Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership ... more
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 65 episodes available.
September 17, 2024လုပ်ငန်းစဉ်ဗျူဟာလိုအပ်နေသော မြန်မာ့အကျပ်အတည်းနှင့် စိနသံခင်းတမန်ခင်းမြန်မာ့အကျပ်အတည်းကနေ ထွက်မြောက်ဖို့ မြန်မာလူထုလိုလားချက််နဲ့လည်း မကင်းကွာဘဲ လက်တွေ့လည်းကျမယ့် လုပ်ငန်းစဉ်ဗျူဟာ(process strategy) တရပ် မရှိမဖြစ် လိုအပ်နေပါတယ်။ အဲဒီလစ်ဟာချက်ကို ဖြည့်ဆည်းဖို့ အားစိုက်ကြိုးစားလာတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ငန်းစဉ် အလုပ် ဖြစ်၊ မဖြစ်ဆိုတာက မဟာဗျူဟာကျင်လည်မှုနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေအပေါ်မှာ မူတည်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်က ဖြန့်ချိခဲ့တဲ့ ကနဦးသုံးသပ်ချက် အမှတ်-၂၁ 'လုပ်ငန်းစဉ်ဗျူဟာလိုအပ်နေသော မြန်မာ့အကျပ်အတည်းနှင့် စိနသံခင်းတမန်ခင်း' ဆိုတဲ့ သုံးသပ်ချက်ကို အခု Podcast မှာ နားဆင်ကြရပါမယ်။...more15minPlay
September 12, 2024စစ်ပွဲများအလယ်က နယ်စပ်ကုန်သွယ်ရေး‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း တရုတ်နိုင်ငံနဲ့ အဓိက ကူးသန်းမှုလုပ်နေတဲ့ ရှမ်းမြောက်ကုန်သွယ်ရေးလမ်းက လုံး၀ရပ်ဆိုင်းသွားပါပြီ။ အဲဒီအစား ရှမ်းအရှေ့ကုန်သွယ်ရေးလမ်းသစ် ဖော်ဆောင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေပေမဲ့ ခရီးပေါက်မယ့် အခြေအနေ မရှိသေးပါဘူး။ စစ်ပွဲတွေအလယ်က နယ်စပ်ကုန်သွယ်ရေးအခြေအနေကို အခု Podcast မှာနားဆင်ကြရပါမယ်။...more16minPlay
September 11, 2024စစ်ခေါင်းဆောင်နှင့် တကိုယ်တော်ရှိုးအာဏာသိမ်းမှုအလွန် သုံးနှစ်ကျော်ကာလအတွင်းမှာ နိုင်ငံနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွား အခြေအနေတွေက ဘက်ပေါင်းစုံမှာ ချွတ်ခြုံကျနေပါတယ်။ နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခတွေကလည်း ကြီးမားကျယ်ပြန့် ပြင်းထန်နေပြီး မြန်မာစစ်တပ်ဘက်မှာလည်း တိုင်းစစ်ဌာနချုပ်ကြီးတခုလုံး ကျရှုံးသွားတဲ့အထိ ရာဇဝင်တွင်လောက်တဲ့ အကျိုးဆက်တွေ ဖြစ်နေပါတယ်။ ယခု Podcast မှာ ထင်တိုင်းကြဲ ဆုံးဖြတ်မှုတွေနဲ့ ခေါင်းရှောင်လက်ညှိုးထိုးနိုင်ငံရေးလုပ်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ကံကြမ္မာဟာ ကျဆုံးမယ့်ဘက်ကို ခြေလှမ်းပိုစိပ်လာတဲ့အကြောင်း တစိတ်တပိုင်း ဖော်ပြထားပါတယ်။...more25minPlay
September 06, 2024ရှင်သူမှာပင် အသက်ရှူရပ်မတတ် ရေနစ်သူ ဝါးကူထိုးသည့် စစ်မှုထမ်းဥပဒေစစ်ခေါင်းဆောင်အနေနဲ့ လူမှုစီးပွားဒုက္ခတွေဖြစ်ရခြင်းရဲ့ အရင်းခံဟာ စစ်ရေး၊ နိုင်ငံရေးပြဿနာတွေကြောင့်လို့ မမြင်ဘဲ၊ ဖြေရှင်းဖို့လည်း မကြိုးစားဘဲ အနာနဲ့ ဆေးနဲ့ တခြားစီ ဆိုသလို၊ ခုတ်ရာတခြား၊ ရှရာတခြားဖြစ်တဲ့ ကပြောင်းကပြန် မူဝါဒ အလွဲတွေနဲ့ပဲ ဖြေရှင်းနေတာ ကို တွေ့ရပါတယ်။ ‘ISP နှင့်အတူ မိနစ် ၃ဝ’ အစီအစဉ်ရဲ့ တတိယဆွေးနွေးပွဲမှာ မသက်ကြည်စင်နဲ့ မစင်ဒီတို့က ဆွေးနွေးထားတာကို အခု Podcast မှာလည်း နားဆင်ကြရပါမယ်။...more31minPlay
