Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership ... more
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 80 episodes available.
September 15, 2025စတုတ္ထမျိုးဆက်‘တပ်မတော်’ဖြစ်နိုင်ခြေပြည်တင်းတာကို နာတော်ခံမလား၊ ရှင်ကြီး ကျားထက် ပိုဆိုးမလားမြန်မာစစ်တပ် ပြိုလဲနိုင်ဖွယ် မရှိသေးတာ၊ ထီးပြိုင်နန်းပြိုင်တွေနဲ့ အချုပ်အခြာအာဏာ ဆုတ်ယုတ်တဲ့ နိုင်ငံတော်ကိုပဲ စစ်တပ်က နည်းမျိုးစုံသုံးပြီး ဆက်အုပ်ချုပ်နေဦးမှာ၊ တော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိစစ်တပ်ကို ပိုကောင်းတဲ့ တခြားရွေးချယ်စရာနဲ့ အစားမထိုးနိုင်သေးပါဘူး။ တဖက်မှာလည်း မြန်မာစစ်တပ်အတွင်း စတုတ္ထမျိုးဆက် အပြောင်းအလဲ ဖြစ်နိုင်သလား၊ ဖြစ်ရင် ဘယ်လိုဖြစ်မလဲ၊ ဘယ်သူတွေ ဦးဆောင်မှာလဲ၊ ဘယ်လိုဦးတည်ရာမျိုးကို ရှေးရှုမလဲဆိုတာ စူးစမ်းကြည့်ဖို့ လိုအပ်လာပါတယ်။...more26minPlay
August 26, 2025‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၉ (အယူအဆမှတ်စု)၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တွန်းလှန်ခဲ့တဲ့ ‘နွေဦးတော်လှန်ရေး’ရဲ့ အစောပိုင်း ကြန်အင်လက္ခဏာဟာ လက်နက်ကိုင်တော်လှန်ရေး မဟုတ်ပေမဲ့ နောက်ပိုင်းမှာတော့ လက်နက်ကိုင်တိုက်ပွဲဟာ အဓိကလက္ခဏာ ဖြစ်လာခဲ့ပါတယ်။ စစ်ရေးအောင်ပွဲတွေ၊ ကိုယ့်ရဲ့ အသာစီးရမှုတွေကို ဆုပ်ဆုပ်ပိုင်ပိုင် ယန္တရားစနစ်အတွင်း အောင်မြင်မှုအဆင့် တက်လှမ်းရနိုင်ဖို့ (institutionalized gains) ဘယ်လောက်အရေးကြီးပါသလဲ။ ဒါတွေကို အခုပေါ့ကတ်စ်မှာ နားထောင်ဖို့ ဖိတ်ခေါ်ပါရစေ။...more5minPlay
July 31, 2025Rakhine: A De Facto Rival Power CenterThe Arakan Army (AA) has emerged as a dominant force in western Myanmar, expanding its territorial control and military alliances while keeping its political objectives—whether secession, confederation, or federalism—deliberately unclear. In this podcast using AI-generated voiceovers, we explore the challenges the AA needs to handle in pursuing its goals and how these constraints can also work as political guardrails....more17minPlay
July 31, 2025Threading the Needle: A Much-Needed Thai Model for Myanmar’s Political PuzzleSince April 2025, KNLA and allied PDFs have seized key military outposts in the Thai-Myanmar border, with the SAC failing to regain control of the Asian Highway. In response, Thailand is leaning toward China’s conflict resolution strategy, focusing on de-escalating conflict through trade and economic incentives. In this podcast, using AI-generated voiceovers, we delve into five key differences between Thailand and China in influencing Myanmar’s conflict actors....more13minPlay
July 30, 2025ထီးပြိုင်နန်းပြိုင် ရခိုင်ပြည်AA ဟာ ရခိုင်ပြည်ကနေ ဧရာဝတီ၊ မကွေး၊ ပဲခူးအထိ ထိုးစစ်ဆင်နိုင်တဲ့ တခုတည်းသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ AA ရဲ့ နိုင်ငံရေး ပန်းတိုင်ကတော့ မရှင်းလင်းသေးပါဘူး။ ခွဲထွက်ရေး လုပ်မလား၊ ကွန်ဖက်ဒရေးရှင်းလား၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ရည်ရွယ်ထားတာလား စသည်ဖြင့် ဝါးတားတားပဲ ထားပါတယ်။ ရခိုင်ဟာ မျက်တွေ့အရ De Facto ထီးပြိုင်နန်းပြိုင်ပြည်ပုံစံနဲ့ ရပ်တည်နေပေမဲ့ စိန်ခေါ်မှုတွေ ရှိနေတုန်းပါပဲ။...more18minPlay
July 24, 2025မြန်မာ့မြေပေါ်က တရုတ်အကျိုးစီးပွားနှင့် မြန်မာ့ပဋိပက္ခဖြေရှင်းရေး - လူကျော်လူမော်တို့၏ အမြင်ဖြင့် ချိန်ထိုးကြည့်ခြင်း (အပိုင်း-၃)မြန်မာ့မြေပေါ်က တရုတ်အကျိုးစီးပွားနဲ့ မြန်မာ့ပဋိပက္ခဖြေရှင်းရေးတွေနဲ့ပတ်သက်ပြီး ISP-Myanmar က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဖြေခဲ့တဲ့ လူကျော်လူမော်တွေရဲ့ အမြင်ကို ချိန်ထိုးကြည့်တဲ့ တင်ပြချက်ကို အပိုင်းသုံးပိုင်းခွဲ ဖော်ပြနေတာပါ။ အခုတတိယပိုင်းမှာတော့ မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ ချဉ်းကပ်မှုနဲ့ တရုတ်နည်းတရုတ်ဟန် မြန်မာ့ပဋိပက္ခဖြေရှင်းရေးဆိုတာကို မြန်မာ့လူကျော်လူမော်တွေရဲ့ အမြင်တွေနဲ့ ချိန်ထိုးဆွေးနွေးသွားပါမယ်။...more7minPlay
