SUM Weekly Podcasts

SUM Weekly Podcasts

By SUM PodcastsEducation
Download on the App Store

SUM Weekly Podcasts episodes

  • Anger Outburst

    လူတိုင်း ဒေါသအနည်းနှင့်အများ ထွက်ဖူးကြမယ်ထင်ပါတယ်။


    ယခု podcast မှာဆိုရင်တော့ အဆိုပါ Anger Outburst နှင့်ပတ်သတ်ပြီး Anger Outburst ဆိုတာဘာလဲ? ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်လဲ? နေ့စဉ်ဘဝမှာ ကြုံတွေ့လာရတဲ့အခါ ဘယ်လိုကျော်လွှားကြမလဲ? စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။


    Spring University Myanmar

    Facebook - www.facebook.com/springuniversitymm

    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    19 min
  • Associative Memory နဲ့ Flashback အကြောင်း

    တစ်ခါတစ်လေမှာ တစ်မှုထူးခြားတဲ့ ခံစားချက်အသစ်လေးတွေ ဖြစ်ပေါ်လာတာကိုခံစားမိကြမယ်ထင်ပါတယ်။

    အဓိကအားဖြင့်ဆိုလျှင် တစ်ချိန်တစ်ခါက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို တိုက်ဆိုင်မှု တစ်ခုခုကြောင့် အမှတ်ရစရာများ ပေါ်ပေါက်လာတဲ့ ခံစားမှုကို Associative Memory လို့ မှတ်ယူနိုင်ပါတယ်။

    Flashback Memory သည်လည်း စိတ်ထဲစွဲလမ်းနေတဲ့အရာ တစ်ခုခုကို လျှက်တပြတ်ပြန်လည်မြင်ယောင်တာမျိုးပဲဖြစ်ပါတယ်။

    ယခု podcast မှာ ခံစားမှုနှစ်ခုရဲ့ အကြောင်းကို အသေးစိတ် အပြင်ကောင်းကျိုုး၊ ဆိုးကျိုးတွေကို Guest Speaker နှင့်အပြန်အလည်ဆွေးနွေးထားပါတယ်။


    Spring University Myanmar

    Facebook - www.facebook.com/springuniversitymm

    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    21 min
  • Panic Attack ဆိုတာဘာလဲ?

    Panic Attack ဆိုတာဘာလဲ?

    Panic Attack ဟာဆိုရင် မိမိရဲ့ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်မှုတွေကို ကြိုတင် သိရှိမှု မရှိပဲ ရုတ်တရတ် ကြုံတွေ့ရမှုကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ဥပမာ အားဖြင့်ပြောပြရမယ်ဆိုလျှင် အိမ်မက်ဆိုးမက်ခြင်း ပဲဖြစ်ပါတယ်။ မိမိရဲ့ စိတ်ခံစားမှု ပြင်ဆင်ထားခြင်းမရှိပဲ ကြုံတွေ့ရခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်းရှိပါတယ်။

    အသေးစိတ်သိရှိစေဖို့ နှင့် အဆိုပါ Panic Attack ဖြစ်လာလျှင် ဘယ်လိုကျော်လွှားရမလဲဆိုတာကို ယခု podcast မှာ မျှဝေပေးလိုက်ပါတယ်။


    Spring University Myanmar
    [email protected]
    Facebook - www.facebook.com/springuniversitymm
    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos



    11 min
  • Anxiety Attack ဆိုတာ ဘာလဲ?

