Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership ... more
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 135 episodes available.
May 06, 2026‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၁၂ (အယူအဆ မှတ်စု)ညီနောင်သုံးဖွဲ့ရဲ့ “စစ်ဆင်ရေး ၁၀၂၇” ပထမပိုင်းနဲ့ ဒုတိယပိုင်းအပြီး ရှမ်းမြောက်ဒေသရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမျက်နှာသွင်ပြင်က အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါတယ်။ ရှမ်းပြည်နယ်အတွင်း စစ်စီးပွားရေး(တနည်း) ပဋိပက္ခစီးပွားရေးက သိသိသာသာ ကြီးထွားလာခဲ့ပါတယ်။ ပဋိပက္ခစီးပွားရေးဆိုတဲ့သဘောက စီးပွားရေးလုပ်ဆောင်မှုတွေ ထိန်းသိမ်းထားဖို့နဲ့ အဲဒီစီးပွားရေးလုပ်ငန်းကွန်ရက်တွေနဲ့ အမြတ်အစွန်းတွေဟာ လောင်အားကောင်းနေတဲ့ မြန်မာ့ပြည်တွင်းစစ်နဲ့ ခွဲမရလောက်အောင် ချိတ်ဆက်နေတဲ့ အနေအထားပါ။ ဒီနေရာမှာ အထူးတလည် ထိခိုက်နစ်နာရသူတွေကတော့ ဒေသခံတွေနဲ့ နိုင်ငံတခုလုံးက ပြည်သူလူထုတွေပါပဲ။ ဒီလို ဆိုးရွားတဲ့ လူမှုကပ်ဘေး၊ သရောကြီးခိုင်းချိန်ကို ပြည်သူလူထုတွေက ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြရပါသလဲ။ ဒီအယူအဆမှတ်စုမှာ နားဆင်နိုင်ပါတယ်။ ...more7minPlay
March 22, 2026ဥပဒေနည်းကျ ဆိုသော်လည်းတော်လှန်ရေးနယ်မြေအချို့မှာ အခွန်ကောက်ခံတဲ့အခါ အာဏာရှင်ခေတ်တွေကအတိုင်း ‘အမိန့်’ နဲ့ ကောက်ခံတာ၊ ကောက်ခံရရှိတဲ့ အခွန်ငွေကို သုံးစွဲတဲ့အခါ ပွင့်လင်းမြင်သာမှု အားနည်းတာတွေ ရှိနေပါတယ်။ ဖမ်းဆီးထိန်းသိမ်းမှုတွေမှာလည်း စနစ်ဟောင်းက ဥပဒေပုဒ်မတွေကိုပဲ အသုံးပြုပြီး တရားစီရင်နေတာမျိုးတွေ ရှိနေတာဟာ ‘စနစ်သစ်’ ကို သွားနေတဲ့ လမ်းကြောင်းအပေါ် စိန်ခေါ်မှုကြီးတခု ဖြစ်နေပါတယ်။...more7minPlay
March 21, 2026ဝိပတ္တိနေ့စွဲများမီးလောင်ပြာကျသွားတဲ့ ဝမ်းစာစပါးပုံတွေ၊ ကြွင်းကျန်ရစ်တဲ့ မီးလောင်အိမ်တိုင်ငုတ်တိုတွေကို ကြေကွဲစွာ ငေးကြည့်နေသူတွေအတွက် နွေဦးဟာ တာဝန်ကျေဖို့လိုတယ် မဟုတ်လား။ နောက်ပြီးတော့ နွေဦးအလှကို ပိုနွေးစေတဲ့ ငုနဲ့ ပိတောက်တွေ ပွင့်ဖို့လိုတယ် မဟုတ်လားလို့ ကျနော် စဉ်းစားနေမိတယ်။...more12minPlay
March 20, 2026ကျားဖြန့်ပညာရေးနိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာပေးသယောင်ယောင်နဲ့ တကယ်တမ်း နိုင်ငံခြားကျောင်းပြောင်းတော့မယ်ဆိုမှ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကကျောင်းက ဘယ်နိုင်ငံခြားတက္ကသိုလ်တွေကမှ အသိအမှတ်ပြုမထားလို့ မိအေးနှစ်ခါနာ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေ ပုံလို့ပါပဲ။...more7minPlay