August 23, 2024‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ် - ၃ (အယူအဆမှတ်စု)ပြည်သူ့စစ်မှုထမ်းဥပဒေ (၂ဝ၁ဝ) ကို ၂ဝ၂၄ ခုနှစ် ဖေဖေါ်ဝါရီ ၁ဝ ရက်မှာ စတင်ပြီး အသက်ဝင်ကျင့်သုံးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းအတွက် ချောက်ထဲကို လုံးလုံး တွန်းချစေမယ့် ဆုံချက်တခုဖြစ်နေပါတယ်။ ‘ISP နှင့်အတူ မိနစ် ၃ဝ’ အစီအစဉ်ရဲ့ တတိယဆွေးနွေးပွဲဖြစ်တဲ့ ‘ရှင်သူမှာပင် အသက်ရှူရပ်မတတ်-ရေနစ်သူ ဝါးကူထိုးသည့် စစ်မှုထမ်းဥပဒေ’ ရဲ့ အယူအဆမှတ်စုကို အခု Podcast မှာတော့ ဒီဆွေးနွေးပွဲရဲ့ အယူအဆမှတ်စုကို နားဆင်ကြရပါမယ်။...more6minPlay
June 28, 2024စီးပွားရေးစင်္ကြံစီမံကိန်းများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှုISP-Myanmar အနေနဲ့ ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထား အမြင်စစ်တမ်း (၂၀၂၃)’ ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစစ်တမ်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် စစ်တမ်းဖြေဆိုသူတွေရဲ့အမြင်တွေလည်း ပါဝင်ပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ISP-Myanmar ရဲ့ အဖွဲ့သားတွေဖြစ်တဲ့ ကိုလင်းထက်နဲ့ ကိုကောင်းစံတို့က အခု Podcast မှာ ဆွေးနွေးထားကြပါတယ်။ ဒါ့အပြင် ‘စစ်ဆင်ရေး ၁၀၂၇’ အလွန် ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုအပြင် မဟာဗျူဟာကျတဲ့ တရုတ်စီမံကိန်း တွေကို ထိန်းချုပ်ထားနိုင်မှုတွေကိုပါ နားဆင်ကြရပါမယ်။...more10minPlay
June 28, 2024တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်ထားနိုင်မှုISP-Myanmar အနေနဲ့ ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထား အမြင်စစ်တမ်း (၂၀၂၃)’ ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစစ်တမ်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် စစ်တမ်းဖြေဆိုသူတွေရဲ့အမြင်တွေလည်း ပါဝင်ပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ISP-Myanmar ရဲ့ အဖွဲ့သားတွေဖြစ်တဲ့ ကိုလင်းထက်နဲ့ ကိုကောင်းစံတို့က အခု Podcast မှာ ဆွေးနွေးထားကြပါတယ်။ ဒါ့အပြင် ‘စစ်ဆင်ရေး ၁၀၂၇’ အလွန် ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုအပြင် မဟာဗျူဟာကျတဲ့ တရုတ်စီမံကိန်း တွေကို ထိန်းချုပ်ထားနိုင်မှုတွေကိုပါ နားဆင်ကြရပါမယ်။...more18minPlay