    လူငယ်တွေကြားထဲမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဟာ ယခုနောက်ပိုင်းမှာပိုမို ကြုံတွေ့ခဲ့ကြရပါတယ်။ Anxiety Attack ဟာဆိုရင် အဆိုပါပြဿနာများထဲမှ တစ်ခုပဲဖြစ်ပါတယ်။

    ကြောက်စိတ်တစ်ခုကို အခြေပြုပြီး အလိုအလျှောက် ပေါ်ပေါက်လာခဲ့သည့် စိုးရိမ်ကြောင့်ကြမှုတစ်ခုပဲဖြစ်ပါတယ်။ တစ်နေ့တာအတွင်းမှာလည်း ဖိအားတွေ၊ ပူပန်မှုတွေ၊ ဝမ်းနည်းမှုတွေဖြစ်လာတဲ့အတွက်ကြောင့် ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာနိုင်မလဲ? ဘယ်လိုမျိုးတွေဖြေရှင်းကြမလဲဆိုတာကို ဒီ podcast လေးမှာ ပြောပြပေးလိုက်ရပါတယ်။

    Spring University Myanmar
    [email protected]
    Facebook - www.facebook.com/springuniversitymm
    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    13 min
  • အစာအာဟာရဆိုင်ရာ နည်းပညာ

    နေ့စဉ်စားသုံးနေတဲ့ အစားအစာ အကြောင်းကို သင့်အနေနဲ့ လေးလေးနက်နက် စဉ်းစားကြည့်ဖူးပါသလား?

    ကျွန်တော်တို့ မှီဝဲနေတဲ့ အစားအသောက်တွေကို ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်နိုင်ဖို့အတွက် “Food Science and Technology” လို့ခေါ်တဲ့ “အစားအသောက်ဆိုင်ရာ နည်းပညာ” ရဲ့အကူအညီကို ရယူရပါတယ်။

    အစားအသောက် အရင်းအမြစ်ဟာ လူသားမျိုးနွယ် ဆက်လက်ရှင်သန်ဖို့အတွက် အရေးကြီးတဲ့ အရာတစ်ခု ဖြစ်တဲ့အတွက် ဒီအကြောင်းအရာတွေကို ဗဟုသုတ အနေနဲ့ သိရှိထားသင့်ပါတယ်။

    ယခု ထုတ်လွှင့်မယ့် နွေဦးတက္ကသိုလ်ရဲ့ Podcast လေးမှာတော့… “အစာအာဟာရဆိုင်ရာ နည်းပညာ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာမှ

    ✅ “အစားအသောက်ဆိုင်ရာ နည်းပညာ” ဟာ လက်တွေ့ဘဝနှင့် ဘယ်လိုစပ်ဆက်နေလဲ?

    ✅ အစာ၊အာဟာရ အုပ်စုတွေထဲမှာ ဘာတွေ ပါဝင်တာလဲ?

    ✅  အစားအသောက်တွေ ထုတ်လုပ်တဲ့အခါ အာဟာရဓါတ်တွေ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်နဲ့ တာရှည်ခံ အောင်ဘယ်လိုထုတ်လုပ်ကြမလဲ?

    ✅ အစားအစာ ထုတ်လုပ်ရာမှာ တကိုယ်ရည် သန့်ရှင်းမှုက ဘယ်လောက်ထိ အရေးပါလဲ? ဆိုတဲ့ အကြောင်းအရာတွေကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။

    ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ Food Science & Technology ကိုလည်း နိုင်ငံတကာမှ တက္ကသိုလ်တွေမှာ အရေးကြီးတဲ့ ပညာရပ်တစ်ခုအနေနဲ့ သင်ယူလာကြပါတယ်။

    ကျွန်တော်တို့ မြန်မာနိုင်ငံမှ လူငယ်တွေအနေနဲ့ ဒီအကြောင်းအရာတွေကို အခြေခံအနေနဲ့ လေ့လာလိုပါက

    နွေဦးတက္ကသိုလ်ရဲ့ “ Introduction to Food Science & Food Technology” အတန်း ဖွင့်လှစ်ထားပါတယ်။

    အသေးစိတ်ကို အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။

    Link-https://www.facebook.com/102470788713285/posts/174858924807804/?d=n

    လက်ခံနိုင်တဲ့ ကျောင်းသားအရေအတွက် ပြည့်တော့မှာဖြစ်လို့ Oct 29 နောက်ဆုံးထားပြီး Register ပြုလုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

