Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    Life is like coin. Pleasure and pain are the two sides. Only one side is visible at a time. But remember other side is waiting for its turn.

    ဒီစကားကတော့ ဘဝနဲ့သက်ဆိုင်တဲ့ အမှန်တရားကို ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ကျွန်တော်တို့ရှင်သန် နေထိုင်နေတဲ့ လူသားဘဝဆိုတာ ဒီစကားထဲကအတိုင်းပါပဲ။ ဒင်္ဂါးပြားတစ်ခုနဲ့ဆင်တူနေပါတယ်။ ဒင်္ဂါးပြားမှာ မျက်နှာနှစ်ဘက် ရှိ သလိုပဲ ကျွန်တော်တို့အတွက် ဘဝတစ်လျှောက်မှာလည်း ခံစားချက်အစွန်းနှစ်ဖက်ရှိလို့နေပါတယ်။ ပျော်ရွှင်ကြည်နူးဖွယ်ရာ သာယာမှုများနဲ့ နာကျင်ခံစားစရာတွေက တစ်ခုမဟုတ်တစ်ခု တစ်မျိုးမဟုတ်တစ်မျိုး အမြဲတမ်းဆိုသလိုရှိနေတတ်ပါတယ်။အဲဒါ ကိုပဲ ဘဝလို့ခေါ်ပါတယ်။ အဲဒီစကားလုံးနှစ်လုံးထဲနဲ့ဖွဲ့တည်ထားတဲ့ ဘဝဆိုတဲ့အရာကို ကျွန်တော်တို့တတွေ ရှင်သန်ရုန်းကန်နေ ကြရပါတယ်။ အဲဒီလိုရုန်းကန်နေရင်းနဲ့ပဲ အတွေ့အကြုံတွေလည်း ရလာမယ်။ ကိုယ်ကြုံရတဲ့ အတွေ့အကြုံက ကိုယ့်အတွက် ပျော်ရွှင်စေနိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သလို ကိုယ့်အတွက် ခါးသီးတဲ့ နာကျင်စရာအဖြစ်အပျက်လည်းဖြစ်ကောင်းဖြစ်နေ မှာပါ။ ဒီနေရာမှာ သိထားရမှာကတော့ ဘဝဆိုတာ အရှေ့ကပြောခဲ့သလို ဒင်္ဂါးပြားတစ်ချပ်လိုပဲရှိနေတယ်ဆိုတာကို မေ့မထား ပါနဲ့။

    ဘဝဆိုတာ ဒင်္ဂါးပြားတစ်ခုလိုပါပဲ။ သာယာပျော်ရွှင်မှုနဲ့ နာကျင်ခြင်းတွေက တစ်ဖက်တစ်ချက်စီမှာရှိနေပါတယ်။ တစ်ကြိမ်မှာတော့ တစ်ဖက်ကိုပဲမြင်နိုင်ပါတယ်။ ဒါပေမယ့်ကျန်တဲ့တစ်ဘက်ကလည်းသူ့အလှည့်ရောက်လာမှာကိုစောင့်နေတယ်ဆိုတာကိုသတိရပါ။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    I don’t believe in taking right decisions, I take decisions and make them right.

    မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရယူခြင်းကိုငါအနေနဲ့ ယုံကြည်ခြင်းမရှိပါဘူး။ ချပြီးသားဆုံးဖြတ်ချက်တွေကိုပဲမှန်အောင် လုပ်တတ် ပါတယ်တဲ့။ ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်တဲ့ TATA Company ရဲ့ ပဲ့ကိုင်ရှင် အိန္ဒိယလူမျိုးသူဌေးကြီးRatan Tata က ပြောကြားခဲ့တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ တကယ့်ကိုနာမည်ကြီးလုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီးပြောကြားထား တဲ့စကားကလည်းတကယ့်ကိုမှ မှတ်သားထားစရာကောင်း တဲ့စကား တစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ သက်ရှိလူသားတွေအနေနဲ့ ရှင်သန်ရုန်းကန်နေတဲ့ ဒီလောကထဲမှာ လုပ်ငန်းဆောင်တာတွေမှာပဲဖြစ်ဖြစ် ကိုယ့်ဘ၀အတွက် ရွေးချယ်မှုတွေ လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ဆုံးဖြတ် ချက်တွေကို ချရလေ့ရှိပါတယ်။

