Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Do right. Do your best. Treat others as you want to be treated.

    ဒီနေ့အတွက်စကား

    လောကမှာရှင်သန် ရပ်တည်ကြတဲ့ လူသားတွေအနေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ ပြဲဖစ်ဖြစ် ကောင်းမွန်တဲ့ စိတ်နေစိတ်ထားနဲ့လုပ်ဆောင်တတ်စေဖို့ သတိပေးထားတဲ့စကားလည်းဖြစ်ပါတယ်။ မိမိလုပ်ကိုင်သမျှ တွေတိုင်းက ကောင်းမွန် ခြင်းတွေဖြစ်နေဖို့ ကောင်းတာတွေကိုပဲ ရွေးချယ်လုပ်ဆောင်သင့်ပါတယ်။ 

    ကောင်းတာတွေကိုလုပ်ကိုင်ရင်းနဲ့ ကိုယ့်အတွက်ရော တပါးသူအတွက်ကိုပါ ထိခိုက်မှုမရှိတဲ့ အကျိုးကျေးဇူးသာဖြစ်စေမယ့် အရာတွေကို ကိုယ်ကလုပ်ဆောင်တဲ့သူ ဖြစ်ပါစေ။ ဒါမှသာ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းက အများကြားမှာ ကိုယ်မရှိတော့သည့် တိုင်ကို မွေးပျံနေမှာပါ။ အဲဒီလို ကောင်းတာတွေကိုလုပ် ဆောင်တဲ့နေရာမှာလည်း အကောင်းဆုံးသောစွမ်းဆောင်နိုင်မှုနဲ့ အားသွန်ခွန်စိုက်လုပ်ဆောင်ပါ။ 

    ဘာအလုပ်ကိုပဲလုပ်လုပ် အား စိုက်ထုတ်လုပ်ဆောင်မယ်။ စေတနာပါပါလုပ်ဆောင်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ အမြင့်တစ်နေရာ ကို တစ်ချိန်မဟုတ်တစ်ချိန်မှာ မလွဲမသွေရောက်ရှိမှာအသေအချာပါပဲ။ အဓိကအားဖြင့် ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုအပေါ်ကို ရာခိုင်နှုန်းပြည့်စိတ်ပါဝင်စားမှုနဲ့ လုပ်ဆောင်ရပါမယ်။ အောင်မြင်ပြီးမြောက်တဲ့အထိ လိုအပ်တဲ့အားစိုက်ထုတ်မှုတွေကို ရင်းနှီးရပါမယ်။ အောင်မြင်မှုကိုရဖို့အ တွက် လိုအပ်ချက်တွေကိုလည်း ဖြည့်တင်းရပါမယ်။ ဒါမှသာ ကိုယ်ရဲ့လုပ်ဆောင်မှုက အကောင်းဆုံးဖြစ်ပြီး အောင်မြင်ခြင်းဆီကို ရောက်မှာပါ။

    3 min
  • ဒီနေ့အတွက်စကား

    If you can lie down at night, knowing in your heart that you made someone’s day just a little bit better, you know you had a good day.

    ကိုယ်တတ် နိုင်တဲ့အခန်းကဏ္ဍတစ်ခုမှာ ကိုယ့်အနေနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ကူညီပေးဖို့အတွက် အသိပေးထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ လောကမှာ လူသားတိုင်း လူသားတိုင်းက သူ့အတိုင်းအတာနဲ့သူ နေ့ရက်တိုင်းမှာ အခက်အခဲတွေ အတားအဆီး တွေ၊ စိန်ခေါ်မှုတွေ၊ ဒုက္ခသုက္ခတွေကို ခါးစည်းရင်ဆိုင်နေကြရပါတယ်။ ကိုယ့်မှာလည်း ကိုယ့်အတွက်အခက်အခဲဆိုတာရှိမယ်။ သူ့မှာလည်း သူ့အတွက် ရင်ဆိုင်နေရတဲ့ စိတ်ဆင်းရဲမှုဆိုတာလည်း ရှိမှာပါပဲ။ အဲဒီအခါမှာဘာဖြစ်လဲဆိုတော့ လူတိုင်းက ကိုယ် ကြုံတွေ့နေရတဲ့အခက်အခဲသည်သာအကြီးဆုံး၊ ကိုယ့်အပူသာအပူဆုံးလို့ တွေးပြီး ကျန်တဲ့အရာတွေက ကိုယ့်အရေးလောက် ဘာမှအရေးမကြီးဘူးလို့ ထင်တတ်ကြပါတယ်။ ကိုယ့်ကိစ္စကိုယ်ရှင်းနေရုံနဲ့ပဲ တခြားသောသူတွေ ဘာဖြစ်နေလဲဆိုတာကို လှည့် ကြည့်ဖို့ အခွင့်အရေးမပေးတတ်တော့ပါဘူး။ ဒါပေမယ့် ကိုယ့်အနေနဲ့ ကိုယ့်ရဲ့မျက်စိရှေ့မှာ အတိဒုက္ခရောက်နေတာ၊ အကူအညီ တစ်ခုခုလိုအပ်နေတာမျိုးတွေ တွေ့ခဲ့တယ်။ ကိုယ့်အနေနဲ့လည်း ကူညီပေးဖို့ စွမ်းအားတွေရှိတယ်ဆိုရင်တော့ တတ်စွမ်းသမျှကူညီပေးလိုက်ပါ။