    Spring University Myanmar

    Facebook - www.facebook.com/springuniversitymm
    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    10 min
  • Analyzing IELTS Speaking Mock Test And Giving Feedbacks

    သင်က IELTS ဖြေဆိုဖို့အတွက် ပြင်ဆင်နေတဲ့ သူတစ်ယောက်ဖြစ်ပါသလား

    ဒါဆိုရင်တော့ ယခု Analyzing IELTS Speaking Mock Test and Giving Feedback Podcast လေးက သင့်အတွက်ပါပဲ။

    ဒီ podcast ထဲမှာဆိုရင်တော့ IELTS Speaking Test မှာ Band 9 ရထားတဲ့ ဖြေဆိုသူတစ်ဦးရဲ့ ဖြေဆိုမှုကို သေချာ ခွဲခြမ်းစိတ်ဖြားပြီး အမှတ်ပေးစည်းမျဉ်းနှင့်တကွ Feedback များကိုပါပေးထားတဲ့အတွက် နားထောင်သူတွေအနေနဲ့ IELTS Speaking Test ဖြေဆိုတဲ့အခါမှာ သိထားရမယ့် Tips and Tricks လေးတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

    ဒါကြောင့် SUM Podcast Epi (11) လေးကို နားထောင်ပြီး သင့်ရဲ့ အချိန်တွေကို ကောင်းမွန်စွာ ဖြတ်သန်းလိုက်ကြရအောင်


    Spring University Myanmar

    Facebook - www.facebook.com/springuniversitymm
    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    24 min
  • မြန်မာ့ဖက်ဒရယ်အရေးအကောင်အထည်ဖော်ဖို့ ဘာတွေခက်နေလဲ

    တန်းတူညီမျှမှုတွေကို မျက်ကွယ်ပြုမှုကြောင့် ယခုအချိန်ထိ မငြိမ်းချမ်းနိုင်သေးတဲ့ မြန်မာနိုင်ငံဟာ ဘယ်လို အုပ်ချုပ်ရေးယန္တယားမျိုးနှင့် သင့်တော်မှာလဲ?

    ဆန္ဒထုတ်ဖော်စဉ်က ကိုယ်တိုင်ရွတ်ဆိုခဲ့ကြတဲ့ “ဖက်ဒရယ်ဒီမိုကရေစီ” ရဲ့ လမ်းစဉ်အတိုင်းလိုက်နာခြင်းက တိုင်းရင်းသားတွေ နဲ့ လူအနည်းစုတွေအပေါ် လျစ်လျှူရှုခဲ့တဲ့ အကြွေးတွေကို ပြန်လည်ပေးဆပ် နိုင်မယ့် နည်းလမ်းများထဲက တစ်ခုပါ။

    သို့သော်လည်း သမိုင်းအဆက်ဆက် အတ္တကြီးခဲ့ကြတဲ့ လူမျိုးကြီးဝါဒကို လက်ကိုင်ထားတဲ့ လူတစ်ချို့ဟာ ယခုလိုပြောင်းလဲလာမှာကို အလွယ်တကူ လက်မခံဘဲ အမျိုးမျိုးဟန့်တားနေမှုကြောင့် တော်လှန်ရေးဆိုတဲ့အရာဟာ ကျွန်တော်တို့ မျိုးဆက်အထိ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

    ဒါကြောင့် ဒီလူမျိုးကြီးဝါဒကို အမြစ်ဖြတ်မယ့် သူတွေအနေနဲ့ သမိုင်းမမေ့အောင်၊ နိုင်ငံရေး ရေချိန်မနိမ့်ပါး အောင် လေ့လာမှုတွေ ပြုလုပ်ရပါမယ်။ လေ့လာသိရှိမှုတွေကိုလည်း လက်တွေ့ပြန်လည်အသုံးချပြီး ပြန်လည်မျှဝေပေးရမှာလည်းဖြစ်ပါတယ်။

