progress is impossible without change, and those who cannot change their minds cannot change anything.

    ဒီစကားကိုပြောကြားခဲ့တဲ့ ကမ္ဘာကျော် မဟာလူသားကတော့ စာပေဆိုင်ရာနိုဘယ်ဆုရှင်တစ်ဦးလည်းဖြစ်တဲ့ အိုင်ယာလန်လူမျိုး ပြဇာတ်ရေးဆရာ George Bernard Shaw ပဲဖြစ်ပါတယ်။ အားလုံးကြားသိလိုက်ရတဲ့အတိုင်းပါပဲ။ ဒီစကားကတော့ Change ပြောင်းလဲခြင်းဆိုတဲ့အကြောင်းအရာရဲ့ အရေးပါ ပုံကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီစကားက ကျွန်တော့်တို့ လူသားတွေအတွက်တော့ တကယ့်ကိုမှ အရေးပါတဲ့ စကားတစ်ခွန်းပါ။ ကျောက်ခေတ်မှာရှင်သန်ခဲ့ရတဲ့ ဂူတွင်းအောင်းလူသားတွေဘဝကနေ အခုဆိုရင် နောက်ဆုံးပေါ်အကောင်းဆုံးဆိုတဲ့ အဆောင်အယောင်ပစ္စည်းတွေကိုကိုင်တွယ် အသုံးပြုနိုင်တဲ့ တိုးတက်တဲ့ခေတ်ကလူသားတွေဖြစ်လာခဲ့တာကလည်းပြောင်းလဲခြင်းဆိုတဲ့ အရာကိုလူသားတွေလုပ်ဆောင်ခဲ့ လို့ပါပဲ။ ဒါကြောင့် တိုးတက်ဖွံ့ဖြိုးခြင်းဆိုတဲ့စကားလုံးနဲ့ ပြောင်းလဲခြင်းဆိုတဲ့စကားလုံးဟာသိပ်ကိုမှ နီးစပ်ပြီးပတ်သက်နေတဲ့ အရာတွေဖြစ်ပါတယ်။

    3 min
  • THE LIFE


    ဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ THE LIFE အစီအစဉ်ကစောင့်ကြိုနေပါတယ် . . . . .

    15 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...