SUM Weekly Podcasts

SUM Weekly Podcasts

By SUM PodcastsEducation
Download on the App Store

SUM Weekly Podcasts episodes

  • Data နှင့် လူမှုဘဝ

    သင်ဟာ ၂၁ ရာစုရဲ့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး  Data အကြောင်း မသိရှိသေးဘူးလား?

    ဒေတာလို့ပြောလိုက်ရင် ကျွန်တော်တို့ပြေးမြင်ကြတာက ဇယားကွက်တွေ၊ ကိန်းဂဏန်းနှင့် အချက်အလက်တွေပဲ ဖြစ်ကြမှာပါ။ ဒါပေမယ့် အမှန်တစ်ကယ်တော့ ဒေတာက ကျွန်တော်တို့ ထင်ထားတာထက် နေ့စဉ်ဘဝမှာ အများကြီး ပိုပြီးရိုးရှင်းနေတတ်ပါတယ်။

    Question 1- ဒါဆိုရင် နေ့စဉ်ဘဝမှာ ဒေတာက ဘယ်လိုပုံစံနဲ့ ပါဝင်ပတ်သတ်နေတာလဲ?

    Question 2- ဒါဆိုရင် ဒေတာက စီးပွါးရေး၊ နိုင်ငံရေးစတဲ့ နယ်ပယ်အမျိုးမျိုးမှာ ဘယ်လိုအသုံးပြုကြတာလဲ?

    Question 3- ဒေတာကြောင့်ဖြစ်ပေါ်လာတဲ့ မတရားမှုကို ဒေတာကို အသုံးပြုပြီး ဘယ်လိုတော်လှန်ကြမလဲ?

    ဒီမေးခွန်းတွေအားလုံးရဲ့ အဖြေကတော့ ဒီ Podcast ထဲမှာရှိပါတယ်။

    နွေဦးတက္ကသိုလ်ရဲ့ အပတ်စဉ်ထုတ်လွှင့်နေကြ Podcast အစီအစဉ်ကို ဒီတစ်ခါမှာတော့ “ဒေတာနှင့်လူမှုဘဝ” ဆိုတဲ့ ခေါင်းစဉ်နှင့် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

    ခေတ်လူငယ်တိုင်းသိသင့်တဲ့ ခေါင်းစဉ်ဖြစ်တဲ့အပြင် တော်လှန်ရေးမှာပါ အသုံးချနိုင်တဲ့အတွက် ကျွန်တော်တို့ အားလုံးအတူတူ နားထောင်ကြလိုက်ရအောင်။

    အခု Podcast လေးကို SUM ရဲ့ တခြားသော Platform တွေမှာလည်းနားထောင်နိုင်ပါတယ်။


    Spring University Myanmar

    Facebook - www.facebook.com/springuniversitymm
    Youtube -www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    8 min
  • COVID-19 နှင့် အမှိုက်အန္တရာယ်

    လူတိုင်းသတိထားသင့်တဲ့ COVID-19 နှင့် အမှိုက်အန္တရာယ်

    COVID-19 ကူးစက်မှုများ အဆက်မပြတ် ဖြစ်ပေါ်လာသည်နှင့်အမျှ ကျွန်တော်တို့မှာ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ အမှိုက်နှင့် အခြားအသုံးအဆောင်တွေ များပြားလာတာ အမှန်ပါပဲ။

    ထိုအမှိုက်နှင့်ပစ္စည်းတွေကို ကျွန်တော်တို့ စွန့်ပစ်လိုက်တဲ့အခါ သေသေချာချာ ထုတ်ပိုးပြီး စနစ်တကျ လွှင့်ပစ်ဖို့လိုအပ်ပါတယ်။ ဒီလိုမှ မပစ်ရင် စည်ပင်ဝန်ထမ်းများနှင့် အခြားသော တာဝန်ရှိအလုပ်သမားများအတွက် အန္တရာယ်ရှိစေနိုင်ပြီး COVID-19 ပိုးဟာ ပိုမိုပျံ့နှံ့လာနိုင်ပါတယ်။

    ဒါ့ကြောင့် သင်ရဲ့စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းက COVID-19 ကို တစ်ဆင့်ခံအနေနဲ့ ဖြန့်သလို ဖြစ်လာနိုင်ပါတယ်။ ဥပမာအားဖြင့်- COVID-19 ခံစားနေရတဲ့သူရဲ့ Mask , Test Kid အစရှိတာတွေကို ပိုးမသတ်ဘဲ ကြုံသလိုပစ်လိုက်တဲ့အခါ သိမ်းဆည်းရသူများထံ COVID-19 ရောက်ရှိသွားမှာ ကျိန်းသေပါပဲ။

    ဒါ့ကြောင့်  ကိုဗစ်ရောဂါပိုးရှိနိုင်တဲ့ အရာတွေကို ဘယ်လိုစနစ်တကျစွန့်ပြစ်မလဲဆိုတာကိုသိရှိဖို့အတွက် ဒီ SUM ရဲ့ COVID-19 နှင့် အမှိုက်အန္တရာယ် Podcast ကိုနားထောင်ပြီး Podcast ထဲမှာပြောပြထားတဲ့ နည်းလမ်းလေးတွေကို ကျင့်သုံးကြရအောင်။