    ညအချိန်သင်လဲလျောင်းနေတဲ့အချိန်ပြန်တွေးမိရင် သင့်အနေနဲ့ တစ်စုံတစ်ယောက်အတွက် အနည်းငယ်သောကူညီမှုကိုလုပ် ဆောင်ပေးမိခဲ့တယ်ဆိုရင် သင့်ရဲ့တစ်နေ့တာက ကောင်းမွန်တဲ့နေ့တစ်နေ့ပါပဲ။

    3 min
  • Songs In Yangon

    ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။

    သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In  Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။ 

    ရန်ကုန်မြို့မှ ချစ်ပရိသတ်‌တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်...........

    Songs In  Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......

    25 min
  • ဒီနေ့အတွက်စကား

    Never beg anyone to create space for you in their life, because if they know your worth, they would surely create room for you on their own.

    လောကမှာ တချို့တချို့သောလူတွေရှိပါတယ်။ သူတို့အတွက် အလုပ်ခွင်မှာပဲဖြစ်ဖြစ် ပေါင်းသင်း ဆက်ဆံရေးမှာဖြစ်ဖြစ် အောက်ကျခံပြီးပေါင်းသင်းတတ်ကြပါတယ်။ သူတို့ကို တခြားသူတွေ ပစ်ကျင်ထားမှာကို သူတို့တတွေစိုး ထိတ်တတ်ကြပါတယ်။ ဘာလို့လဲလို့မေးရင် သူတို့တွေကဖြေပါတယ်။ လူ့အောက်ကျို့လို့ လူမပိဘူးဆိုပြီး ပြန်ဖြေ ကြပါတယ်။ ဒါလည်း မှန်သင့်သ လောက်မှန်ပါတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ချိုသာပျူငှာတဲ့အပြောအဆို အနေအထိုင်ရှိသင့်ပါ တယ်။ ဒါပေမယ့် ကိုယ်က ယဉ်ကျေးတိုင်းလည်း ကိုယ့်အပေါ်မယဉ်ကျေးတဲ့ နိုင်လိုထက်စီးလုပ်ချင်ကျတဲ့သူတွေရှိနေတတ်တဲ့ အတွက် အမြဲတမ်း လူတိုင်းကို အလျော့ပေးဆက်ဆံလို့မဖြစ်တဲ့အခါတွေလည်းရှိတတ်ပါတယ်။ ကိုယ်က အလိုက်အထိုက် ဆက်ဆံပေးလိုက်ပေမယ့် ကိုယ့်ရဲ့ ပျော့ကွက်ကို နင်းပြီး ကိုယ့်အပေါ်အနိုင်ယူမယ့်သူတွေရန်ကရှိနေတတ်လို့ လူတိုင်းကို ကိုယ့်စိတ်အတိုင်းမှတ်လို့ ဆက်ဆံတတ်ခြင်းကို သတိထားရပါမယ်။

    တစ်စုံတစ်ယောက်ကို သူတို့ဘဝမှာ သင့်အတွက်နေရာပေးဖို့ ဘယ်သောအခါမှ မတောင်းဆိုပါနဲ့။ တကယ်လို့သင့်ရဲ့တန်ဖိုးကို သူတို့နားလည်ရင် သူတို့ကိုယ်တိုင်နေရာပေးလာမှာပါ။

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    11 min
  • ဒီနေ့အတွက်စကား

    Relax. You are enough. You do enough. Breathe extra deep, let go, and just live right now in the moment.

