Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    12 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    You don’t always need a logical reason for doing everything in your life. Do it because you want to, because it’s fun, because it makes you happy.

    ဒီစကားကတော့ အရာတိုင်းမှာ ဖြေရှင်းစရာ မလိုဘူးဆိုတာကို ပြောပြထားတာပါ။ တချို့သောသူတွေက ကိုယ့်ရဲ့လုပ်ရပ်တွေ တိုင်းမှာ ဖြေရှင်းနေရမှာကိုစိုးရွံ့နေတတ်ကြပါ တယ်။ ဒီလိုနဲ့ပဲ ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ကိုယ့်အကြံနဲ့ ကြံစည်လုပ် ဆောင်မှုတွေ မစွမ်းဆောင်နိုင်တော့ပါဘူး။ တကယ်တော့ ကိုယ်လုပ်လိုက်တဲ့အရာတွေအတွက် ကိုယ်တိုင်ဖြေရှင်းနေရတာမျိုး ထက် ကိုယ်တိုင်တာဝန်ခံတာဝန်ယူနိုင်ဖို့ပဲလိုပါတယ်။ ကိုယ်ရဲ့လုပ်ဆောင်မှုက အကောင်းနဲ့အဆိုး ၂မျိုးထဲက တစ်ခုပဲဖြစ်မှာပါ။ အကောင်းဖြစ်လာရင်လည်း ကိုယ့်အတွက် အောင်မြင် မှုပါ။ အဆိုးဖြစ်လာခဲ့ရင်လည်း ကိုယ့်အတွက် သင်ခန်းစာပါပဲ။ 

    3 min
  • ဒီနေ့အတွက်စကား

    For what it’s worth: It’s never too late to be whoever you want to be. I hope you live a life you’re proud of, and if you find that you’re not, I hope you have the strength to start over.

    ဒီနေ့အတွက်စကား

    သင်ဖြစ်ချင်တဲ့အတိုင်းနေထိုင်ဖို့အတွက်ဆိုရင်အစဉ်ထာဝရထိုက်တန်ပါတယ်။ သင်ကိုယ်တိုင်ဂုဏ်ယူရတဲ့ဘဝမှာနေထိုင်တာမျိုးပဲ ဖြစ်စေချင်သလို၊ တကယ်လို့သင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်မလာခဲ့ရင်လည်း ပြန်လည်ကြိုးစားကြည့်ဖို့ အင်အားတွေရှိနေပါစေတဲ့။ ဒီစကားကိုတော့ အမေရိကန်လူမျိုး ပြဇာတ်နဲ့ စာရေးဆရာ F. Scott Fitzgerald ကပြောကြားခဲ့ တာပါ။ ကိုယ့်ရဲ့ဘ၀ တစ်သက် တာဆိုတာ ကိုယ်ဘဝတစ်လျှောက်မှာ အတူတူရှိနေမယ့်အရာတစ်ခုပါ။ ဒါကြောင့် ကိုယ့်ဘဝမှာ ကိုယ့်စိတ်ကြိုက်လျှောက်လှမ်း ခွင့်ရဖို့ကအရေးကြီးပါတယ်။ 

    အနောက်နိုင်ငံတွေမှာတော့ အရွယ်ရောက်တဲ့သူတွေဆိုရင် ကိုယ့် စိတ်ကြိုက်ကိုယ့်ဘဝကို လျှောက်လှမ်းကြလေ့ရှိပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်တိုင်ကြိုးစားကြပြီး ကောင်းရင်လည်း ကိုယ် ဆိုးရင်လည်းကိုယ် ကိုယ်လုပ်ဆောင်သမျှကို ကိုယ် တိုင်က တာဝန်ယူရပါတယ်။ တခြားသောသူတွေရဲ့ စွက်ဖက်မှုတွေကို သိပ်ပြီး အာရုံထဲမထည့်တတ်ကြပါဘူး။ ကျွန်တော်တို့ ဆီမှာတော့ အထူးသဖြင့် မိဘအုပ်ထိန်းသူတွေရဲ့ပုံသွင်းမှုအတိုင်းရှင်သန် ရတာများပါတယ်။ မိဘကကောင်းစေချင်တဲ့စိတ်နဲ့ ပုံသွင်းကြတယ်။ သားသမီးအရေးကို ကာဆီးပါဝင်ပေးကြတယ်ဆိုပေမယ့် ကိုယ့်ရဲ့ဘဝဟာ ကိုယ်ပိုင်ပါ။ သူတို့ဘဝမဟုတ်တာကို လည်း နားလည်ထားရပါမယ်။ တခါတလေ ကောင်းစေချင်လို့ ဝင်ရောက် စွက်ဖက်မှုတွေက ကိုယ့်သားသမီးအတွက် အရမ်းကိုမှ စိတ်ညစ်စရာ စိတ်ထဲမှာ အစိုင်အခဲတစ်ခုဖြစ်သွားရင်တော့ ကောင်းနိုင် မှာမဟုတ်တာကိုလည်း သတိထားမိဖို့လိုပါသေးတယ်။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်...


