
Sign up to save your podcasts
Or


Confidence doesn’t come when you have all the answers. But it comes when you are ready to face all the questions.
မိမိကိုယ်ကိုယုံကြည်မှု
လောကမှာ ရုန်းကန်လှုပ် ရှားနေကြတဲ့ လူသားတိုင်း လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့နေရာမှာ မိမိကိုယ်ကိုယုံကြည်မှု ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ မိမိ ကိုယ်ကိုယုံကြည်မှုမရှိဘဲ လုပ်ဆောင်လိုက်တဲ့ အလုပ်ဆိုတာ ပြီးမြောက်သွားတယ် ဆိုရင် တောင်မှ ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ်ရွှတ်ဖြစ်နေတတ်ပါတယ်။ တကယ်တော့ လုပ်ငန်းကိစ္စတစ်ခုအောင်မြင်အထမြောက်သွား စေဖို့က လုပ်ဆောင်ကြိုးပမ်းသူရဲ့ စိတ် ထဲမှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်စိတ်က ရာခိုင်နှုန်းတော်တော်များများအရေးပါ ပါတယ်။
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
Remember, without the difficult times in your life, you wouldn’t be who you are today. Be grateful for the good and the bad.
ဒီနေ့အတွက်စကား
လူရယ်လို့ဖြစ်လာရင် ဘဝရဲ့ အချိုးအကွေ့တိုင်းမှာ အခက်အခဲတွေ အတားအဆီးတွေဆိုတာကို မလွဲမသွေတွေ့ကြုံရမှာပါ။ ကောင်းတာချည်းကိုပဲ ရယူ ချင်လို့လည်းမရသလို ဆိုးတာတွေကိုပဲ အချိန်ပြည့်တွေ့ကြုံရမှာလည်းမဟုတ်ပါဘူး။ ဘယ်သူမှ ပန်းမွေ့ယာရွှေကော်ဇော်ပေါ်မှာ အချိန်ပြည့် မစံစားနိုင်သလို၊ မုန်တိုင်းထန်ပြီးတဲ့နေ့ရက်တွေအလွန်မှာ လေပြေလေညှင်းလေးတွေကို ထိတွေ့ခံစားခွင့်လည်းရှိကြပါတယ်။ အဓိကကတော့ ကိုယ်တွေ့ကြုံဖြတ်ကျော်နေရတဲ့ အခက်အခဲအတားအဆီးတွေ တစ်နည်းပြောရရင် စမ်းသပ်မှုတွေကို လွယ်လွယ်နဲ့ အရှုံးမပေးလိုက်ဖို့ပါပဲ။
ဟိုတစ်ကွေ့မှာ ဒီတက်နဲ့လှော်သင့်ရင်လှော်ရမယ်။ ဒီတစ်ကွေ့မှာတော့ ဟိုလှော်တက်နဲ့ လှော်သင့်ရင် လှော်ရမှာပါ။ အဓိကကတော့ ကိုယ်ရင်ဆိုင်နေရတဲ့အခက်အခဲကို သူနဲ့လျော်ညီတဲ့ဖြေရှင်းပုံဖြေရှင်းနည်း အတိုင်း ထိုက်တန်တဲ့အားစိုက်ထုတ်မှုနဲ့ ဉာဏ်ရှိရှိနဲ့ ဖြတ်ကျော်ဖြေရှင်းဖို့ပါပဲ။ ဖြေရှင်းတဲ့အခါမှာလည်း ဘယ်သောအခါမှာ လွယ်လင့် တကူ မပြီးဆုံးနိုင်တဲ့ အခက်အခဲတွေလည်း ဖြစ်ချင်ဖြစ်မယ်။ လွယ်လွယ်လေးနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာတိမ်တိမ်လေးလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ အဓိကကတော့ ကိုယ်ဖြေရှင်းနေတဲ့ပြဿနာကို မပြီးဆုံးမချင်း လွယ်လွယ်လေးနဲ့ လက်လျော့ လိုက်တာ မျိုး မဖြစ်ဖို့ပါပဲ။
Maturity is not when we start speaking big things. It is when we start understanding small things.
