Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    If you love her, never fills her ears with lies, her mouth with words, her eyes with tears, her mind with confusion and her heart with pain.

    ချစ်ခြင်းတရားကိုအခြေခံထားတဲ့ဒီစကားက ကိုယ်တကယ်ချစ်ခင်မြတ်နိုးတဲ့လူသားတစ်ယောက်ကို မလုပ်ဆောင်သင့်တဲ့ ရှောင်ရှားရမယ့်အချက်တွေကို သတိပေးပြောကြားထားပါတယ်။ အမျိုးသားကပဲ အမျိုးသမီးကိုချစ်ချစ်၊ အမျိုးသမီးကပဲ အမျိုးသား ကိုချစ်ချစ် ကိုယ်အမှန်တကယ်ချစ်မြတ်နိုးတဲ့သူတွေ ထိခိုက်မနာကျင်စေဖို့အတွက် ကိုယ့်အနေနဲ့ ရှောင်ကြဉ် ထိမ်းသိမ်းရမယ့် အချက်တွေဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီးနုနယ်ပြီး ပိုပြီး ခံစားမှု ပြင်း ထန်တဲ့အတွက် အမျိုးသားတွေအနေနဲ့ဆိုရင် ကိုယ့်ရဲ့ချစ်ရတဲ့သူအတွက် ဒီအပြုအမူတွေကို သတိထားရှောင်ကြဉ် လိုက်နာဖို့ လိုအပ်ပါတယ်။ အရင်ဆုံးအနေနဲ့ ကိုယ်တကယ်ချစ်ချင်မြတ်နိုးတဲ့သူကိုဆိုရင် ဘယ်တော့မှာ လိမ်လည်တာမျိုးမလုပ်ဆောင်ပါနဲ့။

    3 min
  • ဒီနေ့အတွက်စကား

    Putting your love, trust and understanding to each other little by little, day by day is the perfect recipe for a stronger relationship.

    ကောင်းမွန်ပြည့်စုံတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ ဘယ်လိုအရာတွေက အဓိကလိုအပ်နေပါသလဲ။

    တစ်ယောက်နဲ့တစ်ယောက်ကြား ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ နားလည်ပေးမှုတွေကိုနည်းနည်းချင်းစီ၊ တစ်နေ့ထက်တစ်နေ့ ပေးဆပ်ပျော်ဝင်နေစေခြင်းက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအတွက် ပြီးပြည့်စုံတဲ့နည်းလမ်းတစ်ခုပါပဲ။

    ပထမဆုံးအနေနဲ့တော့ လူနှစ်ယောက်ကြား မှာ ဆက်ဆံရေးတစ်ခု တည်တံ့ကောင်းမွန်နေစေဖို့အတွက် တစ်ယောက်ကိုတစ်ယောက်မေတ္တာတရားနဲ့ ချစ်ခြင်းဆိုတာတွေ လိုအပ်ပါတယ်။ လူနှစ်ယောက်ကြားမှာ မေတ္တာတရားကို အရင်းခံပြီး ချစ်ခြင်းမေတ္တာတွေ ရှင်သန်နေဖို့လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာသာမရှိဘူးဆိုရင် ဆက်ဆံရေးတစ်ခုကလည်း ဘယ်နည်းနဲ့မှ ကြာရှည်ရှင်သန်နိုင်မှာမဟုတ် ပါဘူး။ 

    နှစ်ယောက်ကြားမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုဆိုတာကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ယုံကြည်မှုမရှိတဲ့ ဆက်ဆံရေးတစ်ခုဟာ ခိုင်ခံ့မှုမရှိတဲ့ကြိုးတံတားတစ်ခုမှာ လမ်းလျှောက်နေရသလိုပါပဲ။ ဘယ်အချိန်မှာပြတ်ကျသွားမလဲဆိုတာ ကို ရင်တထိပ်ထိပ်နဲ့ နေ့ရက်တိုင်းမှာ အသက်ဆက်နေရပါလိမ့်မယ်။ ဒီတော့ တစ်ယောက်ကိုတစ်ယောက်က ယုံကြည်နေရ အောင်လည်း တစ်ယောက်နဲ့တစ်ယောက်က သစ္စာတရားကို အရင်းခံပြီး ဆက်ဆံဖို့လိုပါတယ်။ ယုံကြည်မှုတစ်ခုဆိုတာကလည်း ဆောက်တည်ဖို့သာ ခက်ခဲပေမယ့် ပျက်စီးသွားဖို့ဆိုတာကတော့ တကယ့်ကို ခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုဆိုတဲ့အရာကို သစ္စာတရားကို အခြေပြုလို့ ထိန်းသိမ်းစောင့်ရှောက်ရပါမယ်။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...