June 12, 2024နေပြည်တော်လိုဂျီ - နေပြည်တော်ကို သရုပ်ဖော်နိုင်မည့် ဝေါဟာရသုံးခုစစ်အာဏာသိမ်းမှုအလွန် နေပြည်တော်ကို သရုပ်ဖော်တဲ့အခါ နေပြည်တော်ပလ္လင်ရဲ့ အဆင်တန်ဆာ လေးရပ်လို့ ဆိုနိုင်တဲ့ နိုင်ငံတော်၊ အုပ်စိုးပုံစနစ်၊ အင်စတီကျူးရှင်းတွေနဲ့ ခေါင်းဆောင်မှု စတာတွေဟာ အနှစ်အသားမဲ့ "အတွင်းလှိုက်စား" (hollowed-out) ခံနေရပါပြီ။ နေပြည်တော်ပလ္လင်ကို ကျားကန်ပေးထားတဲ့ ထောက်တိုင်သုံးခုဖြစ်တဲ့ အယူဝါဒရေးရာ၊ နိုင်ငံရေးဘောဂဗေဒနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ပထဝီနိုင်ငံရေးဟာလည်း သံချေးတက် သက်တမ်းကုန် ပြုန်းတီးလာပြီး ယွင်းစား (corrosion) လာနေပါပြီ။ စစ်အာဏာရှင်ကို တွန်းလှန်အံတုနေတဲ့ လူထုရဲ့ နိုင်ငံရေးလေထု၊ ဝန်းကျင်ကလည်း အပြင်းထန်ဆုံး "မုန်တိုင်းထန်" (stormy political climate) တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ နေပြည်တော်ရဲ့ အခြေအနေနဲ့ "လှိုက်စား"၊ "ယွင်းစား"၊ "မုန်တိုင်းထန်" ဆိုတဲ့ ဝေါဟာရယူဆချက်သုံးရပ်အကြောင်းကို "ISP နှင့်အတူ မိနစ် ၃၀" အစီအစဥ်မှာ ကိုကျော်ထက်နဲ့ မဆောင်းရနံ့တို့က ဆွေးနွေးထားတာကို အခု Podcast မှာလည်း နားဆင်ကြရပါမယ်။...more31minPlay
June 12, 2024"ISP နှင့်အတူ မိနစ် ၃၀" - နေပြည်တော်လိုဂျီမမြင်သာ ပိန်းပိတ်နေတဲ့ အာဏာရှင်စနစ်တွေကို လေ့လာကြရာမှာ ကရင်မလင်နိုလိုဂျီ (kremlinoglogy)၊ ပြုံးယမ်းဂိုလိုဂျီ (Pyongyangology) နဲ့ ပီကင်းဂိုလိုဂျီ (Pekingology) ဆိုပြီး စာပေတွေမှဖော်ပြခဲ့ကြတာ ရှိပါတယ်။ ISP-Myanmar အနေနဲ့ မြန်မာနိုင်ငံက စစ်ကောင်စီရဲ့အရွေ့တွေကို နေပြည်တော်လိုဂျီ (Naypyitawlogy) ဆိုပြီး သိနားလည်ဖို့ကြိုးစားပါတယ်။ "ISP နှင့်အတူ မိနစ် ၃၀" အစီအစဥ်ရဲ့ ဒုတိယဆွေးနွေးပွဲမှာတော့ နေပြည်တော်မှာ ရှိနေကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ စစ်ရေး၊ နိုင်ငံရေး စဥ်းစားချက်တွေအပြင် စနစ်၊ အစိုးရ၊ ပြည်သူလူထုထောက်ခံမှုစသဖြင့် သိုင်းဝိုင်းနေမှုတွေကို ခြုံငုံဖော်ပြလိုတာ ဖြစ်ပါတယ်။ အခု Podcast မှာတော့ ဒီဆွေးနွေးပွဲရဲ့ အယူအဆမှတ်စုကို နားဆင်ကြရပါမယ်။...more5minPlay
June 07, 2024မြန်မာ့လူကျော်လူမော်များ၏ အထင်နှင့်အမြင်ကို ဆန်းစစ်ခြင်းISP-Myanmar က ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထား အမြင်စစ်တမ်း (၂၀၂၃)’ ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီစစ်တမ်းမှာ ပါဝင်ခဲ့တဲ့ ထူးခြားတွေ့ရှိချက်တွေကို ဧပြီ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဥ်မှာ ISP-Myanmar ရဲ့ China Studies Program က အဖွဲ့သားတွေဖြစ်တဲ့ မနန်းလွင်နဲ့ မရည်မွန်ဝေဦးတို့က ဆွေးနွေးခဲ့ကြပါတယ်။ စစ်တမ်းရဲ့ ထူးခြားတွေ့ရှိချက်တွေကို အခု Podcast မှာလည်း နားဆင် ကြရပါမယ်။...more27minPlay
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 65 episodes available.