
Sign up to save your podcasts
Or


လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
ဒီနေ့အတွက်စကား
Sometimes, we have to fight for what we love and care about. Other times, we have to find the courage to let go of the things we love most.
ဒီနေ့အတွက်စကား
ကျွန်တော်တို့အတွက် အချိန်တော်တော်များများမှာ ကိုယ်လိုချင်တဲ့ ကိုယ့်အတွက်တန်ဖိုးရှိတဲ့ ကိုယ်ချစ်ခင်မြတ်နိုးရ တဲ့အရာတွေ လူတွေအတွက် တိုက်ပွဲဝင်သလို ကြိုးစားနေရပါတယ်။ အဲဒီလိုကြိုးစားမှသာလည်း ဘဝကတိုးတက်လာမှာပါ။ ကိုယ့်ရှေ့မှာ မက်လောက်စရာတန်ဖိုးကြီးအရာတစ်ခု ဒါမှမဟုတ် ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေအတွက် ကြိုးစားမှရမယ်ဆိုတဲ့ စိတ်ကြောင့်ပဲ လူတွေက မောမှန်းမသိအောင် အလုပ်တွေကို ကြိုးစားကြပါတယ်။ မက်လုံးနောက်ကိုလိုက်တတ်တဲ့လူသားဆန်တဲ့ စိတ်အခြေ အနေတစ်ခုပါပဲ။ ဒီလိုနဲ့ပဲ ကမ္ဘာကြီးကတိုးတက်လာတယ်။ လူတစ်ယောက်ခြင်းစီရဲ့ဘဝတွေက တိုးတက်လာခဲ့ပါတယ်။ မက်စရာ မရှိတဲ့ဘဝမှာဆိုရင် ဘာကိုမှ ကြိုးစားချင်စိတ်လည်းမရှိတော့ပါဘူး။ ရည်မှန်းချက်ဆိုတာလည်းမရှိတဲ့သူတစ်ယောက်က ဘယ်နည်းနဲ့မှ တိုးတက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကကိုယ့်အတွက် တန်ဖိုးရှိတဲ့ရည်မှန်းချက်နဲ့ ကိုယ့်အတွက် မက်မောခင်တွယ်စရာအရာတစ်ခုခုကတော့ရှိနေသင့်ပါတယ်။ ဒီလိုနဲ့ တချို့သောအချိန်တွေမှာကြတော့လည်း အဲဒီလို မျိုးကိုယ်ချစ်ခင်ရတဲ့အရာတွေကို လက်လွတ်ဖို့အတွက်ဆိုရင်လည်း ကျွန်တော်တို့တတွေ စွန့်စားရပါမယ်။
တစ်ခါတစ်ရံမှာငါတို့ချစ်တဲ့ဂရုစိုက်တဲ့အရာတွေအတွက်ငါတို့တိုက်ပွဲဝင်နေရတတ်ပါတယ်။ တခြားအချိန်တွေမှာတော့ ငါတို့ချစ်တဲ့ အရာတွေကိုစွန့်လွတ်နိုင်တဲ့သတ္တိကိုငါတို့ရှာဖွေနေရတတ်ပါတယ်။
You don’t need a perfect relationship. All you need is someone who loves your weirdness, want to spend time with you and respects you.
သီချင်းတစ်ပုဒ်ရှိပါတယ်။ အချစ်နဲ့ လွတ်ကင်းတာဘယ်သူမှမရှိတဲ့။ သိပ်ကိုမှ မှန်ပါတယ်။ လူသားတိုင်းဟာ ချစ်တတ်ကြပါတယ်။ တစ်ဦးတစ်ယောက်တည်း ရပ်တည်နေတဲ့သူတွေမှာလည်း အချစ်ဆိုတာကို ထိတွေ့ခံစားခဲ့ဖူးတဲ့ ဘဝအခိုက်အတန့်ကို ပိုင်ဆိုင် ခဲ့ဖူးကြပါတယ်။ မချစ်ဘူးတဲ့သူဆိုတာ မရှိဘူးလို့ ကျွန်တော်ကတော့ ခိုင်ခိုင်မာမာပြောချင်ပါတယ်။ ဘယ်သူ့ကိုမှမချစ်ရင်တောင် မှ မိမိကိုယ်မိမိတော့ ချစ်တတ်တဲ့သူတွေ၊ မိမိရဲ့ မိသားစုအသိုက်အဝန်းကိုတော့ ချစ်ကြတဲ့သူတွေချည်းပါပဲ။ အဲဒီအတွက် ကိုယ့် အတွက် ပေါင်းသင်းဆက်ဆံရေးတစ်ခုဆိုတာ သိပ်ကိုမှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အရာပါ။
အဲဒီလိုမျိုး အရေးကြီးတဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အမြဲတမ်း ကောင်းမွန်ပြည့်စုံနေဖို့အတွက် လူတိုင်းက မျှော်မှန်းကြပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေး၊ ပြည့်စုံတဲ့ ဆက်ဆံရေး၊ သာယာတဲ့ ဆက်ဆံရေး စသဖြင့် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အကောင်း ဆုံးဆိုတာကို အချိန်တိုင်း တောင်းတတတ်ကြပါတယ်။ ဒါပေမယ့် ဆက်ဆံရေးတိုင်းကတော့ တစ်သတ်မတ်တည်း ကောင်းမွန် ပြည့်စုံနေမှာတော့ မဟုတ်ပါဘူး။ တစ်အူတုံဆင်း ညီအကိုမောင်နှမအချင်းချင်းတောင်မှ သူ့အတွေးအခေါ်နဲ့ ကိုယ့်အတွေးအခေါ် ထပ်တူမညီနိုင်တဲ့အတွက် အငြင်းပွားမှုတွေက တစ်ချိန်မဟုတ်တစ်ချိန်မှာ ဖြစ်ပေါ်နိုင်တဲ့အတွက် ကတောက်ကဆဖြစ်တတ်ပါ တယ်။ ဒါပေမယ့် အရေးကြီးတဲ့အချိန်မှာတော့ မောင်ရင်းနှမ သွေးစည်းညီညွတ်လေ့တော့ရှိပါတယ်။
ဒီနေ့အတွက်စကား
If you want to know someone’s mind, listen to their words. If you want to know their heart, watch their actions.