    လောကအလယ် မှာအားကြိုးမာန်တက်ကြိုးပမ်းရင်းအမောကြီးမောနေတတ်တဲ့သူတွေအတွက် သတိပေးထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ အထူးသဖြင့်ဆိုရင် အလုပ်ဇောကြီးတတ်တဲ့သူတွေအတွက်ပိုပြီးသက်ဆိုင်မယ့်စကားလည်းဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင် လည်းတစ်ခါတစ်လေအလုပ်ဇောကပ်လွန်းတဲ့အခါမှာဒီစကားလေးကိုသတိတရနဲ့ရေရွတ်မိပြီး ကိုယ့် စိတ်ကိုကိုယ် ဖြေလျော့ လေ့ရှိပါတယ်။ တခါတလေမှာကိုယ့်ဘက်ကရေကုန်ရေခမ်းကြိုးစားပါရက်နဲ့ ကံတရားကမျက်နှာသာမပေးတဲ့ အခါ မျိုးတွေ မှာကိုယ် မျှော် မှန်းထားသလောက် ရလာတဲ့ရလာဒ်ကမကောင်းတဲ့အခိုက်အတန့်မျိုးတွေ ကျွန်တော်တို့ကြုံတွေ့ရတတ် ပါတယ်။ 

    ကိုယ့်ဘက်ကအောင်မြင်မှုကြီးကြီးမားမားကိုမျှော်တွေးလို့ ကျားကုတ်ကျားခဲစားချိန်မမှန် အိပ်ချိန်မမှန် ကြိုးစားခဲ့တယ်။ တခြားသူ တွေအနားယူနေတဲ့အချိန်မှာတောင် ကိုယ့်အနေနဲ့ ဒီကိစ္စကိုပဲအာရုံစူးစိုက်ပြီးအကောင်းဆုံးဖော်ဆောင်တယ်။ ဒါပေမယ့် ကံ တရားက ဖြစ် တည်ခွင့်မပေးသေးတဲ့အခါမှာဆိုရင် ဘယ်ကိစ္စမဆိုအတင်းကြီးဘယ်လောက်ပဲအားစိုက်အားစိုက် ဖြစ်တည်မလာ နိုင်ပါဘူး။ ကံမရှိရင် ဉာဏ်ရှိတိုင်းလည်းမွဲတတ်ပါတယ်။ ဒါကြောင့် ကံတရားကြောင့် ကိုယ်ကြိုးစားပါရက်နဲ့ ဖြစ်တည်အောင်မြင် မလာတဲ့ အခါမှာကိုယ့်အနေနဲ့ စိတ်ပျက်အားငယ်မှုကိုခံစားရတတ်ပါတယ်။ မရမကထပ်ပြီးတော့ ကြိုးစားချင်စိတ်တွေရှိနေသေး တဲ့ အခါမှာထပ်ပြီးကြိုးစား၊ ထပ်ပြီးတော့ ဖြစ်မလာတဲ့အခါမှာပိုပြီးတော့ ဒေါသတွေထွက်ပြီးကိုယ့်ကိုကိုယ်ပါ စိတ်တိုင်းမကျနိုင် တော့ဘဲကိုယ်ပဲတစ်နေရာရာတစ်ခုခုမှာညံ့သလိုမျိုးခံစားရတဲ့အခိုက်အတန့်တွေဖြစ်ခဲ့ပြီဆိုရင် ဒီစကားကိုသတိရလိုက်ပါ။

    3 min
  • ဒီနေ့အတွက်စကား

    Quality is never an accident. It is always the result of intelligent effort.

    ဒီစကားကိုပြောခဲ့တဲ့သူကတော့ ၁၉၀၀ပြည့်လွန်နှစ်တွေအထိ သူရဲ့ ပြောင်မြောက်လှတဲ့ အရေးအသား တွေနဲ့ လွှမ်းမှိုးစေခဲ့သူ အင်္ဂလိပ်လူမျိုး စာရေးဆရာနဲ့ ပန်းချီဆရာ John Ruskinပါ။ သူပြောခဲ့သလိုပါပဲ။ တကယ်တော့ လူတစ်ယောက်မှာ အရည်အချင်းအရည်အသွေးဆိုတာ အလကားသက်သက် မတော်တဆဆန်ဆန် ဖြစ်တည်လာတဲ့အရာတစ်ခုမဟုတ်ပါဘူး။ အရည်အချင်းတစ်ခုဖြစ်လာဖို့ နဂိုကတည်းက ကိုယ့်မှာထိုးထွင်းသိမြင်နိုင်တဲ့ ထက်မြက်တဲ့ဉာဏ်ပညာရှိရပါမယ်။ တစ်ဦးနဲ့တစ်ဦးလည်းကိစ္စရပ်တစ်ခုပြဿနာတစ်ခုကိုယူဆပုံထင်မြင်ပုံမတူနိုင်တဲ့အတွက်အရည်အချင်းတွေလည်း မတူနိုင်ပါဘူး။ ကိုယ်မလုပ်နိုင်တဲ့အရာတစ်ခုကိုသူလုပ်နိုင်ရင်လုပ်နိုင်မှာဖြစ်သလို သူ့မှာမရှိတဲ့အရည်အချင်းကို ကိုယ့်မှာပိုင်ဆိုင်ထားတာလည်း ဖြစ်နိုင်ပါတယ်။