    ယနေ့ ညချမ်းအချိန်မှာတော့ ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုခဲ့ကြတဲ့ ဖက်ဒရယ်အရေးနဲ့ စပ်လျဉ်းတဲ့ “မြန်မာ့ဖက်ဒရယ် အကောင်အထည်ဖော်ဖို့ ဘာတွေ ခက်ခဲနေတာလဲ” ဆိုတဲ့ ခေါင်းစဉ်ကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။

    ယခု Podcast လေးကို နားထောင်လိုက်တဲ့အခါ သင့်ဆီမှာ မြန်မာ့ဖက်ဒရယ်အရေး နှင့် ပတ်သတ်ပြီး အတွေးအမြင်အသစ်တွေ ထွက်ပေါ်လာမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရှိ လူငယ်တိုင်း နားထောင်သင့်ပါတယ်။

    အခု Podcast လေးကို SUM ရဲ့ တခြားသော Platform တွေမှာလည်းနားထောင်နိုင်ပါတယ်။


    Spring University Myanmar

    Facebook - www.facebook.com/springuniversitymm
    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    7 min
  • တိုင်းရင်းသားဘာသာစကား ကို လေ့လာခြင်းဖြင့် မတူကွဲပြားသော ယဉ်ကျေးမှုဓလေ့ကို နားလည်လက်ခံခြင်း

    နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ မတူညီကွဲပြားမှုတွေကို ဘယ်လို စတင်လက်ခံကြမလဲ?

    စစ်ကောင်စီရဲ့ အာဏာသိမ်းမှု အခြေအနေကြောင့် နှစ်ပေါင်းများစွာ တိုင်းရင်းသားတွေအပေါ် နားမလည်ခဲ့တဲ့ မတူညီမှုတွေကို ဖြည်းဖြည်းချင်း သဘောပေါက် လာကြပါပြီ။

    ကြားဖူးနေကြဖြစ်တဲ့ “Unity in Diversity” ဆိုတဲ့ ဆောင်ပုဒ်ကို အနာဂတ်ရဲ့ အမိမြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့ ကိုယ်တိုင်ပါဝင် ဖန်တီးဖို့ လိုအပ်ပါတယ်။

    🎙 ယခု Spring University Myanmar ရဲ့ Podcast Ep (9) မှာတော့ “တိုင်းရင်းသား ဘာသာစကားတစ်ခုခုကို လေ့လာခြင်းအားဖြင့် တိုင်းရင်းသား လူမျိုးတွေကြားမှာ ရှိတဲ့ မတူညီ ကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေကို နားလည်ခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    Podcast လေးကို နားထောင်လိုက်တဲ့အခါ

    ✅ တိုင်းရင်းသားတွေရဲ့ မတူညီကွဲပြားမှုဆိုတဲ့ စကားလုံးကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုမလဲ?

    ✅ ဒီမတူညီကွဲပြားမှုတွေကို ဘာကြောင့်လက်ခံသင့်တာလဲ?

    ✅ တိုင်းရင်းသားတွေရဲ့ ဘာသာစကားကို လေ့လာတဲ့အခါ ဘယ်လိုအကျိုးရှိမလဲ?

    စတဲ့အချက်တွေကို သိရှိသွားမှာ ဖြစ်တဲ့အတွက် ရှေ့ဆက်လာမယ့် အနာဂတ်မှာလည်း တိုင်းရင်းသား ညီအစ်ကိုတွေကို နည်းအမျိုးမျိုးနဲ့ ကူညီနိုင်မှာပဲ ဖြစ်ပါတယ်။

    တော်လှန်ရေးအတွက်လဲ မြန်မာနိုင်ငံရှိ တိုင်းရင်းသား အားလုံးရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကို လက်ခံနိုင်ဖို့ အရေးကြီးတာဖြစ်လို့ ယခု Podcast လေးဟာ အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

