The Institute for Strategy and Policy – Myanmar

The Institute for Strategy and Policy – Myanmar

By ISP-MyanmarBusinessNon-Profit
Download on the App Store

The Institute for Strategy and Policy – Myanmar episodes

  • အမှန်တရားကို ဘက်လိုက်ခြင်းနှင့် လူထု၏ ဆင်ခြင်နိုင်စွမ်း

    အမှန်တရားကို ဘက်လိုက်ခြင်းဟာ သတင်းစာပညာရဲ့ အခြေခံကျင့်ဝတ် ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်ခြင်းတခုတည်းနဲ့တော့ မလုံလောက်သေးပါဘူး။ လူထုအတွက် အချက်အလက် စုံလင်စွာရရှိပြီး  အမှန်တရားအပေါ် အခြေခံကာ ကိုယ်တိုင် ဝေဖန်ပိုင်းခြား၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှသာ သတင်းစာပညာရဲ့ လူမှုတာဝန် ပိုမိုပြည့်စုံလာစေမှာပါ။

    8 min
  • အထီးကျန်မှု၊ လက်နက်နှင့် ရှင်သန်ရေးကြားက မြန်မာ-ရုရှား ဆက်ဆံရေး

    ရုရှားဟာ မြန်မာနိုင်ငံရဲ့ အဓိက လက်နက်ဝယ်ယူ တင်သွင်းနေတဲ့နိုင်ငံတွေထဲက တခုဖြစ်ခဲ့တာ ကြာပါပြီ။ ကိန်းဂဏန်းတွေအရ တရုတ်ဆီက ဝယ်ယူတာပြီးရင် ဒုတိယလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းက ခုခံတော်လှန်မှုတွေကို ရင်ဆိုင်နေရတာမို့ ဒီအကူအညီက ပိုပြီး အရေးပါလာပါတယ်။

    13 min
  • သားနှစ်ယောက်ကို မြင်ပါသည်

    အသက်ကိုစွန့်ပြီး လက်နက်ကိုင်လမ်းစဉ်ကို လိုက်တဲ့ သားတွေ၊ လက်နက်ကိုင်လမ်းစဉ်ကို မလိုက်ဘဲ ကိုယ်ကျိုးစီးပွားကိုပဲ ရှာတဲ့ သားတွေ၊ လက်နက်လည်း မကိုင်၊ စီးပွားလည်း မရှာဘဲ အလိုက်သင့်နေထိုင်တဲ့ သားဆိုတဲ့ သားသုံးယောက်ပါ။ … ဒုတိယသားတွေဟာ သီးနှံတွေ တင်ပို့ရောင်းချဝယ်ယူတဲ့ လမ်းခရီးမှာ အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အခြေအနေများစွာကို ကြုံခဲ့ကြရပါတယ်။… ဒါပေမဲ့လည်း ဒီအလုပ်ကို ဆက်လုပ်နေကြတုန်းပါ။ စိုးမိုးနယ်မြေက ပြည်သူတွေ ငတ်ပြတ်မသေစေဖို့အတွက်ပါပဲ။

    8 min
  • နေ့တာတိုသော မြို့

    အာဏာသိမ်းပြီးကတည်းက လှုပ်ရှားရုန်းကန်နိုင်တဲ့အချိန် နည်းလာလိုက်တာ အခုဆို နေ့တာဟာ ခြောက်နာရီလောက်ပဲ ကျန်တော့တယ် ထင်ရပါတယ်။ ရွာကလာတဲ့ အသီးအရွက်ကားတွေ၊ သားငါးသည်တွေက မနက်ခုနစ်နာရီလောက်ထိ ဈေးကို ရောက်မလာသေးဘူး။ ကံမကောင်းရင် စစ်ဆေးရေးဂိတ်က အကြောင်းပြချက်မရှိ ပိတ်လိုက်လို့ ရောက်မလာဘဲ လှည့်ပြန်သွားရတဲ့ ဈေးသည်တွေလည်း ရှိတယ်။


    7 min
  • မနွဲ့ရည်များနှင့် ခေတ်ဆိုးက တွန်းပို့နေသော အဆိုးကျော့သံသရာ

    ကျောင်းရပ်နားထားတဲ့ ကျောင်းသူတချို့ကို အင်တာဗျူးလုပ်ရင်း သူတို့လည်း ကျမလိုပဲ မနွဲ့ရည်တွေ မဖြစ်ကြဖို့ ကြိုးစားနေကြတာသိခဲ့ရတယ်။ တယောက်ကဆို သူ့အိပ်မက်၊ သူတက်ခဲ့တဲ့ ဘာသာရပ်နဲ့ မဆိုင်တာတွေလုပ်နေရတဲ့အပြင် စားဝတ်နေရေးအတွက်သာ ဦးစားပေးလုပ်ရကြောင်း ငိုရင်းပြောပြတော့ ကျမပါ သူနဲ့ ရောငိုမိပါတယ်။ ခေတ်ကာလအခြေအနေတွေကပဲ ကျမတို့အရွယ်တွေကို မနွဲ့ရည်လို ‘မစပ်သောငရုတ်’ ဖြစ်အောင် တွန်းပို့နေတာမှန်း သဘောပေါက်လာတယ်။