    ဘ၀တစ်ကွေ့မှာချမှတ်ခဲ့ရတဲ့ ဒီလိုမျိုးဆုံးဖြတ်ချက်တွေကအမြဲတမ်းတော့ ကိုယ့်ဘ၀အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ဘ၀ရဲ့ ကြုံ တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်နိုင်မှု အတိုင်းအတာတွေ ပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်မှုရှိသည် မရှိဘူးဆိုတာကကွဲပြားသွားတတ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆိုတစ်ခါတလေမှာတော့ လွဲချော်သွားတဲ့ အတွေးတွေ ကြောင့် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ကိုချမှတ်မိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဆုံးဖြတ်ပြီးသားကိစ္စတစ်ခုကိုလုပ်ဆောင်နေရင်းနဲ့ မှားတာကိုမှားမှန်းသိတဲ့အခါမှာအချိန်မှီအမှန်ပြင်နိုင်ဖို့သာလိုပါတယ်။

    3 min
  • ဒီနေ့အတွက်စကား

    Success at anything will always come down to this: Focus and Effort. And we control both.

    ဒီနေ့အတွက်စကား

    WWE နပန်းသမားဘဝကနေ Hollywood ရုပ်ရှင်လောကမှာအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ The Rock လို့လူသိများတဲ့ Dwayne Johnson ပြောကြားခဲ့တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။

    ဒီစကားလေးကို ကြားသိလိုက်ရတဲ့အချိန်မှာအာရုံစူးစိုက်မှုဆိုတဲ့အရာနဲ့ အားစိုက်ထုတ်မှု အဲဒီနှစ်ခုကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုမေးခွန်းတွေအဖြစ်ကျန်နေရစ်မယ်လို့ထင်ပါတယ်။ လောကမှာအရာအားလုံးရဲ့ အောင်မြင်မှု အနှစ်ချုပ်ကအဲဒီအာရုံစူးစိုက်မှုနဲ့ အားစိုက်ထုတ်မှုနှစ်ခုပါ။ ဒါပေမယ့် အဲဒီနှစ်ခုကိုပါးပါးနပ်နပ် ထိန်းချုပ်သွားဖို့ကလည်းအရေး ကြီးပါတယ်။ တစ်ခါတစ်လေမှာကို ယ့်ရှေ့ကတစ်ခုတည်းကိုပဲ အာရုံစူးစိုက်မှုလွန်ကဲသွားတဲ့အခါမှာအနီးနားမှာရှိတဲ့အခွင့်အရေးတွေကို ကျွန်တော်တို့တတွေ လက်လွတ်ဆုံးရှုံးလိုက်ရတာမျိုးဖြစ်တတ်ပါတယ်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပါပဲ။

    ထောင်မြင်ရင် ရာကိုစွန့်သင့်ရင်စွန့်ရမှာဖြစ်တဲ့အတွက် အနီးအနားပတ်ဝန်းကျင်မှာ ကိုယ်လိုချင်လို့ကြိုးစားနေတဲအရာတွေထက် ပိုမိုတန်ဖိုးကြီးမားတဲ့အရာတွေ၊ ပိုမိုမြင့်မားတဲ့ အခွင့်အရေးတွေဆိုတာရှိတတ်စမြဲမို့ အာရုံစူးစိုက်မှုဆိုတာတစ်ခုတည်းကိုတသတ်မတ်တည်းအလေးပေးနေလို့မရပါဘူး။ ဒါပေမယ့် အရာအားလုံးကိုပေါ့ပေါ့တန်တန် အာရုံစူးစိုက်လို့လည်းမရပါဘူး။ လိုအပ်သလောက်သောအလေးပေးမှုကို ပြုလုပ်ရပါမယ်။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...