Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership ... more
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 82 episodes available.
January 05, 2024လမ်းများအားလုံး လောက်ကိုင်သို့လား၊ နေပြည်တော်ဆီလား‘စစ်ဆင်ရေး ၁၀၂၇’ လုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ကျားဖြန့်လိမ်လည်မှုတွေ ပပျောက်ဖို့၊ မိမိတို့ဒေသကို မိမိတို့ အခုထက်ပိုထိန်းချုပ်ဖို့နဲ့ စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ဖို့ ဆိုပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။ ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့ပတ်သက်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက် သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့ အခုတပုဒ်မှာတော့ စစ်ဆင်ရေးနောက်ခံနဲ့ စစ်ပွဲကနေ ပေးနေတဲ့ အချက်ပေးနေပုံအကြောင်း သုံးသပ်ထားချက်တွေကို အခု Podacst မှာ နားဆင်ကြရပါမယ်။...more11minPlay
June 09, 2023ဆိုင်ကလုန်းမိုခါ အယ်နီညိုရှေ့ပြေးနှင့် မြန်မာ့ပဋိပက္ခအနာဂတ်၂၀၂၃ ခုနှစ် မေ ၁၄ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကို ဗဟိုပြုပြီး ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက လူဦးရေ ၅ ဒသမ ၄ သန်း ဟာ မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပါတယ်။ အခုမုန်တိုင်းဟာ ဒီနှစ်မိုးရာသီအတွက် ပထမဆုံးဖြစ်ပေမဲ့ အစွန်းရောက်သဘာဝဘေးအယ်လ်နီညို (El Niño) ရှေ့ပြေးရဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။ ယခု Podcast မှာတော့ ဆိုင်ကလုန်းမိုခါအပါအဝင် အယ်နီညိုသဘာဝဘေးတို့ရဲ့ မြန်မာပြည်သူတွေနဲ့ မြန်မာ့အနာဂတ်အပေါ် သက်ရောက်မှုတို့ကို နားဆင်ရမှာဖြစ်ပါတယ်။...more11minPlay
June 02, 2023အထိုင်သစ်ပြန်ချလာတဲ့ တရုတ်ရဲ့ မြန်မာ့အရေးမူဝါဒအာဏာသိမ်းမှုအလွန် မြန်မာ့အရေးအကျပ်အတည်းအတွက် တရုတ်နိုင်ငံရဲ့ မူဝါဒ အထိုင်သစ်ပြန်ချလာတာကို တွေ့ရပါတယ်။တရုတ်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒနဲ့ အခြေအနေတွေကို ယခု Podast မှာ သုံးသပ်တင်ပြထားပါတယ်။...more12minPlay
April 19, 2023သစ္စာနှင့် သိက္ခာအပေါ်အခြေခံသော SNLD ၏ နိုင်ငံရေးမြန်မာ့နိုင်ငံရေးမှာအစဉ်အလာကြီးမားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဟာ ဗဟို အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအပြီး ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မှာ မဟုတ်ဘူးလို့သိရပါတယ်။ နောက်ဆက်တွဲအနေနဲ့လည်း စစ်ကောင်စီက မတ် ၂၈ ရက်နေ့မှာ ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် စုစုပေါင်း ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်းကြေညာခဲ့ပါ တယ်။ ဒီအခြေအနေတွေဟာ SNLD ပါတီ အတွက်ဘာကိုဆိုလိုသလဲ၊ ဘယ်အခြေအနေတွေဆက်ဖြစ်နိုင်မလဲဆိုတာတွေကို ဒီ Podcast မှာနားဆင်ရမှာဖြစ်ပါတယ်။...more10minPlay
February 23, 2023အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်ဝင်္ကပါထဲ ဇွတ်တိုးဝင်ခြင်း“ပုံမှန်မဟုတ်သောအခြေအနေ” ဆိုတဲ့ အကြောင်းပြချက်နဲ့ ၆ လသက်တမ်းတိုးပြီး မြို့နယ် ပေါင်း ၃၇ ခုကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဟာ စစ်ကောင်စီအနေနဲ့ စစ်၀င်္ကပါထဲကို တိုးဝင်ပြီး ဘယ်လိုနောက် ဆက်တွဲအခြေအနေတွေ ဖြစ်နိုင်တယ်ဆိုတာကို ယခု Podcast မှာသုံးသပ်တင်ပြထားပါတယ်။...more6minPlay
July 18, 2022ပြည်တွင်းစစ် တာရှည်နိုင်သော အချက်သုံးရပ်ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံဟာ ဘယ်အကြောင်းချက်တွေကြောင့် ပြည်တွင်းစစ် တာရှည်နေ သလဲဆိုတဲ့ အကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။...more11minPlay
June 17, 2022လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား မဟာမိတ်ဖွဲ့ခြင်း၏ အရေးပါမှုပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၁) အဖြစ် ဖော်ပြခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြားက မဟာမိတ်ဖွဲ့မှု အယူအဆဟာ အင်မတန်မှ အရေးကြီးပြီး အလေးထားဖို့လိုအပ်တယ်ဆိုတဲ့ အကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။...more12minPlay
June 17, 2022အန်တုတော်လှန်ရေးနှင့် ပြည်တွင်းစစ်အကြား အဆက်အစပ်ကို လေ့လာခြင်းပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ အကြမ်းမဖက်လူထုတိုက်ပွဲ၊ လက်နက်ကိုင် အန်တုတော်လှန်ရေးနဲ့ ပြည်တွင်းစစ်အကြား ဆက်စပ်မှုအကြောင်းကို မြန်မာ့နိုင်ငံရေး မြေပြင်အခြေအနေ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ပြီး သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။...more12minPlay
June 17, 2022သင်ယူမှု ဆုံးရှုံးခြင်း မဖြစ်စေရန် အရေးကြီးပါသည်ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၅) အဖြစ် ဖော်ပြခဲ့တဲ့ လေ့လာသင်ယူမှု ရရှိနိုင်ခြင်းဟာ ကလေးသူငယ် အခွင့်အရေး တခုဖြစ်တဲ့အတွက် ပညာရေးမူဝါဒပဲ ဖြစ်ဖြစ်၊ လှုံ့ဆော်လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ် ချမှတ်ရာမှာ ရေတိုသက်သက် မကြည့်ဘဲ ရှေရှည်အနေနဲ့ ဘက်စုံထောင့်စုံ လက်တွေ့ကျကျ စဉ်းစားသင့်တယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။...more13minPlay
June 16, 2022ထီးနန်းကို မင်းစည်းစိမ်အဖြစ် မှတ်ယူတဲ့ နိုင်ငံရေးဓလေ့ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၉) အဖြစ် ဖော်ပြခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားစေဖို့အတွက် နိုင်ငံရေးဓလေ့ ရှုထောင့်က အာဏာကိုရှုမြင်ပုံတွေအကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။...more11minPlay
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 82 episodes available.