    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    If you are afraid of failure, you don’t deserve to be successful.

    ဒီနေ့အတွက်စကား

    ရှုံးနိမ့်မှာကို ကြောက်နေမယ်ဆိုရင်တော့ အောင်မြင်မှုကိုလည်း ရနိုင်မှာမဟုတ်ဘူး။ဒီစကားကို ပြောခဲ့တဲ့သူကတော့ အမေရိကန်လူမျိုး NBA ဘက်စကတ်ဘောချန်ပီယံ Charles Barkley ပါ။ အားကစားသမားတစ်ယောက်ဖြစ်တဲ့အတိုင်း အောင်မြင်မှုပွဲစဉ်တွေရှိသလို ရှုံးနိမ့်ခြင်းကို ရင်ဆိုင်ရတဲ့ အချိန်မျိုးတွေလည်း သူ့ဘဝမှာ ကြုံတွေ့ဖူးမှာပါ။ ဒါပေမယ့် ရှုံးနိမ့်မှာကို ကြောက် ရွံ့မနေဘဲ ဆက်လက် ကြိုးစားလေ့ကျင့်ခဲ့လို့လာ ကမ္ဘာမှာ နံမည် အကြီးဆုံး NBA ရဲ့ ချန်ပီယံတစ်ယောက်ဖြစ်ခဲ့တာကလည်း သူ့ဘဝက သူပြောခဲ့တဲ့ ဒီစကားအတိုင်း သက်သေပြနေသလိုပါပဲ။ 

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    11 min
  • ဒီနေ့အတွက်စကား

    Always remember to fall asleep with a dream and wake up with a purpose.

    ကျွန်တော်တို့လူသားတွေအနေနဲ့ နေ့စဉ်ဘဝနေထိုင်မှုမှာ အိပ်ရာဝင်တဲ့အချိန်နဲ့ အိပ်ရာကနိုးထလာတဲ့အချိန်မှာ ဘာတွေ ကိုလုပ်ဆောင်သင့်သလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီစကားထဲကအတိုင်းဆိုရင်တော့ အိပ်ရာ ဝင်တဲ့ အချိန်တိုင်းမှာအိပ်မက်တစ်ခုမက်ဖို့ သတိရပါလို့ ပြောထားပါတယ်။ အဓိကဆိုလိုချင်တာကတော့ ကိုယ့်မှာ မျှော်လင့်ချက်တွေ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကိုကိုယ့်ရဲ့အသိစိတ်ထဲမှာမျက်ခြေမပြတ်ဖို့လိုအပ်တယ် ဆိုတဲ့အကြောင်းကိုပြောပြ ထားတာဖြစ်ပါတယ်။ တကယ်တော့ အိပ်မက်ဆိုတာနေ့ဘက် လှုပ်ရှားသွားလာရတဲ့အချိန်အတွင်းမှာကိုယ့်စိတ်ထဲမှာ ဖြစ်တည် နေတဲ့ အဖြစ်အပျက်တွေကနေ ပြန်လည်ပုံရိပ်ထင် မြင်မက်ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာကိုယ့်ဘဝအတွက် ပန်းတိုင်တွေ လုပ်ဆောင်စရာတွေရှိနေတဲ့သူကကိုယ့်ရဲ့အိပ်မက်ထဲမှာလည်းအဲဒီပန်းတိုင်တွေ လုပ်ဆောင်စရာတွေကပါလာ တတ်ပါတယ်။ ထို့အတူပဲနေ့ဘက်မှာကိုယ်ကြုံတွေ့ရတဲ့အခက်အခဲတွေရဲ့ ဖြေရှင်းနည်းတွေကိုလည်းကိုယ့်ရဲ့အိပ်မက်ထဲမှာ တစ်ခါတစ်ရံမှာရှာဖွေတွေ့ရှိတတ်ပါသေးတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုကတော့ ဘယ်အရာမှာပဲဖြစ်ဖြစ် တစ်ဖက်စွန်း ရောက်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ အပြင်ကစိတ်ဖိစီးမှုတွေကလုပ်ငန်းခွင်ကအခက်အခဲတွေကကိုယ့်ရဲ့အိပ်စက်အနားယူတဲ့ အချိန်ကိုအရမ်းကိုစွတ်ဖက်တာမျိုးတော့ မလုပ်သင့်ပါဘူး။

    3 min
  • ဒီနေ့အတွက်စကား

     don’t believe in taking right decisions, I take decisions and make them right.

    မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရယူခြင်းကို ငါအနေနဲ့ ယုံကြည်ခြင်းမရှိပါဘူး။ ချပြီးသားဆုံးဖြတ်ချက်တွေကိုပဲ မှန်အောင် လုပ်တတ် ပါတယ်တဲ့။ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်တဲ့ TATA Company ရဲ့ ပဲ့ကိုင်ရှင် အိန္ဒိယလူမျိုးသူဌေးကြီး Ratan Tata က ပြောကြားခဲ့တဲ့ စကားတစ်ခွန်းပဲဖြစ်ပါတယ်။ တကယ့်ကို နာမည်ကြီး လုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီးပြောကြားထားတဲ့စကားကလည်း တကယ့်ကိုမှ မှတ်သားထားစရာကောင်းတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ 

    ကျွန်တော်တို့ သက်ရှိလူသားတွေအနေနဲ့ ရှင်သန်ရုန်းကန်နေတဲ့ ဒီလောကထဲမှာ လုပ်ငန်းဆောင်တာတွေမှာပဲဖြစ်ဖြစ် ကိုယ့်ဘ၀ အတွက် ရွေးချယ်မှုတွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေကို ချရလေ့ရှိပါတယ်။ ဘဝတစ်ကွေ့မှာ ချမှတ်ခဲ့ရတဲ့ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေက အမြဲတမ်းတော့ ကိုယ့်ဘဝအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဖြစ်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ ကြုံ တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်နိုင်မှု အတိုင်းအတာတွေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်မှုရှိ သည် မရှိဘူးဆိုတာက ကွဲပြားသွားတတ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို တစ်ခါတလေမှာတော့ လွဲချော်သွားတဲ့ အတွေးတွေ ကြောင့် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်မိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုကို လုပ်ဆောင်နေ ရင်းနဲ့ မှားတာကို မှားမှန်းသိတဲ့အခါမှာ အချိန်မှီအမှန်ပြင်နိုင်ဖို့သာ လိုပါတယ်။

    3 min
  • ဒီနေ့အတွက်စကား

    Sunsets are proof that ending can be beautiful too.

    တစ်နေ့တာလုံးမှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အကောင်းဆုံးသောရလာဒ်တွေ၊ အကောင်းဆုံးသော မျှော်လင့်ချက်တွေ မရှိတော့ရင် တောင်မှ ဘယ်တော့မှ စိတ်ဓါတ်ကျအားမငယ်ဖို့အတွက် သွယ်ဝှိက်သောနည်းနဲ့ပြောပြ ထားတဲ့ စကားတစ်ခွန်းဖြစ်ပါ တယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ဘဝရဲ့ရှင်သန်ရာနေ့ရက်တိုင်းမှာအခက်အခဲတွေ၊ အတားအဆီး တွေ၊ စိန်ခေါ်မှုတွေ အများ ကြီးကြုံတွေ့နိုင်ပါတယ်။ ထို့အတူပဲကိုယ်လုပ်ဆောင်ကြိုးပမ်းထားမှုတွေကလည်းအောင်မြင်တဲ့အခါ လည်းအောင်မြင်နိုင်သလို ကိုယ်မဖြစ်ချင်၊မလိုချင်တဲ့ ရှုံးနိမ့်မှုတွေလည်းဖြစ်နိုင်ပါတယ်။ သဘာဝတရားကြီးကပေးတဲ့ ဘဝရဲ့ သင်ခန်းစာတွေကို လိုက်လံ လေ့လာရင်းနဲ့လည်းကိုယ်လိုချင်တဲ့အရာတွေရော၊ ကိုယ်မလိုချင်တဲ့အရာတွေကိုပါ ရနိုင်ပါသေးတယ်။ အဲဒါကိုကဘဝပါပဲ။ 

    အက္ခရာ၂လုံးတည်းနဲ့ဖွဲ့တည်ထားတဲ့ ရှုပ်ထွေးပွေလီတဲ့ ကိစ္စရပ်ပေါင်းများစွာရော ပျွန်းပေါင်းစုံနေတဲ့ ဘဝမှာ ကိုယ့်အတွက် အကောင်းတွေချည်းကိုပဲမျှော်လင့်နေလို့မရသလို၊ အဆိုးတွေချည်းပဲလက်ခံနေရမှာလည်း မဟုတ်ပါ ဘူး။အဆိုးတွေကြုံ တာ လည်း ဖြစ်ချင်ဖြစ်မယ်။ တကယ့်ကိုမှ ကောင်းပေ့ဆိုတဲ့အရာတွေ အခွင့်အလမ်းတွေကို လက်ဝယ်ပိုင်ဆိုင် လိုက်ရတာလည်း ဖြစ်ချင်ဖြစ်မယ်။ ကံတရားဆိုတဲ့အရာကိုဘယ်သူမှကြိုသိမြင်နိုင်တာမဟုတ်တဲ့အတွက် ဘာဖြစ်မယ်မှန်းမသိတဲ့ နေ့ရက်တွေထဲမှာ ကျွန်တော်တို့လူသားတွေ ဖြတ်သန်းကျင်လည်နေရပါတယ်။ လှိုင်းတွေပဲထန်မလား။ ဒါမှမဟုတ် မုန်တိုင်း တွေပဲတိုက်မလား၊ လေပြေညှင်းလေးတွေပဲကလူကျီစယ်မလားဆိုပြီးမျှော်တလင့်လင့်နဲ့ လူးကာလွန့်ကာကူးခတ်ရင်း ဘဝပင်လယ်ရဲ့ နေ့ရက် တွေကို ဖြတ်သန်းကြရမှာပါပဲ။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...