Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership ... more
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 137 episodes available.
July 01, 2026မူဝါဒတခြား လူထုတခြား နေပြည်တော်နှင့်ဝေးခဲ့ပြီဖွံ့ဖြိုးရေးအစီအမံတွေနဲ့ တခြားမူဝါဒတွေဆိုတာ ဘယ်လောက်ပဲ နည်းနာအရ ပြည့်စုံပါစေ၊ အုပ်ချုပ်သူနဲ့ လူထုအကြား အချိတ်အဆက် မရှိ၊ လက်ခံယုံကြည်မှု မရှိရင် အလကားပဲလို့ မြင်လာပါတယ်။ တတိုင်းပြည်လုံးရဲ့တိမ်းညွတ်မှု (national mood) က ဘယ်လို ရှိနေသလဲ ဆိုတာကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။...more7minPlay
July 01, 2026မှတ်ပင်အောက်တွင် ပြန်ဆုံမည်တကယ်လို့ ဒီစပ်ကြားထဲ ကျနော်ရောက်မလာခင် အမေသာ တခုခု ဖြစ်ခဲ့ရင်လည်း ငယ်ငယ်က ပေးခဲ့တဲ့ ကတိအတိုင်း မှတ်ပင်အောက်ကို အရောက်သွားပြီး စောင့်ပေးပါ အမေ။ ကျနော်သာ အမေ့ထက်စောပြီး လောကကြီးက ထွက်ခွာခဲ့ရရင်လည်း အမေ့နည်းလမ်းအတိုင်း နားပိတ်၊ မျက်စိမှိတ်ပြီး မေ့ပင်ကို ကျော်ဖြတ်ပါ့မယ်။ မှတ်ပင်အောက်က စောင့်ပါ့မယ်။...more11minPlay
June 29, 2026စီဒီအမ်မျဉ်းပြိုင်နှင့် လပ်နေသော စာသင်ခုံများကြားကာလပညာရေးစနစ်က ခိုင်မာတဲ့အနာဂတ်နဲ့ ဘေးကင်းတဲ့စာသင်ခန်းကို ထိထိရောက်ရောက် မပေးနိုင်သေးချိန်မှာ အမိန့်အာဏာသုံးပြီး စာသင်ခန်းတွေကို ပိတ်ဆို့နေမယ်ဆိုရင် ရေရှည်မှာ ကလေးတွေရဲ့အနာဂတ် အမှောင်အတိ ဖုံးသွားမှာ သတိပြုစရာပါ။ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဆန့်ကျင်ထောက်ပြသလိုပဲ တော်လှန်ရေးဘက်ကလည်း အာဏာရှင်ဆန်တဲ့ နည်းလမ်းမျိုးတွေ သုံးပြီး ကလေးတွေရဲ့ အနာဂတ်ကို ထပ်လောင်းပိတ်ဆို့တာမျိုး မလုပ်သင့်ပါဘူး။...more7minPlay
June 29, 2026စစ်အာဏာရှင်များ၏ သမိုင်းလိမ်ဗျူဟာအာဏာရှင်တွေရဲ့ ဗျူဟာက ရေရှည်ပစ်မှတ် (long-term target) ကို သွားတာပါ။ သူတို့ရဲ့ပစ်မှတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူတွေနဲ့ နောက်လာမယ့် မျိုးဆက်သစ်တွေပါ။ မြန်မာ့သမိုင်းမှာ အမှားကြာရင် အမှန်ဖြစ်သွားတတ်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။...more7minPlay
June 29, 2026စတေးခံလိုက်ရသော လုပ်အားများ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလအလွန်မှာတော့ တော်လှန်ရေးအတွက် ဆိုပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးစတဲ့နယ်ပယ်စုံမှာ အဖွဲ့ပေါင်းများစွာ တအုန်းအုန်းပေါ်လာသလို အဲဒီအဖွဲ့တွေမှာ အလုပ်လုပ်တဲ့ လူငယ်တွေ၊ CDM တွေနဲ့ တော်လှန်ရေးနိုင်လိုစိတ်တခုတည်းပဲ ကြည့်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေဟာလည်း ‘တော်လှန်ရေးအလုပ်’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေါင်းပုံဖြတ်ခံနေရတုန်းပါပဲ။...more6minPlay
