
Sign up to save your podcasts
Or


If you want to be strong, learn how to fight alone.
ဘဝဆိုတဲ့ခရီးလမ်းတစ်လျှောက်မှာခရီးသွားတဲ့သူတိုင်းတိုက်ပွဲဆန်ဆန်ပြဿနာတွေ ကိစ္စရပ်တွေကိုဖြေရှင်းရပါတယ်။ ဒါက လူသားတိုင်းလူသားတိုင်းတွေ့ကြုံရမယ့် ဘဝရဲ့ စမ်းသပ်မှုတွေပါပဲ။
ဘဝရဲ့တိုက်ပွဲတွေကိုရင်ဆိုင် တဲ့နေရာမှာလိုအပ်တဲ့သန်မာမှုမျိုးကိုတိုက်ရင်းနဲ့ ပြဿနာတွေကိုဖြေရှင်းရင်းနဲ့ ရရှိနိုင်ပါလိမ့်မယ်။ ဘဝရဲ့ အတွေ့ အကြုံဆိုတဲ့ သူတပါးတွေပေးလို့မရတဲ့ ကိုယ်တိုင်ရယူမှရနိုင်မယ့်အရာပါ။
လောကမှာရှင်သန်နေတဲ့သူတိုင်းကိုယ်က စပျစ်သီးစားချင်ရင် စပျစ်ပင်စိုက်ချင်စိုက် မစိုက်နိုင်ရင် စပျစ်သီးကို ဝယ်နိုင်တဲ့ ငွေကြေးပမဏာကိုရှာဖွေရပါမယ်။ ကိုယ့်ရဲ့ လိုချင်မှုတွေ လိုအပ်မှုတွေကိုကိုယ်တိုင် ဖန်တီးရယူနိုင်စွမ်းရှိရပါမယ်။
တပါးသူကိုအားကိုးတတ်တဲ့သူတွေဟာလူပျော့ လူညံ့တွေဖြစ်ပါတယ်။ တကယ်တော့ ဘယ်လိုကိစ္စမျိူးမှာပဲဖြစ်ဖြစ် တပါးသူကို အားကိုးအားထားပြုလွန်းတာကမကောင်းပါဘူး။
ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...
To understand the heart and mind of a person, look not at what he has already achieved, but at what he aspires to do.
ဒီနေ့အတွက်စကား
လူ့လောကရဲ့ ခက်ခဲနက်နဲလှတဲ့ပညာရပ်တွေထဲမှာပေါင်းသင်းဆက်ဆံရေးဆိုတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းဆိုတာအလုပ်အကိုင်ကောင်းမွန်စေရေးအတွက်ကိုအရေးပါအရာရောက်တဲ့ကိစ္စတစ်ခုလည်းဖြစ်တဲ့အတွက် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုလို့လည်းဆိုနိုင်ပါတယ်။ အရေးကြီးတဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ်ပေါင်း သင်းဆက်ဆံရမယ့် လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကိုသိမြင်နားလည်ထားဖို့ဆိုတာကလည်းအရေးပါလှပါတယ်။
သူ့စိတ်နေစိတ်ထားကိုသိမြင်ထားတယ်ဆိုရင် ပေါင်းသင်းဆက်ဆံတဲ့အခါမှာအဆင်ပြေချောမွေ့မှုကိုရရှိပါလိမ့်မယ်။ ဒါဆိုရင် လူတစ်ယောက်ရဲ့ အတွင်းစိတ်နေစိတ်ထားကိုဘယ်လိုကြည့်ရင်မြင်နိုင်မှာပါလဲ။ တကယ်တော့ လူတိုင်းအလွယ်တကူမြင်နိုင်တာ ကတော့ သူ့ရဲ့ပြင်ပသွင်ပြင်လက္ခဏာတွေနဲ့အတူသူ့ရဲ့အမူအကျင့်ပါ။
သူ့ရဲ့သမိုင်းကြောင်းမှာလဲသူဘာတွေလုပ်ဆောင်ထားပြီးပြီလဲ။ သူ့ရဲ့ အောင်မြင်မှု ကျဆုံးမှုတွေကဘာတွေလဲဆိုတာကို ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကိုသိမြင်ရုံနဲ့ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ နှလုံးသားကို မြင်နိုင်သိနိုင်ပြီလို့ တွေးထင်ထားရင်တော့ မှားသွားပါလိမ့်မယ်။
Just because you’re right doesn’t mean I’m wrong, you just haven’t seen life from my position.
ဒီနေ့အတွက်စကား
လောကမှာရှိတဲ့လူသားတွေမှာရုပ်ရည်သွင်ပြင်ခန္ဒာကိုယ်တွေ မတူညီသလိုအတွင်းမှာတွေးတောကြံစည်မှုတွေ၊ စိတ်နေစိတ်ထားတွေလည်းမတူညီကြပါဘူး။ ရုပ်ရည်သွင်ပြင်မတူညီခြင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားနေမှုတွေမရှိပေမယ့် စိတ်နေစိတ်ထားခံယူချက်တွေမတူညီမှုတွေကြောင့်တော့ အငြင်းပွားမှုတွေ ဖြစ်လေ့ရှိကြပါတယ်။
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Application တွင်လည်း နားဆင်နိုင်ပါတယ်....
ဒီနေ့အတွက်စကား
Silence doesn’t always mean yes. Sometimes it means I’m tired of explaining to people who doesn’t even care to understand.
ဒီနေ့အတွက်စကား
လူတွေကြားကဆက်ဆံရေးမှာတစ်ဦးရဲ့အခြေအနေကိုကျန်တဲ့တစ်ဦးကနားလည်မှုမရှိတဲ့အခါမှာ ပြဿနာတွေဖြစ်လာနိုင်ပါ တယ်။
လူတစ်ချို့ကကိစ္စရပ်တစ်ခုဖြစ်လာပြီဆိုရင် အမှားအယွင်းတစ်စုံတစ်ရာအတွက် သည်းမခံတတ်ကြပါဘူး။ နည်းနည်းလေးမှားတာကိုတောင် သူတို့အတွက် ကြီးမားတဲ့မဟာအမှားလို့ တွေးထင်တတ်ကြပါတယ်။ ကိုယ်ကလုပ်လိုက်တဲ့ကိစ္စကသူ့အတွက် အနည်းငယ်မျှထိခိုက်မှုလေးရှိနေရင်တောင်မှ သည်းမခံနိုင်ဖြစ်ပြီး ပြဿနာတွေတက်ကြပါတယ်။ ဖိပြီးအပြစ်တင်တတ်ကြပါ တယ်။
ကိုယ်လုပ်တာသာအမှန်လို့ယူဆပြီးငါတကောကောတတ်တဲ့သူတွေ၊ အတ္တစိတ်တအားပြင်းထန်တဲ့သူတွေ၊ ကိုယ်ကလွဲဘယ်သူ့ ကိုမှ မယုံတတ်တဲ့သူတွေမှာပိုပြီးဖြစ်တတ်ပါတယ်။ ဖြစ်ပျက်သွားတဲ့ အကျိုးအကြောင်းကိုကိုယ်ကဘယ်လိုပဲရှင်းပြရှင်းပြသူတို့ကနားမထောင်ဘဲအပြစ်တင်စောတတ်ကြပါတယ်။
From the publisher's feed
Wherever you go PadamyarFM will be there with you...