တခြားသူတွေရဲ့ စိတ်ကိုသိချင်တယ်ဆိုရင်သူတို့ ပြောတဲ့စကား တွေကို နားထောင်ပါ။ သူတို့ရဲ့ နှလုံးသား ဘယ်လိုလဲဆိုတာ သိချင်တယ်ဆိုရင်တော့ သူတို့ရဲ့ လုပ်ဆောင်မူတွေကို စောင့်ကြည့်ပါလို့ ဒီနေ့အတွက် စကားက ဆိုလိုရင်းရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ စိတ်ကိုသိချင်တယ်ဆိုရင် သူတို့ပြောတဲ့စကားကို အချိန်ပေးနားထောင်ပေးရပါမယ်။ ဒါမှမလည်းသူစိတ်ထဲမှာ ဘယ်လိုတွေရှိနေတယ်။ ဘာတွေကြံစည်နေတယ်ဆိုတာတွေကို ရိပ်မိနိုင်မှာပါ၊၊ နားထောင်တဲ့အခါမှာလည်း ကိုယ်က အချိန်တော့ပေးဖို့လိုတယ်။ အချိန်ခဏလေးအတွင်းမှာတင် သူပြောတဲ့စကားတွေလောက်ကို ယုံကြည်လို့ သူဟာဘယ်လို စိတ်နေစိတ်ထားရှိတယ်ဆိုပြီးလွယ်လင့်တကူ ကောက်ချက်ချလိုက်မယ်ဆိုရင်တော့ လွဲချော်နိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို သိချင်တယ်ဆိုရင်တော့ အချိန်တစ်ခုတော့ပေးဖို့ လိုအပ်ပါတယ်။
လူတစ်ယောက်ရဲ့ နှလုံးသားနဲ့ ခံယူချက် တွေကိုသိချင်တယ်ဆိုရင်တော့ သူရဲ့လုပ်ဆောင်မူတွေကိုလည်း အချိန်ပေးစောင့်ကြည့်ဖို့လိုပါတယ်။ တချို့သောဟန်ဆောင်ကောင်းတဲ့သူတွေက ပါးစပ်ကတော့ ဖြူးနေအောင် ရွှန်းရွှန်းဝေပြောဆိုတတ်ပေမယ့် သူရဲ့ လုပ်ရပ်ကို သေချာစောင့်ကြည့်မယ်ဆိုရင်တော့ အထင်ကြီးစရာ လောက်လောက်လားလား မရှိတာတွေလည်း ဖြစ်နိုင်ပါတယ်……….
ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။
သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှ ချစ်ပရိသတ်တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်...........
Songs In Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
Be an example. Show kindness to unkind people. Forgive people who don’t deserve it. Love unconditionally. Your actions always reflect who you are.