ရင့်ကျက်တည်ငြိမ်မှုဆိုတာ ဘယ်လိုအရာကိုခေါ်ဆိုပါသလဲ။
လောကမှာ အသက်ရှင်နေထိုင်နေကျတဲ့သူတွေကြားမှာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါမှာပဲဖြစ်ဖြစ် အကျိုးတူစီးပွားရေး လုပ်ကိုင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ရင့်ကျက်တည်ငြိမ်မှုဆိုတာ လိုအပ်ပါတယ်။ စကားတစ်ခွန်းကို ဘရွတ်ရွှတ်တပ် မဆင်မခြင် ပြောဆိုတတ်တဲ့အခါမှာ တပါးသူရဲ့အထင်အမြင်သေးခြင်းကိုခံရနိုင်တဲ့အပြင် ကိုယ့်အတွက်ကိုလည်း ဒုက္ခရောက်စေနိုင်တဲ့ အထိဖြစ်ပွားနိုင်ပါတယ်။
အလုပ်တစ်ခုကိုလုပ်ကိုင်တဲ့အခါမှာလည်း အရူးချီးပန်း လုပ်ချင်သလိုလုပ်ကိုင်ခြင်းဟာ ကိုယ့်အတွက်အနှုတ်လက္ခဏာကိုသာ ဖြစ်စေမယ့် အရည်အချင်းတစ်ခုပါ။ ဒါကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြောတော့လုပ်တော့မယ်ဆိုရင် စဉ်းစားဆင်ခြင်ပြီးမှ လုပ်ကိုင်ရပါမယ်။ ပြောချင်ရာကို စွတ်ပြောနေရုံနဲ့ အလုပ်တကယ်လုပ်တဲ့ အခါမှာတော့ သေသပ်မှုမရှိ၊ အောင်မြင်မှုကိုမရဖြစ်တဲ့ အခါမှာ အများရဲ့ ကဲ့ရဲ့ခြင်းကိုလည်း ခံရနိုင်ပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...
Just because you’re right doesn’t mean I’m wrong, you just haven’t seen life from my position.
လောကမှာရှိတဲ့လူသားတွေမှာ ရုပ်ရည်သွင်ပြင်ခန္ဒာကိုယ်တွေ မတူညီသလို အတွင်းမှာတွေးတောကြံစည်မှုတွေ၊ စိတ်နေစိတ် ထားတွေလည်း မတူညီကျပါဘူး။ ရုပ်ရည်သွင်ပြင်မတူညီခြင်း ကြောင့် တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားနေမှုတွေ မရှိ ပေမယ့် စိတ်နေစိတ်ထား ခံယူချက်တွေမတူညီမှုတွေကြောင့်တော့ အငြင်းပွားမှုတွေ ဖြစ်လေ့ရှိကြပါတယ်။ လူတိုင်းကတော့ ကိုယ်လုပ်လိုက်တဲ့လုပ်ရပ်ကိုပဲ အမှန်လို့ ယူဆတတ်ကြပါတယ်။ ကိုယ် ပြောလိုက်တဲ့စကားကိုပဲ အမှန်လို့ ထင်တတ်ကြပါတယ်။ ကိုယ်နဲ့အမြင်ခြင်းမတူညီတဲ့ ကိုယ့်စကားနဲ့ ဆန့်ကျင်သလို ဖြစ်နေတဲ့သူတွေနဲ့ ပဋိပက္ခလိုမျိုး စကားတွေများတတ်ကြ၊ စိတ်တွေခုပြီး ဒေါသတွေထွက်တတ်ကြပါတယ်။
ပြဿနာတစ်ခုရဲ့ အဓိက အခြေအမြစ်ကို ရှာဖွေတဲ့အခါမှာ တစ်ယောက်နဲ့ ထပ်တူညီတဲ့ အဖြေမျိုးထွက်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စတစ်ခုပါပဲ။ ဒါပေမယ့် သေချာသုံးသပ်ကြည့်မယ်ဆိုရင် ကိုယ့်ခံယူချက်နဲ့ သူတပါးရဲ့ခံယူချက် ထပ်တူညီချင်မှတူပါလိမ့်မယ်။ လက်တစ်ဖက် ထဲက လက်ချောင်းတွေရဲ့ အရှည်အတို အပုအဝမတူညီတတ်ကြပါဘူး။ အဲဒီလို ကိုယ့်လက်တစ်ဖက်တည်းက လက်ချောင်းတွေ ရဲ့ ပုံစံက ထပ်တူမညီနိုင်သလိုပဲ မိဘအတူတူက မွေးဖွားလာတဲ့ မောင်နှမသွေးရင်းထဲမှာလည်း မတူညီတဲ့ အမြင်တွေ အယူအဆတွေ ကွဲပြားလို့နေအုန်းမှာပါပဲ။
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
A strong person knows how to keep their life in line. With tears in their eyes, still manages to say, “Nah, I’m Fine”.
လောကမှာ အသက်ရှင်သန်နေသေးသမျှကာလပတ်တစ်ခုလုံးမှာ အခက်အခဲတွေ၊ အတားအဆီးတွေ၊ ပူဆွေးသောကဖြစ်စေ မယ့်အကြောင်းအရာတွေ၊ ဆုံးရှုံးလဲပြိုမှုတွေစတဲ့ စတဲ့ ဘယ်သူမှမလိုချင်တဲ့အရာတွေလည်း အများကြီးရှိ လို့နေပါတယ်။ ကိစ္စများမြောင်လူတို့ဘောင်ဆိုတဲ့အတိုင်း များပြားလှတဲ့လူ့ဘဝရဲ့ အတက်အကျအနိမ့်အမြင့်တွေကြားမှာ မလူးသာ မလွန့်သာရုန်းကန်နေရတဲ့သူတွေလည်း အများကြီးပါ။
From the publisher's feed
Wherever you go PadamyarFM will be there with you...