Summer Kites

Summer Kites

By Summer KitesArtsBooks
Download on the App Store

Summer Kites episodes

  • တောဘူတာရုံဝန်ထမ်း ၂ဦး (ပိုင်စိုးဝေ)

    တောဘူတာရုံဝန်ထမ်း ၂ဦး

    မီးရထားသံလမ်းအတိုင်း

    သူတို့နှစ်ယောက်ဆက်လျှောက်ခဲ့။
    ဘာအကြောင်းအရာရယ်လို့
    အတိအကျမရှိပါဘူး
    ရောက်တတ်ရာရာတွေပဲပေါ့လေ
    သူတို့ပြောကြ။
    ဒိုင်နိုဆောတွေ
    ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာနဲ့
    မှိုစိုက်ပျိုးနည်း၊ ကဗျာလွတ်အက
    မိန်းမတွေရဲ့ခန္ဓာဗေဒအကြောင်းလည်းပါရဲ့။
    သူတို့ပတ်ဝန်းကျင်
    သူတို့အထက်မိုးကောင်းကင်မှာ
    စစ်ရိပ်စစ်ငွေ့တွေမရှိပါဘူး
    တိမ်စိုင်ပါးပါးနဲ့ ပျံလွှားငှက်တစ်အုပ်
    ခပ်လှမ်းလှမ်းမှာ မြစ်တစ်စင်း။
    တဖြည်းဖြည်းဝေးပြီး မှုန်ဝါးတဲ့
    သူတို့ရဲ့မျက်စိတစ်ဆုံး
    အဝေးဆုံးထိရောက်ကြ။
    သူတို့ပါးစပ်ထဲတွေ့ကရာတွေပြောရင်း
    နောက်ထပ်အဝေးဆုံးရှိရာသို့
    ဆက်လျှောက်ကြ။
    နောက်ထပ်
    နောက်ထပ် အဝေးဆုံးဆီ။ ။

    - ပိုင်စိုးဝေ

    2 min
  • ဘယ်သွားနေလဲ မောင်ရေခဲ ကမ္ဘာကြီးထဲကို ဓားနဲ့ဆို (ခရမ်းပြာထက်လူ)

    အခုလက်ရှိ အခြေအနေနဲ့ ထပ်တူကျနေတဲ့ ဆရာခရမ်းပြာထက်လူရဲ့ ကဗျာပါပဲ။ စာအုပ်တွေမွှေနှောက်ရင်း ဖတ်မိ။

    -----
    ဘယ်သွားနေလဲ မောင်ရေခဲ ကမ္ဘာကြီးထဲကို ဓားနဲ့ဆို

    စစ်ဆိုတာ

    ကမ္ဘာမြေပေါ့ပါးလာအောင် စစ်ထုတ်လိုက်တဲ့ရေစစ်လား
    ငြိမ်းချမ်းရေးဆိုတာ
    သေခြင်းမှာ လူတွေငြိမ်းချမ်း
    ဒုက္ခတွေ သိမ်းသွားတာကို ဆိုလိုသလား။
    သေနတ်သံတစ်ချက်မှာ သွေးတစ်စက်ဆင်းလာ
    အစဉ်အဆက် ဒါဆို
    နှင်းဆီတွေ ရဲနေတာ သွေးသောက်ထားလို့ပေါ့
    ညနေညနေ နေလုံးကြီးနီရဲနေတာ
    သေနတ်မှန်ထားလို့ပေါ့
    သေချာပြီ ငါတို့နှလုံးသားများနီရဲနေတာ
    သေချာပြီ ငါတို့သံသယဟာ မြဲခဲ့ပြီ
    ကြည့်လေ … ရွှေဒင်္ဂါးပြားလေး
    တစ်ဖက်မှာ ပန်းဥယျာဉ်
    တစ်ဖက်မှာ ခေါင်းပြတ်
    နောက်ထပ်ခုတ်ဖဲ့ထားတဲ့ လရဲ့မျက်နှာပြင်ပေါ်မှာ
    သွေးလန့်နေတဲ့ အဘိုးအိုနဲ့ယုန်တစ်ကောင်
    ဟေ့ … လူတွေ
    ကိုယ့်ဒဏ်ရာ ကိုယ်မေ့
    ကော်ဖီဆိုင်ထိုင် ဂျာနယ်လေးတစ်စောင်ဖတ်လို့
    စီးကရက်လေးဖွာ ဂြိုလ်တုသတင်းတွေစောင့်ကြည့်လို့
    အိုးနဲ့အိမ်နဲ့
    ကမ္ဘာအနှံ့အပြား
    ခင်ဗျားတို့ အိုးမဲ့အိမ်မဲ့တွေကို အရသာခံနေလို့။ ။

    ခရမ်းပြာထက်လူ။

    3 min
  • အောင်ချိမ့်ရေးသည် - အောင်ချိမ့်

    ဆရာအောင်ချိမ့်ရဲ့ အောင်ချိမ့်ရေးသည်ကဗျာရှည်ထဲမှ အချို့သောအပိုင်းများကို ရွေးပြီး ရွတ်ဆိုထားခြင်း ဖြစ်ပါတယ်။ ကဗျာရှည်အစအဆုံး မဟုတ်ပါ။ ဆရာကောင်းရာ သုဂတိ လားပါစေ။

    5 min

About Summer Kites

From the publisher's feed

ဒီနွေမှာ တွန်းနေတဲ့ တော်လှန်ရေးရှိတယ်၊ ဖတ်ဖြစ်တဲ့ကဗျာတွေရှိတယ်၊ ပြီးတော့ လွင့်သွားတဲ့ စွန်တွေရှိတယ်။