    ဆက်လက်ပြီး ကျွန်တော်တို့ရဲ့ ကြုံတွေ့နေရတဲ့ နေ့စဉ်ဘဝမှာ COVID-19 ရောဂါကြောင့်သော်လည်းကောင်း၊အာဏာသိမ်းခြင်းကြောင့်သော်လည်းကောင်း အရေးပေါ်စီစဉ်လိုက်ရတဲ့ အခြေအနေတွေ မြောက်များစွာ ရှိပါတယ်။

    အကယ်၍ ကျွန်တော်တို့ဟာ သဘာဝပတ်ဝန်းကျင်ကို လစ်လျှူရှုလိုက်ရင် နောင်တစ်ချိန်မှာ သဘာဝရဲ့ဘေးအန္တရာယ်ကို ပြင်းစွာခံစားရပါလိမ့်မယ်။ ထိုသို့ ဘဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာတဲ့အခါမှာတော့ ယခုကြုံတွေ့ရတာထက်ပိုပြီး တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်လာနိုင်ပါတယ်။

    ဒါ့ကြောင့်ကျွန်တော်တို့အားလုံး အမှိုက်ကိုဘယ်လို စနစ်တကျစွန့်ပစ်ရမလဲ? နောင်တစ်ချိန်မှာ ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်ကို ဘယ်လိုတားဆီးမလဲ ဆိုတာ ယခု Podcast လေးမှာ အတူတူနားထောင်လိုက်ရအောင်။

    အခု Podcast လေးကို SUM ရဲ့ တခြားသော Platform တွေမှာလည်းနားထောင်နိုင်ပါတယ်။

    Spring University Myanmar

    Facebook - www.facebook.com/springuniversitymm
    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    6 min
  • လူငယ် နှင့် Depression

    လူငယ်တွေဟာ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဘာလို့ထုတ်ဖော်ပြောဆိုခွင့် မရှိရမှာလဲ?

    စစ်ကောင်စီမှစတင် အာဏာသိမ်းတဲ့အချိန်မှစပြီး လူငယ်အများစုဟာ စိတ်ဓာတ်ကျခြင်းနှင့်အတူ မိမိတို့ မျှော်မှန်းထားတဲ့အနာဂါတ်များပျောက်ဆုံးသွားခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို တွေ့ကြုံလာရပါတယ်။

    COVID-19 တတိယလှိုင်းရောက်ရှိလာတဲ့ အခါမှာတော့ စိတ်တင်းထားသမျှ အရည်ပျော်ကျသွားကြပါတော့တယ်။ မိမိတို့ မိသားစုရဲ့ကျန်းမာရေးကို တာဝန်ယူထားကြတဲ့ လူငယ်တွေရှိသလို စားဝတ်နေရေး၊ ငွေရေးကြေးရေးကိုပါ အဘက်ဘက်မှ စိတ်ပူပင်လာကြပါတယ်။

    ယခုလို အားလုံးအတွက် လိုက်လံပူပင်နေရတာကြောင့် လူငယ်အများစုဟာ မိမိကိုယ်ကို ဂရုစိုက်ဖို့၊ ကိုယ့်ခံစားချက် တွေကို အချိန်ပေးရမှာကို လျစ်လျူရှုလိုက် ကြပါတော့တယ်။

    “ငယ်ရွယ်နုပျိုမှုတွေကို အကျပ်အတည်းထဲမှာပဲ ကုန်ဆုံးသွားတော့မှာလား” ဆိုတဲ့ အတွေးဟာ ခေါင်းထဲမှာ အပြည့်အဝ နေရာယူထားလျက် ရှိနေပါပြီ။

    သို့သော် ဒါတွေဟာ သင်တစ်ယောက်တည်းဖြစ်နေတာ မဟုတ်ပါ။ ယခုလို ခက်ခဲနေချိန်မှာ အားလုံးနီးပါး ဖြစ်နေကြတာဖြစ်လို့ သင့်ခံစားချက်တွေကို လျစ်လျူရှုစရာ မလိုအပ်ပါဘူး။

    ဒါဆိုရင် လူငယ်တွေ  စိတ်ကျန်းမာရေး ပြန်ကောင်းဖို့

    🎙ဘာတွေပြုလုပ်ရမလဲ?

    🎙ဘယ်လိုပြင်ဆင်ထားသင့်သလဲ?

    🎙ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအချိန်ပေးရမလဲ?

