Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership ... more
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 135 episodes available.
January 30, 2026မြန်မာ့အရေး နိုင်ငံတကာ၏တူညီဆန္ဒ ခိုင်မာအားကောင်းစေရန် မူဝါဒအကြံပြုချက်မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးရပ် ချည့်နဲ့သွားတာက မြန်မာအတွက်သာမက ဒေသတွင်းအတွက်ပါ ‘အားကြီးသူ မင်းမူနိုင်မယ့်’လမ်းကို ဖွင့်ပေးသလို ဖြစ်သွားနိုင်ပါတယ်။ အခြားအစားထိုးစရာ နိုင်ငံတကာသဘောတူညီချက်တရပ်ရပ်ကို မဖော်ဆောင်နိုင်သေးတဲ့အချိန်မှာ အာဆီယံတူညီဆန္ဒကိုပဲ ချည်တိုင်အဖြစ် ဆက်ထောက်ခံပြီး နိုင်ငံရေးခေါင်းဆောင်အဆင့် တိုက်ရိုက်အားထည့် ကြားဝင်ဆောင်ရွက်ရေးကို အလေးပေးတွဲဖက် ကျင့်သုံးသင့်ပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေး မကျင်းပမီ လေးရက်အလို (၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်) မှာ မူဝါဒအကြံပြုချက်တရပ် ထုတ်ဝေခဲ့ပါတယ်။...more13minPlay
January 28, 2026လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့တရားရေးကို အားကိုးမရတဲ့အခင်းအကျင်းမှာ လူမှုပြစ်ဒဏ်ကို သုံးကြရမှာဖြစ်တယ်။ ဒါပေမဲ့ social punishment အစား ဆိုရှယ်မီဒီယာ သိက္ခာချဆွမ်းကြီးလောင်းခြင်းနဲ့ လူအုပ်ဖွဲ့ စုန်းဖမ်းပွဲပဲဖြစ်ရင် ကျူးလွန်ခံရသူအတွက် survivor-centered ချဉ်းကပ်မှုဟာလည်း အနှစ်သာရ ပျက်စီးသွားပါလိမ့်မယ်။ စာမူရှင် ဒေါက်တာစိုင်းလတ်ရေးသားထားတဲ့ “လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့” ဆောင်းပါးကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ...more12minPlay
January 27, 2026မြန်မာ့ငလျင်ဘေးနှင့် ယောင်ခြောက်ဆယ် စစ်ကောင်စီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အုတ်ခဲတွေကို လက်ဆင့်ကမ်းသယ်လို့ကောင်းတုန်းပါပဲ။ စစ်ခေါင်းဆောင်တွေကရော ဘာလုပ်ပါသလဲ။ ငလျင်ဘေးသင့် နေရာတွေကို လိုက်ကြည့်၊ ကယ်ဆယ်ရေးအဖွဲ့တွေကို လိုက်နှုတ်ဆက်၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ အာဝါဒါးလုပ်နေတာကိုပဲ အများဆုံးတွေ့ရပါတယ်။ စာမူရှင် ဟိတေရေးသားထားတဲ့ “မြန်မာ့ငလျင်ဘေးနှင့် ယောင်ခြောက်ဆယ် စစ်ကောင်စီ” ဆောင်းပါးကို ၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ...more8minPlay
January 26, 2026လိုင်စင်ရလက်နက်ကိုင်အဖွဲ့တခုတော့ ပေါ်လာပြီမြန်မာပြည်ထဲက သူ့အကျိုးစီးပွားတွေကို စစ်ကောင်စီတပ်တွေက ကာကွယ်မပေးနိုင်တော့ဘူးလို့ တရုတ်ကယုံကြည်ပြီးတဲ့နောက်မှာ သူ့ရဲ့လုံခြုံရေးကုမ္ပဏီတွေကို ပို့ချင်ခဲ့တာ ဖြစ်ပါတယ်။ ... အဖွဲ့စုံအရောင်စုံတိုက်နေတဲ့ မြန်မာ့ပြည်တွင်းစစ်မှာ မျက်နှာသစ်လက်နက်ကိုင်တွေ ထပ်တိုးလာပြီး အခြေအနေတွေ ပိုရှုပ်ထွေးလာမှာ သေချာနေပါတယ်။ စာမူရှင် အဂ္ဂရေးသားထားတဲ့ “လိုင်စင်ရလက်နက်ကိုင်အဖွဲ့တခုတော့ ပေါ်လာပြီ” ဆောင်းပါးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ...more6minPlay
