Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership ... more
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 82 episodes available.
February 04, 2022ချိန်ထိုးအကဲဖြတ်အပ်သည့် ရှုထောင့်သုံးရပ်စစ်အာဏာသိမ်းမှု တနှစ်ပြည့်ခဲ့ပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ သူတို့အပေါ် ဆန့်ကျင်တဲ့ တွန်းလှန်ပုန်ကန်မှုတွေကို နိုင်ငံအနှံ့၊ ဒေသအနှံ့မှာ ရင်ဆိုင်နေရပြီး အာဏာကိုင်စွဲအုပ်ချုပ်ပိုင်ခွင့်လည်း မရသေးပါဘူး။ စစ်အာဏာသိမ်းမှု တနှစ်ပြည့်ချိန် ချိန်ထိုး အကဲဖြတ်အပ်တဲ့ ရှုထောင့်သုံးရပ်နဲ့ ရှေ့ဆက်ဖြစ်တန်ခြေအတွက် ကနဦး သုံးသပ်ချက်ကို ISP-Myanmar ရဲ့ Podcast Channel တွေမှာ နားဆင်နိုင်ပါတယ်။...more8minPlay
January 25, 2022“လူသားချင်းစာနာထောက်ထားမှုအပြင်” ချဉ်းကပ်မှုနည်းလမ်းစစ်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာချိန်မှာ လူသားချင်းစာနာ ထောက်ထားမှု ကိစ္စ ရပ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ချဉ်းကပ်မှု နည်းလမ်းကို EAOs သုံးဖွဲ့ က ထောက်ခံလိုက်ပါတယ်။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ISP-Myanmar က ရေးသားထားတဲ့ ကနဦး သုံးသပ်ချက်ကို နားဆင်ရပါမယ်။...more8minPlay
January 17, 2022လူမဆန်သော စစ်ဘေးနှင့် အရပ်သားပြည်သူ ကာကွယ်ရေးချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ လေကြောင်းထိုးစစ်အပါအဝင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုက စံချိန်တင် ဖြစ်ခဲ့ပါတယ်။ ဒီလို အခြေအနေဆိုးမှာ အရေးတကြီး လိုအပ်လာတဲ့ အရပ်သား ကာကွယ်စောင့်ရှောက်ရေးကို စောင့်ဆိုင်းနေရုံ၊ ရှုတ်ချနေရုံနဲ့ ဖြေရှင်းနိုင်ဖွယ် မရှိပါဘူး။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ISP-Myanmar က ရေးသားထားတဲ့ ကနဦး သုံးသပ်ချက်ကို နားဆင်ရပါမယ်။...more7minPlay
January 11, 2022မြန်မာ့အရေး ကမ္ဘောဒီးယားအထူးကိုယ်စားလှယ်နှင့် လုပ်နိုင်စွမ်းအကန့်အသတ်၂၀၂၂ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်း (Prak Sokhonn) ကို တာဝန်ပေးလိုက်ပါတယ်။ အထူးကိုယ်စားလှယ်သစ် ပရက်ဆုက်ခွန်းဟာ မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် ကို အထမြောက်အောင် ဆောင်ရွက်နိုင်မလား ဆိုတဲ့ ကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။...more7minPlay
December 24, 2021တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီနှင့် မြန်မာနိုင်ငံတရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီစနစ်အကြောင်း ဖော်ပြခဲ့တဲ့ စက္ကူဖြူ စာတမ်းတစောင်ကို တရုတ် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီဟာ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီတို့၊ စည်းကမ်းပြည့်၀သော ဒီမိုကရေစီတို့ကို အမြစ်လှန် ဖြိုဖျက်ချင်တဲ့ မြန်မာ့ နိုင်ငံရေးလေထုမှာ ထိထိရောက်ရောက် လွှမ်းမိုးနိုင်မလား ဆိုတဲ့ အကြောင်းကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။...more7minPlay
December 24, 2021အသံမထွက်ဘဲ ခြောက်ခြားနိုင်စွမ်း၊ မမြင်ရဘဲ အရှိုက်ထိ ထိုးနှက်နိုင်စွမ်းဒီဇင်ဘာ ၁၀ ရက်မှာ မြန်မာပြည်တဝှမ်း အသံတိတ် သပိတ်မှောက်ကြပါတယ်။ အသံတိတ်သပိတ်ရဲ့ အောင်မြင်မှုက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ သန္နိဋ္ဌာန်နဲ့ ပစ်တိုင်းထောင်လို အလဲအဖြိုမခံ ကြံ့ကြံ့ခိုင် ပြန်ရုန်းထနိုင်စွမ်း ကို ပေါ်လွင်စေကြောင်း ကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။...more7minPlay
December 23, 2021အကျဉ်းချရုံဖြင့် ပျက်ပြယ်မသွားမည့်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချ ဖိနှိပ် ကန့်သတ်ရုံနဲ့ သူ့ရဲ့နိုင်ငံရေးအခန်းကဏ္ဍ ပျက်ပြယ်သွားမှာ မဟုတ်တဲ့ အကြောင်း ကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။...more6minPlay
November 09, 2021မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများမြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပါပြီ။ နောက်ဆုံးအကြိမ် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုကပဲ ဆယ်စုနှစ် တခု ရှိလာခဲ့ပါပြီ။ ဒါနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခင်းအကျင်းသစ်နဲ့ နွေဦးတော်လှန်ရေးကနေ ထွက်ပေါ်လာတဲ့ အသစ်အသစ်သော လက်နက်ကိုင်အင်အားစုတွေ အကြောင်းကို ISP-Myanmar ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်း က ဆန်းစစ်သုံးသပ် ဆွေးနွေးထားပါတယ်။...more18minPlay
October 26, 2021NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်းပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးခြင်း ခြောက်နှစ်ပြည့်ခဲ့ပါပြီ။ ဒါနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ငြိမ်းချမ်းရေး ရှေ့ဆက်ဖြစ်တန်ခြေတွေက ဘယ်လိုရှိပါမလဲ ဆိုတဲ့ အကြောင်းအချက်တွေကို ISP-Myanmar က ဖြန့်ထွက်စဉ်းစား သုံးသပ်ဆွေးနွေးထားပါတယ်။...more21minPlay
September 10, 2021မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် တရုတ်၏ရပ်တည်ချက် – အကျိုးစီးပွားဝိရောဓိများနှင့် မူဝါဒလားရာများတရုတ်နိုင်ငံဟာ စစ်ကောင်စီကိုကာကွယ်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေသလဲ၊ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကို တုံ့ပြန်ရာမှာ တရုတ်ရဲ့ အခြေခံ စဉ်းစားချက်တွေက ဘာတွေလဲ၊ တရုတ်ရဲ့ မူဝါဒတွေကို ဘယ်လို လွှမ်းမိုး နိုင်မလဲဆိုတဲ့အပေါ် နိုင်ငံတကာ လေ့လာသူတွေ၊ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်၊ ကောက်ချက်ချမှုတွေကို ISP-Myanmar ရဲ့ အခု ဆန်းစစ်ချက်မှာ မိတ်ဆက်ဆွေးနွေးထားပါတယ်။...more22minPlay
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 82 episodes available.