    6 min
  • တကျော့ပြန်မြစ်ဆုံဆည်စီမံကိန်းနှင့် မေးခွန်းငါးခု

    ကျနော်တို့နိုင်ငံမှာ ရေတိုရေရှည် ကြီးကြပ်စစ်ဆေးနိုင်မယ့် စွမ်းရည်မရှိသေးသလို တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကြပ်မတ်နိုင်မယ့် ဥပဒေ၊ မူဝါဒမူဘောင်တွေ၊ ဘေးအန္တရာယ်ကာကွယ်ရေးအစီအမံကောင်းတွေ မရှိသေးပါဘူး။ ... မရေရာတဲ့ အာမခံချက်တွေကို အခြေပြုပြီး မြစ်ဆုံဆည်စီမံကိန်းကို ဖော်ဆောင်တာဟာ နိုင်ငံ့အသက်သွေးကြော မြစ်တစင်းပေါ်မှာ မိုင်းဗုံးတခု ထောင်ထားခဲ့တာနဲ့ အလားသဏ္ဌာန်တူပါလိမ့်မယ်။

    7 min
  • ပညာရေးပေါင်းကူးတံတားကို ချိုးဖျက်ပစ်ကြတော့မည်လား

    တော်လှန်ရေးသတင်းတွေ ပေါက်ကြားနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းတက်တာကို ပိတ်ပင်မယ်ဆိုရင် ဆုံးရှုံးသွားမယ့် ပညာရေးအခွင့်အလမ်းတွေ နေရာမှာ ဘာတွေနဲ့ ပြန်အစားထိုး လုပ်ပေးကြမလဲ။ … စစ်ကျွန်ပညာရေး မသင်စေချင်ဘူးဆိုရင် အားလုံး လက်လှမ်းမီတဲ့၊ ဒေသတိုင်းကို လွှမ်းခြုံနိုင်တဲ့၊ အာမခံချက်ရှိတဲ့ ပညာရေးစနစ်မျိုးကို တော်လှန်ရေး အင်အားစုတွေဘက်က အသင့်ဖန်တီးထားနိုင်ပြီလား ဆိုတာကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်နေပါတော့တယ်။

    7 min
  • ကြားလူကိုရန်ဘက်ပြု၍ လူမှုအရင်းအနှီး ဆုံးရှုံးရခြင်း

    မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကိုယ့်ဘက်မှာ ရှိနေတဲ့သူတွေအပေါ်မှာသာ မူတည်နေတယ်ဆိုတာ ရာခိုင်နှုန်းပြည့် မမှန်နိုင်ပါဘူး။ ကြားမှာ ရပ်နေသူတွေ၊ စောင့်ကြည့်နေသူတွေနဲ့ အမှန်တရားဘက်မှာ ရပ်တည်ဖို့ မသေချာသေးသူတွေကို ဘယ်လိုပုံစံနဲ့ ဆက်ဆံနေသလဲဆိုတဲ့ အချက်အပေါ်မှာလည်း မူတည်နေမှာပါ။

    8 min
  • သက်ငယ်မုဒိမ်းနှင့် လွတ်မြောက်နယ်မြေက ဥပဒေကွက်လပ်

    အာဏာရှင်ကို တော်လှန်နေတဲ့ကာလမှာ တရားဥပဒေစိုးမိုးမှု လျော့ရဲနေတဲ့ ခေတ်ဆိုးကြီးကို အသုံးချပြီး ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ကြိုးစားနေတာတွေကို လူ့အဖွဲ့အစည်းတွေက မျက်ကွယ်မပြုထားသင့်သလို တော်လှန်ရေးအစိုးရဆိုတဲ့ အာဏာပိုင်တွေကလည်း တာဝန်ယူမှုရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုပါတယ်။

    7 min
  • ကျားဖြန့်လက်ခုပ်ထဲက သူဌေးလောင်းများ

    လောင်းကစားဆိုတာ သဘာဝအရ အနိုင်အရှုံး ရှိတတ်စမြဲ ဆိုပေမဲ့ စလော့ဂိမ်းတွေမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိမ်းတွေကို တဖက်လူ (တချို့အခေါ် ကျားဖြန့်) တွေက ထိန်းချုပ်ထားပြီး သူတို့ လိုသလို လုပ်နိုင်လို့ပါပဲ။ …ဒီဂိမ်းတွေဟာ သာမန် application တွေလို မဟုတ်ဘဲ ဆော့ကစားသူရဲ့ ဖုန်းထဲက ကိုယ်ရေးအချက်အလက်တွေကိုပါ ရယူသုံးစွဲနိုင်ပါတယ်။

    9 min

About The Institute for Strategy and Policy – Myanmar

From the publisher's feed

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership…

More shows like The Institute for Strategy and Policy – Myanmar

Learning English Stories by BBC Radio

Learning English Stories

374 Listeners

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် by BBC Burmese Radio

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

123 Listeners

The Irrawaddy Newscast - Burmese Edition by The Irrawaddy

The Irrawaddy Newscast - Burmese Edition

59 Listeners

DVB News by Democratic Voice of Burma

DVB News

5 Listeners