March 20, 2026ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – ရှမ်းမြောက်ဒဏ်ရာနှင့် ရုန်းကန်ရှင်သန်ရခြင်း“စစ်ဆင်ရေး ၁၀၂၇” အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲသွားသလို၊ တဖက်မှာလည်း ပဋိပက္ခစီးပွားရေးဟာ သိသိသာသာ ကြီးထွားလာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် (EAOs) အဖွဲ့တွေအနေနဲ့ နယ်မြေသစ်တွေကို ထိန်းချုပ်လာနိုင်ပေမယ့် တရားမဝင် သယံဇာတတူးဖော်မှု၊ ငွေလိမ်ဂိုဏ်း (ကျားဖြန့်) ဝင်ရောက်လာမှုနဲ့ မြေယာသိမ်းပိုက်မှုတွေ အပါအဝင် ပဋိပက္ခစီးပွားရေး ကွန်ရက်တွေက ပိုမိုနက်ရှိုင်းလာပါတယ်။ ဒီဆိုးကျိုးတွေကို အလူးအလဲ ခံစားရသူတွေကတော့ ဒေသခံ ပြည်သူလူထုတွေပါပဲ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့မှုတွေအောက်မှာ ဒေသခံတွေဟာ ပြောရေးဆိုခွင့်မရှိဘဲ “အသံမဲ့” နေကြရပါတယ်။ ရှင်သန်ရပ်တည်ရေးအတွက် မလွှဲမရှောင်သာ နေရပ်စွန့်ခွာရတာ၊ တရားမဝင်လုပ်ငန်းတွေထဲ ဝင်ရောက်လုပ်ကိုင်လာရတာတွေနဲ့အတူ ဆိုးရွားတဲ့ အခြေအနေကို အသစ်သောပုံမှန်အခြေအနေ (New normal) အဖြစ် မျိုသိပ်လက်ခံနေကြရပြီး ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ကြန်အင်လက္ခဏာတွေပါ မှေးမှိန်လာနေပါတယ်။ ဒီတပတ် “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာတော့ ရှမ်းမြောက်ဒေသခံတွေ ရင်ဆိုင်နေရတဲ့ ပဋိပက္ခစီးပွားရေးရဲ့ သက်ရောက်မှုတွေကို ISP-Myanmar က လူငယ်သုတေသီတွေက ဆွေးနွေးတင်ပြထားပါတယ်။...more31minPlay
March 03, 2026မိုးမျှော်တိုက်များအောက်က နင်းပြားဘဝများနှင့် တပိုင်းတစပညာရေးမြန်မာလူငယ်တွေနဲ့ နိုင်ငံတကာပညာရေးအကြားမှာ ငွေကြေးအခက်အခဲက အကြီးမားဆုံး အဟန့်အတား ဖြစ်နေပေမဲ့ လက်ရှိအခြေအနေမှာ အလုပ်လုပ်ရင်း အချိန်ပေးနိုင်တဲ့ အခမဲ့ online platform တွေ (ဥပမာ- Coursera, EdX) ဒါမှမဟုတ် skills-based သင်တန်းတွေကို အသုံးချသင့်ပါတယ်။...more7minPlay
February 27, 2026အငှားပါးစပ်ဖြင့် ပုံပြောကြရာဝယ်တော်လှန်ရေးနယ်မြေတွေထဲမှာ ပြည်သူတွေ အဖမ်းခံနေရတာ၊ သတင်းသမားတွေကို ဖမ်းဆီးတာတွေ၊ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးတာတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ထုတ်ဖော်မပြောဆိုရဲတာဟာ တော်လှန်ရေးအရှိန်နည်းသွားမယ်ဆိုတဲ့ ပုံပြောဆရာရဲ့ တွန်းအားတွေပါပဲ။...more6minPlay