June 30, 2025မြန်မာ့မြေပေါ်က တရုတ်အကျိုးစီးပွားနှင့် မြန်မာ့ပဋိပက္ခဖြေရှင်းရေး - လူကျော်လူမော်တို့၏ အမြင်ဖြင့် ချိန်ထိုးကြည့်ခြင်း (အပိုင်း-၂)မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ဘယ်လို သဘောပေါက် ရှုမြင်ကြသလဲဆိုတာ သိရှိနိုင်ဖို့ ‘မြန်မာ့မူဝါဒအသိုက်အဝန်း’ရဲ့ သဘောထားစစ်တမ်းကို ISP-Myanmar အဖွဲ့က ကောက်ယူပြီး ထုတ်ဝေလာခဲ့တာ အခုဆိုရင် သုံးကြိမ်ရှိပါပြီ။ ဒါကို မြန်မာ့လူကျော်လူမော်တို့ရဲ့အမြင်လို့ ခေါ်ဆိုထားတာပါ။ အခုပေါ့ကတ်စ်မှာတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်အကျိုးစီးပွားတွေက ဘာတွေရှိမလဲဆိုတာကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။...more4minPlay
June 30, 2025မြန်မာ့မြေပေါ်က တရုတ်အကျိုးစီးပွားနှင့် မြန်မာ့ပဋိပက္ခဖြေရှင်းရေး - လူကျော်လူမော်တို့၏ အမြင်ဖြင့် ချိန်ထိုးကြည့်ခြင်း (အပိုင်း-၁)မြန်မာ-တရုတ် ဆက်ဆံရေးမှာ တရုတ်က မြန်မာကို ‘အမျိုးသားအကျိုးစီးပွား’အရ ဘယ်လို ရှုမြင် သလဲဆိုတာ နားလည်ဖို့ လိုအပ်ပါတယ်။ တဖက်မှာလည်း မြန်မာက ဘယ်လို ‘အမျိုးသား အကျိုးစီးပွား’ အခြေခံနဲ့ တန်ပြန်ဆက်ဆံမှာလဲဆိုတာကိုလည်း စဉ်းစားရမှာ ဖြစ်ပါတယ်။ အခုပေါ့ကတ်စ်မှာ မြန်မာ-တရုတ် ဆက်ဆံရေးရဲ့ လက်ရှိအခြေအနေကို အကျဉ်းချုပ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ...more3minPlay
June 16, 2025‘ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ’ - ထိုင်းနိုင်ငံဖောက်ရမည့်လမ်း၂၀၂၅ ခုနှစ် ဧပြီလကုန်ကနေ မေလဆန်းအထိ တနင်္သာရီတိုင်းမှာ KNLA တပ်မဟာ-၄ နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ထီးထာဗျူဟာနဲ့ ထီးခီးစခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာလည်း KNU တပ်မဟာ-၆ လက်အောက်ခံတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီက အာရှလမ်းမကြီးကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ မအောင်မြင်သေးပါဘူး။ ထိုင်းနိုင်ငံကတော့ မြန်မာ့ပဋိပက္ခကို ဖြေရှင်းဖို့ စိတ်ဝင်စားပြီး အာရှလမ်းမကြီး ပြန်ဖွင့်ဖို့နဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကြားဝင်ဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ရှမ်းမြောက်မှာ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်ပုံဖြစ်တဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးမက်လုံးအပေါ် အခြေခံပြီး ပဋိပက္ခလျှော့ချရေး မိုဒယ်ကို လိုက်ပြီး ကျင့်သုံးဖို့ဆိုတာမှာ အခြေအနေ မတူတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီကွာဟချက်တွေကို အခြေခံပြီး ကာလံဒေသံနဲ့ ကိုက်ညီမယ့် မဟာဗျူဟာ ဖန်တီးနိုင်မယ်ဆိုရင်တော့ ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်ပါတယ်။...more15minPlay
May 29, 2025လူချမ်းသာများ အာသာဖြေသည့် ဆင်းရဲတွင်းက ညစ်ညမ်းရုပ်သံမြန်မာနိုင်ငံမှာ ညစ်ညမ်းရုပ်သံဟာ တရားမဝင်ပေမဲ့ အင်တာနက်ပေါ်မှာ အလွယ်တကူရနိုင်ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ဆင်းရဲမှုကို အလွန်အမင်းချဲ့ကားပြီး သနားညှာတာစိတ်ကို ဖမ်းယူတဲ့ “poverty porn” လို့ ခေါ်နိုင်တဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ပေါ်ထွက်လာပါတယ်။ ဒီညစ်ညမ်းရုပ်သံတွေဟာ လိင်ကိစ္စမပါဘဲ လူသားဆန်မှုကို အာသာဖြေဖို့ ဆင်းရဲသားတွေရဲ့ ဘဝကို အသုံးချပြီး အလှူငွေရှာလာကြပါတယ်။ “Poverty porn” ပျံ့နှံ့လာတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အခု Podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။...more10minPlay
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 80 episodes available.