    ဘယ်သူမှ အရာခပ်သိမ်းမှာထူးချွန်ထက်မြက်နေတာမျိုးမရှိတဲ့အတွက် သူတပါးမှာရှိတဲ့အရည်အချင်းကိုယ့်မှာ မရှိရင် အားငယ်စိတ်ဓါတ်ကျနေစရာမလိုပါဘူး။ ကိုယ့်မှာလည်း တခြားသူတွေနဲ့မတူတဲ့ တမူထူးခြားတဲ့ တခြားအရည်အချင်း တစ်ခုခရှိနေနိုင်ပါတယ်။ အဲဒီအရည်အချင်းဘာလဲဆိုတာကိုသာ ဆင်ခြင်သုံးသပ်လို့ သိအောင်ကြိုးစားပါ။ သိပြီဆိုရင်တော့ အဲဒီအရည်အချင်းကို ပိုပြီးတောက်ပြောင်လာအောင် ဖြည့်ဆည်းသင့်တဲ့အချက်တွေကို ဖြည့်တင်းပါ။ ဆက်စပ်နေတဲ့ပညာရပ် တွေကို ဆည်းပူးလေ့လာပါ။ ဘယ်အရာမှအလကားဖြစ်တည်လာတာမဟုတ်တဲ့အတွက် မိမိရရှိထားတဲ့အရည်အသွေးကို အမြတ်တနိုးတန်ဖိုးထားပြီး အရောင်တင်ပါ။ ကြက်ကန်းဆန်အိုးတိုးသွားတာမျိုးမဟုတ်ဘူးဆိုတာ သေချာပြီဆိုရင်တော့ အဲဒီ အရည်အသွေးကို ဆုတ်ကိုင်လို့ တစိုက်မက်မက် ကြိုးစားပါ။ အဲဒါကသာ အောင်မြင်ဖို့အတွက် အဓိကအချက်ပါပဲ။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    If it’s challenging you, testing you, and pushing you.It’s helping you become more of who you’re meant to be.

    ဘဝမှာ ကိုယ့်အနေနဲ့ ဖြတ်သန်းတွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကြောက်ရွံ့ပြီး ကျော်ဖြတ်ဖို့ မဝံ့မရဲဖြစ်နေတဲ့ လူသားတွေ အတွက် အသိပေးထား တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာ လူရယ်လို့ဖြစ်လာရင် သူ့အရွယ်အလိုက် သူ့ရဲ့ရောက်ရှိ နေတဲ့အခြေအနေအလိုက် စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေကို တွေ့ကြုံရလေ့ရှိပါတယ်။ ကလေးဘဝမှာလည်း ကလေးဘ၀ အတွက် စမ်းသပ်စိန်ခေါ်မှုတွေရှိ နေသလို၊ တဖြည်းဖြည်းနဲ့ အချိန်တန်အရွယ်ရောက်လာပြီး လုပ်ငန်းခွင်ဝင်တဲ့သူတွေမှာလည်း နေ့စဉ်တိုင်းနီးပါးမှာ အခက်အခဲ တွေအတားအဆီးတွေဆိုတာကို တွေ့ကြုံရတာပါပဲ။ နောက်ဆုံး ခန္ဒာဝန်ကိုယ်မချခင်အထိ အသက်ဆက်ရှင်ချင်ကြတဲ့ လူသား တွေနဲ့ လောကရဲ့အမှန်တရားသေမင်းတို့က စစ်တလင်းမှာ ရင်ဆိုင်တွေ့ကြရတာပါပဲ။ 

    လူတိုင်း မမွေးခင် ကတည်းကရော၊ မွေးဖွားရှင်သန်ပြီးချိန်ကရော၊ နောက်ဆုံးမသေဆုံးခင်အချိန် ဘဝဆိုတဲ့ကာလကို ဖြတ်ကျော် နေစဉ်အတွင်း မှာ လူတိုင်းက စိန်ခေါ်မှုတွေနဲ့ စမ်းသပ်ချက်တွေ၊ အောင်မြင်ခြင်းဆီသွားတဲ့လမ်းခုလတ်မှာ အတားအဆီးတွေ၊ အပိတ်အဆို့တွေ၊ အခက်အခဲတွေဆိုတာကို လူသားတိုင်း တွေ့ဆုံရမယ်ဆိုတာပါပဲ။ အဲဒီလို လူသားတိုင်းတွေ့ဆုံရတဲ့ အခက်အခဲ တွေမှန်သမျှဟာ တကယ်တမ်းတော့ ကိုယ့်ကိုပိုပြီးထူးချွန်အရည်အသွေးပြည့်မှီအောင် ကူညီပေးနေတဲ့အရာတွေသာ ဖြစ်ပါ တယ်။


    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...