လောကမှာကိုယ့်အနေနဲ့ ဘယ်လိုလူစားမျိုးလဲဆိုတာကိုကိုယ့်ရဲ့လုပ်ရပ်တွေကရောင်ပြန်ဟပ်နေစေမှာပါ။ အထူးသဖြင့် လူသားအားလုံးအတွက် ဥပမာတစ်ခုအနေနဲ့ နေထိုင်တတ်ရပါမယ်။ ဥပမာဆိုတဲ့နေရာမှာလည်းကောင်းတဲ့နေရာမှာ စံနမူနာထားစရာကောင်းတဲ့လူသားတစ်ယောက်အဖြစ် ကျန်တဲ့သူတွေက မြင်နေအောင်နေထိုင်သင့်ပါတယ်။ ဘယ်လိုမျိုးတွေ နေထိုင်ရမလဲဆိုတာကိုတော့ ဆက်ပြီးအကျယ်တဝင့်ရှင်းပြချင်ပါတယ်။
လောကမှာလူအမျိုးမျိုးရှိပါတယ်။ ပုံသဏ္ဍာန်တွေ မတူကွဲပြားသလိုဘဲစိတ်ဓါတ်ခံယူမှုတွေလည်း ခြားနားကြပါတယ်။ အဲဒီအခါမှာကိုယ်ကကိုယ်နဲ့ သဘောထားခြင်းတူညီတဲ့သူတွေ လည်းတွေ့ဆုံရမှာဖြစ်သလိုကိုယ်နဲ့သဘောထားခြင်းမတူညီတဲ့သူတွေနဲ့လည်းဆုံတွေ့ရမှာပါပဲ။ အဲဒီအခါမှာကိုယ်နဲ့ မတူညီကွဲပြား တဲ့သူတွေအပေါ်ကိုလည်းအကောင်းဆုံးစိတ်ရင်းစိတ်ထားနဲ့ ဆက်ဆံတတ်ဖို့လိုပါတယ်။ တပါးသူကတခြားသူတွေ အပေါ် မောက်မာရိုင်းစိုင်းစွာဆက်ဆံတတ်ပေမယ့်လည်းကိုယ်ကတော့ သူတို့ရိုင်းသလိုလိုက်မရိုင်းဘဲယဉ်ကျေးစွာဆက်ဆံရပါမယ်။ မကြင်နာတတ်တဲ့သူတွေကိုလည်းကိုယ်က ကြင်နာမှုအပြည့်နဲ့ဆက်ဆံပြလိုက်ပါ။ သူတို့အနေနဲ့ မကြင်နာမှုတွေဟာကိုယ်ရဲ့ ကြင်နာစွာဖေးမဆက်ဆံမှုတွေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကိုသူတို့ကိုယ်တိုင်ပြန်လည်သုံးသပ်ဆင်ခြင်သွားတာမျိုး ဖြစ်အောင် ဆက်ဆံတတ်ရပါမယ်။
Just because you are struggling does not mean you are failing. Keep believing and good things will happen.
လောကမှာရှင်သန်နေကြတဲ့လူသားတိုင်း အခက်အခဲတွေ၊ အတားအဆီးတွေ၊ ပြဿနာပေါင်းစုံတွေကို ဖြတ်ကျော်နေရပါတယ်။ မိခင်ဝမ်းကြာတိုက်မှာရှိနေတဲ့အချိန်မှာကတည်းက အသက်ရှင်နိုင်ဖို့အတွက် ရုန်းကန်ရပါတယ်။ လူရယ်လို့ဖြစ်လာတဲ့အချိန်မှာ လည်း သူ့အရွယ်နဲ့အလိုက် ရင်ဆိုင်ဖြတ်ကျော်ရတဲ့ ဘဝကပေးတဲ့ ပြဿနာတွေက တန်းစီနေပါ တယ်။ ပညာသင်ကြားရမယ့် ငယ်ရွယ်တဲ့အချိန်မှာလည်း ကိုယ်မသိသေးတဲ့ပညာရပ်တွေကို ကြိုးစားသင်ကြားနေရမှုဆိုတာ လည်း တစ်နည်းပြောရရင် ရုန်းကန်မှုပါပဲ။ ဒီလိုနဲ့ ဒုတိယအရွယ်မှာလည်း သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရှာဖွေစားသောက်ရင်း ဘဝရဲ့ အခက်အခဲတွေကို ရုန်းကန်လှုပ်ရှားနေရမှာပါပဲ။ ခေတ်စနစ်ရဲ့ နောက်ကိုလိုက်နေရင်းနဲ့လည်း ခေတ်ရဲ့လိုအပ်ချက်တွေ ကို လိုက်ရင်းလည်း ရုန်းကန်နေရတာပဲမဟုတ်ပါလားဗျာ။ ဒီလိုနဲ့ ကျန်းမာရေးပြဿနာတွေကိုရင်ဆိုင်နေရတဲ့ မကျန်းမာတဲ့လူ တစ်ယောက်အနေနဲ့ လည်း ပြန်လည်ကျန်းမာလာဖို့၊ ရောဂါအခြေအနေတွေ ပိုဆိုးမလာဖို့ ဆေးဝါးအကူအညီနဲ့ပဲဖြစ်ဖြစ် သေခြင်း နာခြင်းတရားတွေနဲ့ စစ်ခင်းလို့ ရုန်းကန်ရပြန်တာပါပဲ။ ဒါဆိုရင် လူ့ဘဝဆိုတာ ရုန်းကန်လှုပ်ရှားနေရမှုတွေနဲ့ အသားကျနေတာပါပဲ။
From the publisher's feed
Wherever you go PadamyarFM will be there with you...