    ဆိုတာကို ယခု နွေဦးတက္ကသိုလ်ရဲ့ နဲ့ Call Me Today တို့ ပူးပေါင်း စီစဉ်တဲ့ "လူငယ် နှင့် Depression" Podcast လေးမှာ အသေးစိတ် ပြောပြသွားပေးမှာ ဖြစ်ပါတယ်။

    ကိုယ်တိုင် Podcast လေးကို နားထောင်နေရင်း စိတ်ဓာတ်ကျတတ်တဲ့ သူငယ်ချင်းတွေကို သတိရမိလျှင်လည်း ပေးပို့ကာ နားထောင်စေချင်ပါတယ်။

    ယခု Podcast လေးကို နားထောင်လိုက်တဲ့ အချိန်မှာ အားလုံးပဲ ကိုယ့်ရဲ့စိတ်ခံစားချက်ကို အချိန်ပေးဖို့ ပြန်လည် သတိရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    Spring University Myanmar

    Facebook - www.facebook.com/springuniversitymm
    YouTube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    10 min
  • လူငယ် နှင့် အနုပညာ

    အတွေးအခေါ် ၊ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုတို့ ပေါင်းစပ်ထားတဲ့ အနုပညာအကြောင်းကို နွေဦးတက္ကသိုလ်ရဲ့ Podcast Episode-3 မှာ နားဆင်နိုင်ပါပြီ။ 

    ငယ်ရွယ်နုပျိုမှုတွေနဲ့ အတူ သင်ယူလေ့လာနိုင်စွမ်းအပြည့်နဲ့ ရှင်သန်နေတဲ့ လူငယ်တွေဟာ အနုပညာပိုင်းမှာ စိတ်ဝင်စားလာကြတာဟာ ကောင်းတဲ့အရာ တစ်ခုပါ။ ဒါပေမယ့် အနုပညာ တစ်ခုကို ဖန်တီးတော့ မယ်ဆိုရင်လည်းသိထားရမယ့် အချက်တွေရှိပါတယ်။ 


    🎙 အနုပညာဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုမလဲ။ အနုပညာတစ်ခုဖန်တီးတဲ့အခါမှာ ဘယ်လိုမျိုး အရာတွေကို သိရှိထားသင့်လဲ? 


    🎙 လူငယ်တွေဟာ ဘာကြောင့် အနုပညာ တစ်ရပ်ရပ်ကို သင်ယူထားသင့်သလဲ? 


    🎙 ထိုကဲ့သို့ အနုပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်ထားတဲ့ Art School ဟာ ဘယ်လိုပုံစံမျိုး ဖြစ်မလဲ? 


    အစရှိတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို နွေဦးတက္ကသိုလ်ရဲ့ ညနေခင်း Podcast မှာ အသေးစိတ် ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 

    ဒါ့ကြောင့် “လူငယ်နှင့် အနုပညာ” ဆိုတဲ့ Podcast လေးမှာ လိုက်ပါစီးမျှောရင်း အနုပညာ ရဲ့ သဘောသဘာဝတို့ကို နားဆင်မှတ်သားကြရအောင်။ 

    အခု Podcast လေးကို SUM ရဲ့ တခြားသော Platform တွေမှာလည်းနားထောင်နိုင်ပါတယ်။

    Spring University Myanmar

    Facebook - www.facebook.com/springuniversitymm
    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    10 min
  • IELTS အကြောင်းသိကောင်းစရာ

    IELTS ဆိုတာဘာလဲ။ 

    ဘယ်လိုလူတွေ ဖြေဆိုသင့်သလဲ။ 

    IELTS မှာ band score ကောင်းအောင် ဘယ်လိုလေ့ကျင့်မလဲ စတဲ့ နိုင်ငံရပ်ခြားမှာ ပညာသင်ယူချင်တဲ့ ကျောင်းသားလူငယ်တွေအနေနဲ့ အသိမဖြစ် သိရမယ့် IELTS အကြောင်းကို Spring University Myanmar ရဲ့ Centre For College Preparation က ဆရာတစ်ဦး က ရှင်းလင်းပြောကြားထားပေးတဲ့ နားထောင်သင့်တဲ့ Podcast လေးပဲဖြစ်ပါတယ်။


    Spring University Myanmar
    Facebook - www.facebook.com/springuniversitymm
    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    7 min
  • ဖက်ဒရယ်ရှုခင်း ဖက်ဒရယ်စိတ်ရင်း

    ဖက်ဒရယ်ရှုခင်း ဖက်ဒရယ်စိတ်ရင်း 

    ဖက်ဒရယ်စနစ်ဆိုတာဘာလဲ။ ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းတည်ဆောက်တဲ့အခါမှာ နိုင်ငံသားတိုင်းမဖြစ်မနေ သိထားရမယ့် ဖက်ဒရယ်စိတ်ဓာတ်တို့ကို  Spring University Myanmar ရဲ့ School of Peace Studies and Federalism က ဆရာတစ်ဦးက ရှင်းလင်းသော ဥပမာများဖြင့် တင်ပြဆွေးနွေးထားတာဖြစ်တဲ့အတွက် ကျောင်းသား ပြည်သူတို့ နားထောင်သင့်တဲ့ Podcast တစ်ခုပဲဖြစ်ပါတယ်။ 


    Spring University Myanmar 

    Facebook | Youtube 

    6 min

About SUM Weekly Podcasts

From the publisher's feed

လူငယ်တွေအတွက် အကျိုးရှိမယ့် Podcast တွေကိုအပတ်စဉ် ထုတ်လွှင့်သွားပါမည်။