February 27, 2026ဒီဂျစ်တယ် သတိ၊ ဒီဂျစ်တယ် တာဝန်ယူမှုစစ်တပ်ရဲ့ သတင်းကွန်ရက်တည်ဆောက်ထားမှုနဲ့ အမိန့်စီးဆင်းမှုပုံစံတွေ သိရှိထားဖို့လိုအပ်သလို တော်လှန်ရေးတပ်တွေရဲ့ စည်းကမ်းလိုက်နာဖို့နဲ့ ဒီဂျစ်တယ်လုံခြုံရေးအားနည်းတာ၊ တော်လှန်ရေးတပ်တွေအပေါ်မှာ ဘယ်သူက တာဝန်ရှိလို့ ဘယ်လိုတာဝန်ယူမလဲဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ...more9minPlay
February 24, 2026တနိုင်ငံလုံး နစ်ကျွံလာသော မူးယစ်နွံ - မျိုးဆက်သစ်တို့ ဆုတ်ယုတ်ရစ်တော့မလားမူးယစ်ဆေးဝါးရောင်းဝယ်တာအပြင်သူ နဲ့ဆက်စပ်တဲ့ ကျားဖြန့်တွေ၊ ငွေကြေးခဝါချတာတွေ၊ မူးယစ်ဆေးနဲ့ ပဋိပက္ခရဲ့ အတွဲအချိတ်က ပိုပြီးတော့မှ အားကောင်းလာပါတယ်။ ဘက်အသီးသီးကနေပြီးတော့မှ ဒါကိုအရင်းပြုပြီး နိုင်ငံရေး အကျိုးအမြတ် ရအောင် အမြတ်ထုတ်လာနိုင်ပါတယ်။ ဒါ့အပြင် အခြေခံ စားဝတ်နေရေးမှာ မပြေလည်ဘူးဆိုရင် အခုဖြစ်နေတဲ့ မူးယစ်ဆေးထုတ်တာတွေ ဘိန်းစိုက်တာတွေ ဒါတွေဟာဆိုရင် လျော့ပါးသွားဖို့အတွက် ခက်ပါလိမ့်မယ်။ မူးယစ်ဆေးက နိစ္စဓူဝသဘောဖြစ်လာကြတာကို ဘယ်လိုမျိုး တားဆီးကြမလဲ။ ဒီမူးယစ်ဆေးကနေတဆင့် ရလာမယ့် ဆိုးကျိုးဒဏ်တွေကို လူငယ်တွေကပဲ ခံရမှာဖြစ်ပါတယ်။ ဒီလူငယ်တွေ အနာဂတ် ပျက်သုဉ်းသွားတယ်ဆိုရင် တိုင်းပြည်အနာဂတ်လည်း ပျက်သုဉ်းမှာဖြစ်ပါတယ်။...more31minPlay
February 24, 2026‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၁၁ (အယူအဆမှတ်စု)မူးယစ်ဆေးထုတ်လုပ်မှုမှာ မြန်မာက ထိပ်တန်းမှာ ရှိနေပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ သုံးစွဲနေမှုနဲ့ မြန်မာ့ပဋိပက္ခပြဿနာက အကျယ်အပြန့် ငြိတွယ်နေပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကာလမှာ သီးနှံအထွက်ကျတာ၊ ဈေးကွက်မရှိတာ၊ ဖျက်ဆီးခံရတာတွေကြောင့် တောင်သူတွေဟာ ဘိန်းနဲ့ ဆေးခြောက် စိုက်ပျိုးမှုတွေဘက်ကို လှည့်လာခဲ့ကြရပါတယ်။ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)-ငွေကြေးခဝါချမှု-မူးယစ်ဆေး-ပဋိပက္ခ တွဲချိတ်ပေါင်းစည်းမှုတွေ ဖြစ်လာခဲ့ပါတယ်။ လူငယ်တွေအပြင် လူကြီးတွေကြားထဲမှာပါ မူးယစ်ဆေးသုံးတာဟာ နိစ္စဓူဝ ဆောင်ရွက်ချက်တွေလို ကျင့်ဝတ်နိမ့်ပါး လက်ခံလာကြပါတယ်။ မူးယစ်ဆေးကရတဲ့ တရားမဝင်ငွေတွေကြောင့် ရေရှည်မှာ စီးပွားရေးစနစ်ကြီးတခုလုံး ပြိုလဲသွားနိုင်ပါတယ်။ ပြည်တွင်းစစ်ကြီး ဆက်တောက်လောင်နိုင်ပြီး ပထဝီနိုင်ငံရေးအရ အားနည်းပျော့ကွက်တွေနဲ့ အညှီရှိရာ ယင်အုံဖို့ ဖြစ်စေပါဦးမယ်။ ...more5minPlay
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 135 episodes available.