The Corner_podcast

The Corner_podcast

Download on the App Store

The Corner_podcast episodes

  • EP2_သူတို့ပြောတဲ့စကား_Sound Healing

    The Corner "သူတို့ပြောတဲ့စကား" Podcast အစီအစဥ်ကနေ ဒီတစ်ပတ် အသံကုထုံး - sound healing အကြောင်း တင်ဆက်လိုက်ပါတယ်။

    အသံရဲ့ တုန်ခါမှုလှိုင်းတွေကတစ်ဆင့် စိတ်နဲ့ခန္ဓာကို ပြန်လည်ကုသပေးမယ့် "Sound Healing" (အသံ ကုထုံး) အစီအစဉ်မှာ ကျွန်တော်တို့နဲ့အတူ အထူးဧည့်သည်တော်အဖြစ် "Holistic Therapist - မလတ်" ကို ဖိတ်ခေါ်ထားပြီး၊ အသံလှိုင်းတွေက စိတ်ဖိစီးမှုတွေကို ဘယ်လိုလျော့ချပေးလဲဆိုတဲ့အကြောင်းကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ စိတ်အပန်းပြေစေမယ့် အသိပညာသစ်တွေကို နားဆင်ဖို့ အဆင်သင့်ပဲလားခင်ဗျာ။

    ကိုတင် - Host, The Corner

    29 min
  • The Corner_Global Geopolitics Review EP1_260528

    မကြာခင် ရက်ပိုင်းတွေအထိ ကမ္ဘာ့ဖြစ်ရပ်များကို စုစည်းသုံးသပ်ထားပါတယ်။ The Corner ကနေ စီစဥ်တင်ဆက်တဲ့ "နိုင်ငံတကာရေးရာ သုံးသပ်ချက်" ပေါ့ကတ်စ်အစီအစဥ်မှာ The Corner ရဲ့ Host ကိုတင်နဲ့ အတူ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဆရာ ချစ်ဝင်းမောင် (ဆရာချစ်) တို့က ဆွေးနွေးထားကြပါတယ်။

    ဒီတစ်ပတ် အစီအစဥ်မှာ

    • အမေရိကန်-အီရန် စစ်ပွဲ နောက်ဆုံးအရေး
    • အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီး အလွန် ရလာဒ်များ နှင့်အတူ
    • အမေရိကန် နိုင်ငံရေး အပြောင်းအလဲ

    များကို ပြည့်ပြည့်စုံစုံတင်ပြထားပါတယ်။

    ဒီလို နိုင်ငံတကာ ရေးရာသုံးသပ်ချက်များကို အပတ်စဥ် တင်ဆက်သွားနိုင်အောင် ကြိုးစားနေပါတယ်။ လိုအပ်ချက်များ၊ အကြံပြုချက်များရှိရင်လည်း ရေးသားထားခဲ့နိုင်ပါတယ်။

    The Corner Podcast team

    31 min
  • The Corner Podcast မိတ်ဆက်

    The Corner ကနေ တင်ဆက်လိုက်တဲ့ ပထမဦးဆုံး ပေါ့ကတ်စ် ကြည့်ပြီးကြပီလားခင်ဗျာ။

    ဒီဗီဒီယိုလေးကတော့ The Corner ရဲ့ Podcast အစီအစဥ်သစ်ကို မိတ်ဆက်ပေးလိုတာနဲ့အတူ ပေါ့ကတ်စ်ဆိုတာကို လွယ်ကူတဲ့ ဥပမာပေးပြီး ရှင်းပြထားပါတယ်။

    6 min
  • EP1_တစ်ချိန်က မြန်မာမဂ္ဂဇင်းများ

    ယခုခေတ်တွင် ရှားပါးလာပြီဖြစ်သော ဆွတ်ပျံ့တမ်းတဖွယ်၊ အမှတ်တရ ဖြစ်ဖွယ်၊ ဗဟုသုတရှာမှီးကြရာ "တစ်ချိန်က မြန်မာ မဂ္ဂဇင်းများ" အကြောင်းကို စာပေ ဝါသနာရှင်နှင့် စာရေးသူ မဂ္ဂဇင်း ထုတ်ဝေသူတို့နှင့်အတူ ဤ ပေါ့ကတ်စ်တွင် ဆွေးနွေးထားကြပါသည်။

    The Corner စီစဥ်သူ ကိုတင်နှင့်အတူ စာပေဝါသနာရှင် ဆရာ အောင်ကြီး (KIDD)၊ စာရေးဆရာ နှင့် မဂ္ဂဇင်းများကို စီစဥ်ခဲ့သူ ဆရာ ချစ်ဝင်းမောင်တို့ ဤ Podcast တွင် ပါဝင်ထားကြသည်။

    စာပေကို ချစ်မြတ်နိုးသူများနှင့် တစ်ချိန်က မဂ္ဂဇင်းလောက အကြောင်းကို စိတ်ဝင်စားသူများ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါသည်။

    ဤ podcast ကဲသို့ အခြားစိတ်ဝင်စားစရာ ခေါင်းစဥ်ဆွေးနွေးခန်းများကို ကြည့်ရှုနားဆင်လို့ပါက The Corner Podcast channel ကို Like and Subscribe လုပ်ထားခြင်းဖြင့် ခေါင်းစဥ်အသစ်များ မလွတ်စေရန် လုပ်ထားနိုင်ပါသည်။

    The Corner podcast team

    35 min

About The Corner_podcast

From the publisher's feed

The Corner online မဂ္ဂဇင်းရဲ့ အသစ် စီစဥ်မှု တစ်ခုအဖြစ် စိတ်ဝင်စားဖွယ်၊ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို Podcast သဏ္ဍန် ဆွေးနွေး စကားပြောဝိုင်းများ၊ လတ်တလော နိုင်ငံတကာ အဖြစ်အပျက် စကားဝိုင်းများကို…