    အခု Podcast လေးကို SUM ရဲ့ တခြားသော Platform တွေမှာလည်းနားထောင်နိုင်ပါတယ်။

    Spring University Myanmar

    Facebook - www.facebook.com/springuniversitymm
    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    #SpringUniversityMM

    #SUMPodcasts

    #SUM

    7 min
  • ဘယ်လိုမျိုး English Proficiency Test ကိုပြင်ဆင်သင့်လဲ

    သင်က နိုင်ငံခြားမှာပညာသင်ကြားပြီး မြန်မာနိုင်ငံကို ပြန်ပြီးအကျိုးပြုချင်သူလား

    သင်က အခုအချိန်မှာ University Admission လျှောက်ဖို့အတွက် English Proficiency Test တစ်ခုကိုပြင်ဆင်နေတဲ့သူလား

    သင်က English Proficiency Requirement အတွက် ဘယ် English Proficiency Test ကိုပြင်ဆင်ရမလဲဆိုတာ စဉ်းစားမရဖြစ်နေပါသလား

    အကယ်၍သင်က ဒီအချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ SUM ရဲ့ Podcast Epi(8) ကသင့်အတွက်ပါပဲ။

    ဒီနေ့မှာတော့ SUM Podcast ကနေပြီး University Admission လျှောက်ဖို့ပြင်ဆင်နေတဲ့ ကျောင်းသားကျောင်းသူတွေအတွက် “ဘယ် English Proficiency Test ကိုပြင်ဆင်ရမလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပြောကြားထားပါတယ်။ ဒါကြောင်မို့လို့ အခုပဲ နားထောင်ရင်း ကိုယ့်ရဲ့ ညနေခင်းလေးကို အကျိုးရှိရှိဖြတ်သန်းလိုက်ကြရအောင်။

    ဒီ Podcast ကိုနားထောင်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ Test ကို တွေ့ရှိပြီးတဲ့အခါမှာ ကိုယ့်သူငယ်ချင်းတွေအတွက်လည်း မျှဝေပေးဖို့ပြောချင်ပါတယ်။

    Spring University Myanmar

    Facebook - www.facebook.com/springuniversitymm
    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    10 min
  • သိထားသင့်တဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ

    အနာဂတ်နိုင်ငံတော်ရဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ယူဆောင်ရွက်ဖို့ ရည်ရွယ်ချက်ရှိတဲ့ လူငယ်များအတွက်။

    "ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဘာသာရပ် ဆိုတာဒီမိုကရေစီနိုင်ငံတစ်ခုမှာ မှီတင်းနေထိုင်နေတဲ့

    နိုင်ငံသားတိုင်း၊ လူမျိုးဘာသာမရွေး ဘာကြောင့် လေ့လာထားသင့်တာလဲ"

    ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဘာသာရပ် ဆိုတာဘာလဲ။ ဘယ်လိုကဏ္ဍတွေကို လေ့လာသွားရမလဲ။

    ဒါ့အပြင် ဒီဘာသာရပ်နဲ့စပ်လျဉ်းလို့ မြန်မာနိုင်ငံရှိ လူငယ်တွေရဲ့ လွှဲမှားနေတဲ့ ယူဆချက်လေးတွေကို

    ဝေမျှပေးသွားတာမို့ အားလုံးတွက် တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

    တော်လှန်ရေးတွက်လည်း ဒီလိုဘာသာရပ်တွေက ဘာကြောင့်အရေးပါသလဲ သိမြင်သွားပြီဆို

    သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦးနော်။


    Spring University Myanmar

    Facebook - www.facebook.com/springuniversitymm
    Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

    9 min

About SUM Weekly Podcasts

From the publisher's feed

လူငယ်တွေအတွက် အကျိုးရှိမယ့် Podcast တွေကိုအပတ်စဉ် ထုတ်လွှင့်သွားပါမည်။