January 22, 2026စစ်ခေါင်းဆောင်မဖွင့်ရဲသော တံခါးတစ်ချပ်ရွေးကောက်ပွဲသာ ဖြစ်မြောက်ခဲ့ရင် ချုပ်ကိုင်ထားတဲ့ အာဏာတွေကို ပြန်ခွဲပေးရမှာဖြစ်ပြီး ဒီအခါ ‘အာဏာစင်ပြိုင်’တွေ ပေါ်လာမှာဖြစ်တာကြောင့် ရွေးကောက်ပွဲကနေ အကျိုးအမြတ်အနည်းဆုံးရမှာက သူဖြစ်နေလို့ပါပဲ။ စာမူရှင် အဂ္ဂရေးသားထားတဲ့ “စစ်ခေါင်းဆောင်မဖွင့်ရဲသော တံခါးတစ်ချပ်” ဆောင်းပါးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ...more6minPlay
December 29, 2025အသားကျသွားသော အမှောင် - ရာမညမြေက အံစာတုံးသံများစစ်မှန်တဲ့ ရာမညရဲ့ အလှတရားက လောင်းကစားဝိုင်းတွေရဲ့ အရိပ်အောက်မှာ ပျောက်ကွယ်သွားရတော့မှာလား။ ဒါတွေက ဘယ်ကနေစပြီး ဖြစ်လာတာလဲ။ ဘယ်သူကမှ အရေးတယူ မပြုကြတော့ဘူးလား။ စည်ကားလှတဲ့ ဘုရားပွဲတော်တွေရဲ့ အလယ်မှာ အရင်က သိုသိုသိပ်သိပ်ရှိခဲ့တဲ့ အရာတခုက ဒီကနေ့မှာတော့ ပိုပြီးထင်သာမြင်သာနေသလို လူတွေကလည်း အသားကျနေကြတာကို မြင်ရတာ အတော်အံ့သြခဲ့ရပါတယ်။ အဖေကတောင် ပြောသေးတယ် “သားငယ်လေး၊ တပွဲလောက် ဆော့ချင်လား” တဲ့...။...more8minPlay
December 28, 2025သိမ်းပိုက်ခံမြို့ထဲက မြေစာမြက်များစစ်ပွဲအတွင်း အရပ်သားများကိုကာကွယ်ရေးအတွက် နိုင်ငံတကာဥပဒေများရှိကြောင်း မြို့ထဲမှာ ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်သည့် လူငယ်တချို့ထံကနေ ကြားဖူးနားဝရှိဖူးသည်။ ထိုစကားကိုကြားစက ပြောနေကြသူ လူငယ်ကလေးများ၏ မျက်လုံးများကို သူ ကိုယ်တိုင်ကိုယ်ကျ လက်ဖြင့်ဖြဲကာ မေးလိုက်ချင်သည်။ မည်သူက မည်သူ့ကို ကာကွယ်နေသည်ကို တွေ့သနည်းဟူ၍။...more8minPlay
December 27, 2025ဤခရီး ဝေးလှသည်တကယ်ဆို...လမ်းမှာ ပရိတ်ကြီး ၁၁ သုတ် ရွတ်နေဖို့ ကောင်းတယ်။ ဒါပေမဲ့ နုံနုံအအ တောသူပေမို့ စပယ်ယာတိုင်ပေးတဲ့ စစ်ဆေးရေးဂါထာကိုပဲ တတွတ်တွတ် ကျက်မှတ်လာရတယ်။ “ စစ်တပ်ဂိတ်ဆို ထောက်ခံစာ ပြ၊ ပီဂိတ်တွေဆို ထောက်ခံစာ လုံးဝမထုတ်မိစေနဲ့၊ ဖုန်းကတော့ ဘယ်ဂိတ်ရောက်ရောက် မသုံးနဲ့”။ ဒါ့ပြင် ဝတ်စုံမြင်ရုံနဲ့ မခွဲခြားတတ်တော့ မငိုက်မိအောင်ပါ ကြိုးစားနေရသေးတယ်။...more8minPlay
December 26, 2025အတိုက်အခံကိုလည်း နှိပ်ကွပ်၏၊ သစ္စာခံကိုလည်း နှိပ်ကွပ်၏စစ်ခေါင်းဆောင်တဦးသည် သူ၏ အတိုက်အခံ/ရန်သူဟု သဘောထားလျှင် တောင်ကုန်းတခုကို သိမ်းယူသလို လက်ဦးမှုရယူမည်သာဖြစ်သည်။ နိုင်ငံရေးကျင့်ဝတ်သိက္ခာအရ စဥ်းစားလိမ့်မည်မဟုတ်ချေ။ ‘ကျနော် ဘာမဆိုလုပ်ရဲတယ်’ဆိုသည့် စကားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းဖို့ ကြိုတင်လေသံပစ်ခဲ့သော စကားဖြစ်သည်။ ပထမဆုံးဝါကျတွင် မေးထားသော မေးခွန်း၏ အဖြေလည်း ဖြစ်သည်။ အာဏာရှင်ဆိုသည်မှာ အတိုက်အခံကိုလည်း နှိပ်ကွပ်၏၊ သစ္စာခံကိုလည်း နှိပ်ကွပ်၏။...more8minPlay
December 25, 2025မေတ္တာရပ်လူတန်းစား ထွန်းကားလာသည့် ရက္ခိုင်ပြည်စစ်ရေးအောင်ပွဲတွေကို ချီးကျူးထောပနာပြုနေကြပေမဲ့ စစ်ဘေးဒဏ်သင့်သူတွေရဲ့ အသံနဲ့ လူမှုဒုက္ခပြဿနာတွေကို အချက်အလက်၊ ကိန်းဂဏန်တွေနဲ့ ကိုင်ပြနိုင်ဖို့ ခဲယဉ်းနေပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ရက္ခိုင်ပြည်သူတွေထဲမှာ ဒုက္ခတောင်လိုပုံပြီး စိတ်ထိခိုက်ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေ တပုံတပင်ကြီးပါ။...more9minPlay
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 135 episodes available.