June 29, 2026မလူးသာ မလွန့်သာ မြစ်ဧရာသဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေရော လူထုကပါ အာဏာရှင်လက်က လွတ်မြောက်ရေးဆိုတဲ့ အချက်ကိုသာ အလေးပေးလာကြပြီး မြစ်ဆုံအရေးကို လျစ်လျူရှုရင်း ကာကွယ်စောင့်ရှောက်သူတွေအဖြစ်ကနေ တိတ်ဆိတ်နေရသူတွေ ဖြစ်လာသလို တချို့တွေကတော့ ကိုယ်တိုင်ကျူးလွန်သူတွေနဲ့ ပူးပေါင်းပါဝင်သူတွေ ဖြစ်လာကြပါတယ်။...more8minPlay
June 29, 2026စစ်သည်အိပ်မက်ငြိမ်းချမ်းရေးက အမြဲလိုအပ်ပါတယ်။ လူငယ်တွေကို အသံပိတ်စေတဲ့ ငြိမ်းချမ်းရေးမဟုတ်ဘဲ သူတို့အိပ်မက်တွေကို လိုက်နိုင်အောင် လမ်းဖွင့်ပေးတဲ့၊ မျှတမှုရှိပြီး ရေရှည်တည်တံ့နိုင်တဲ့ ငြိမ်းချမ်းရေးတခုသာ လိုအပ်ပါတယ်။ လူတွေကို အသက်ရှင်နေထိုင်ရုံမကဘဲ အနာဂတ်ကို မျှော်လင့်နိုင်အောင် လုပ်ပေးနိုင်တဲ့ ငြိမ်းချမ်းရေးမျိုးပါ။...more7minPlay
June 04, 2026ရန်ကုန်အိမ်မက်ကို စွန့်ခွာသွားကြသူများရန်ကုန်အိပ်မက်အတွက် ပြန်ပြင်လို့မရနိုင်လောက်အောင် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုကတော့ အိပ်မက်မက်သူတွေ ကိုယ်တိုင် ပျောက်ဆုံးသွားခြင်းပါပဲ။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လူငယ်တွေရဲ့ အနာဂတ်တံခါးဝကို သံမှိုရိုက်ပြီး အသေပိတ်လိုက်သလို ဖြစ်သွားခဲ့တယ်။...more8minPlay
June 04, 2026ဘွိုင်းကော့လုပ်ခြင်းနှင့် အစားထိုးရွေးချယ်စရာရှားပါးမှုပြည်တွင်းမှာ ကျန်ရစ်သူတွေအနေနဲ့ စစ်တပ်နဲ့ဖက်စပ်လုပ်ငန်းတွေကလာတဲ့ ဝန်ဆောင်မှုတွေ၊ စားသောက်ကုန်တွေကို မသုံးရင် ဘာကိုအစားထိုးသုံးရမလဲဆိုတာ အခုအချိန်မှာ ဝေခွဲမရ ဖြစ်နေကြပါပြီ။ စီးပွားရေးလုပ်ငန်းစုကြီးတွေကို စစ်တပ်ရဲ့ ပင်မကုမ္ပဏီတွေဖြစ်တဲ့ MEC နဲ့ MEHL တွေသာမက စစ်တပ်နဲ့ နီးစပ်သူတွေ၊ စစ်တပ်အကျိုးစီးပွားကို ဖော်ဆောင်ပေးနေသူတွေကပဲ လွှမ်းမိုးပိုင်ဆိုင်ထားတာကို တွေ့ရလို့ပါပဲ။...more8minPlay
June 04, 2026တော်လှန်ရေးကာလအတွင်း ချန်လှပ်ခံထားရဆဲ ဂျန်ဒါအရေးဂျန်ဒါအရေးကိုယ်တိုင်က အလုပ်သမားအရေးလို အကျိုးစီးပွားအရေးထက် သရုပ်လက္ခဏာအရေး ပိုဆောင်တာကြောင့် နဂိုကပဲ မြေပြင်မှာ သရုပ်လက္ခဏာကို ကျော်လွန်ပြီး လူပေါင်းစုံပါဝင်တဲ့ စုစည်းမှုဖြစ်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒီကြားထဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေက စံနှုန်းတန်းဖိုးတွေကိုပဲ pdf file ထုတ်ပြောနေတော့ မြေပြင်မှာ လှုပ်ရှားမှုတွေက ခြေကုပ်ရဖို့ ပိုခက်စေပါတယ်။...more13minPlay
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 137 episodes available.