Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership ... more
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 137 episodes available.
June 04, 2026NLD ၏ နိုင်ငံရေးအလေ့အထများနှင့် NUG အပေါ်သက်ရောက်မှုများNLD ရဲ့ နိုင်ငံရေးစိတ်ကူးစိတ်သန်းက ဗဟိုချုပ်ကိုင်မှုရှိတဲ့၊ တစုတစည်းတည်းဖြစ်တဲ့၊ အပေါ်ကနေအောက်ကို ထိန်းကျောင်းတဲ့ ပြည်ထောင်စုပုံစံမျိုးမှာပဲ အသားကျနေခဲ့တာပါ။ ဖက်ဒရယ်ကို လုံးလုံးလျားလျားပယ်ချတာမျိုး မဟုတ်ပေမဲ့ ဒီမိုကရေစီစနစ် ဖြစ်တည်ပြီးမှပဲ စဉ်းစားမယ်ဆိုပြီး နောက်ဆုတ်ထားလေ့ရှိပါတယ်... ဒီအမူအကျင့်တွေက NUG ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လို သက်ရောက်ထိန်းကျောင်း ပုံဖော်နေသလဲဆိုတာကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။...more16minPlay
June 04, 2026ဟိုးရှေးရှေးတုန်းကမဟုတ်တဲ့ ပုံပြင်သုံးပုဒ်စစ်တပ်က ငြိမ်မနေပါဘူး။ နိုင်ငံတကာနဲ့ ပြန်ဆက်ဆံလာတယ်။ နယ်မြေတချို့ ပြန်ယူတယ်။ ရွေးကောက်ပွဲလုပ်တယ်။ တရုတ်ရဲ့ ဩဇာက ပိုထက်လာပြီး အနောက်အုပ်စုက အားလျော့သွားသလို စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း တိုက်ပွဲအရှိန်ကလည်း ကျလာပါတယ်။ ဒီအချက်တွေကို ကြည့်ရင် မနီးမဝေးကာလမှာ စစ်ရေးနဲ့ အမြစ်လှန်ဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းသွားတာကို တွေ့ရမှာပါ။...more9minPlay
June 04, 2026သူမတူသန်စွမ်းကြသူများ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ မြန်မာပြည်လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းလောက်ဟာ မသန်စွမ်းဘဝနဲ့ အသက်ရှင်ရပ်တည်နေကြပါတယ်။ ... တဦးတယောက်ချင်းစီကနေ လူ့အဖွဲ့အစည်းတရပ်လုံးအထိ မသန်စွမ်းတွေအပေါ် ထားရှိတဲ့ သေးသိမ်တဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲပစ်ရပါမယ်။...more8minPlay
June 04, 2026လူငယ်၊ ပေါ်တာ၊ လောင်စာလူငယ်တွေကို လိုအပ်တိုင်း ထုတ်သုံးလို့ရမယ့် စစ်သားအဖြစ်ပဲ မြင်နေမယ်ဆိုရင် အောင်ပွဲရတဲ့အခါ တိုင်းပြည်တည်ဆောက်ရေးမှာ ထိထိရောက်ရောက် ပါဝင်နိုင်မယ့်လူ ရှားပါးသွားပြီး နွမ်းပါးစုတ်ဖွာနေတဲ့ မြေပုံအပျက်တခုကိုသာ ပိုင်ဆိုင်ရပါလိမ့်မယ်။...more9minPlay
May 13, 2026ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – အနေမနီး မစုစည်းနိုင်သေးသည့် ဖားစည်မြေ (ISP နှင့်အတူ မိနစ် ၃၀ - အမှတ်စဉ် ၁၃)မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခစီးပွားရေးကလည်း ပုံသဏ္ဌာန်မျိုးစုံ၊ ဖြစ်ထွန်းမှုပေါင်းစုံနဲ့ ထွန်းကားလာပါတယ်။ အဖွဲ့အစည်းပေါင်းစုံ ရှုပ်ထွေးကွဲပြားနေတဲ့ ကရင်ပြည်နယ်မှာတော့ အာရှလမ်းမကြီးနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို စိုးမိုးနိုင်ဖို့ စစ်ပွဲတွေ ဆင်နွှဲနေကြသလို၊ အစုငယ်လေးတွေအဖြစ် ဖြန့်ခွဲဝင်ရောက်လာတဲ့ ‘ကျားဖြန့်’ ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် သယံဇာတတူးဖော်မှုတွေကလည်း လက်နက်ကိုင်တပ်ဖွဲ့တွေ ဆက်လက်ရပ်တည်ရေးအတွက် အဓိကထောက်တိုင်တွေ ဖြစ်လာပါတယ်။ဆယ်စုနှစ်ရှစ်ခုကြာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် စတင်ခဲ့တဲ့ တော်လှန်ရေးဟာ အခုအခါမှာတော့ ပဋိပက္ခစီးပွားရေးရဲ့ ဝါးမျိုမှုကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ကြန်အင်လက္ခဏာတွေနဲ့ သံလွင်မြစ်ရေအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ဖျက်ဆီးနေသလို ဖြစ်လာပါတယ်။ လုံခြုံရေးနဲ့ စီးပွားရေး ဖိစီးမှုတွေအောက်မှာ လူသားစာနာအကူအညီတွေလည်း လျော့နည်းလာတဲ့အတွက် ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးရတာ၊ ရှင်သန်နိုင်ရေးအတွက် တရားမဝင်လုပ်ငန်းတွေထဲ မလွှဲမရှောင်သာ ဝင်ရောက်လုပ်ကိုင်လာရတာတွေ ကြုံတွေ့နေရပါတယ်။ဒီလိုဆိုးရွားတဲ့ လူမှုကပ်ဘေးကြီးအောက်မှာ ကရင်ပြည်နယ်က ပြည်သူတွေ ဘယ်လိုများ ရုန်းကန်ရင်ဆိုင် နေကြရသလဲဆိုတာကို မတ်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ISP နှင့်အတူ မိနစ် ၃၀ အစီအစဉ်မှာ ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဆွေးနွေးချက်တွေကို အခုအခါမှာ Podcast အနေနဲ့ ပြန်လည်တင်ဆက်ပေးလိုက်တာဖြစ်လို့ “မစုစည်းနိုင်သေးသည့် ဖားစည်မြေ”ရဲ့ အကျပ်အတည်းတွေကို “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာ ဝင်ရောက်နားဆင်နိုင်ပါပြီ။...more32minPlay
May 13, 2026ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – ရှမ်းမြောက်ဒဏ်ရာနှင့် ရုန်းကန်ရှင်သန်ရခြင်း (ISP နှင့်အတူ မိနစ် ၃၀ - အမှတ်စဉ် ၁၂)“စစ်ဆင်ရေး ၁၀၂၇” အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေ နယ်မြေသစ်တွေကို ထိန်းချုပ်လာနိုင်ပေမဲ့ ဒေသခံပြည်သူတွေကတော့ “ပဋိပက္ခစီးပွားရေး (Conflict Economy)” ရဲ့ ဆိုးကျိုးတွေကို အလူးအလဲ ခံစားနေကြရပါတယ်။ တရားမဝင် သယံဇာတတူးဖော်မှု၊ မူးယစ်ဆေး၊ ရွှေ့ပြောင်းလာတဲ့ ‘ကျားဖြန့်’ ငွေလိမ်ဂိုဏ်းတွေက ပြည်တွင်းစစ်မီးကို လောင်စာကျွေးနေရုံသာမက သဘာဝပတ်ဝန်းကျင်နဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ကြန်အင်လက္ခဏာတွေကိုပါ ဝါးမျိုဖျက်ဆီးနေပါတယ်။ဒီလိုဆိုးရွားတဲ့ လူမှုကပ်ဘေး၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပြီး အသံမဲ့နေရတဲ့ အခြေအနေအောက်မှာ ပြည်သူတွေဟာ ရှင်သန်နိုင်ရေးအတွက် နေရပ်စွန့်ခွာရတာ၊ ဒါမှမဟုတ် မလွှဲမရှောင်သာ တရားမဝင်လုပ်ငန်းတွေထဲ ဝင်ရောက်ပြီး ကြိတ်မှိတ်နေထိုင် လာကြရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို အခုအခါမှာ Podcast အနေနဲ့ ပြန်လည်တင်ဆက်ပေးလိုက်တာဖြစ်လို့ ရှမ်းမြောက်ဒေသခံတွေ မြေပြင်အကျပ်အတည်းကို “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာ ဝင်ရောက်နားဆင်နိုင်ပါပြီ။...more31minPlay
May 06, 2026‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၁၃ (အယူအဆ မှတ်စု)မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခစီးပွားရေးကလည်း ပုံသဏ္ဌာန်မျိုးစုံ၊ ဖြစ်ထွန်းမှုပေါင်းစုံနဲ့ ထွန်းကားလာပါတယ်။ ပဋိပက္ခစီးပွားရေးဆိုတာကတော့ ငွေရမယ့် စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးကွန်ရက်တွေ၊ အမြတ်အစွန်းတွေဟာ မြန်မာ့ပြည်တွင်းစစ်နဲ့ ခွဲမရလောက်အောင် ချိတ်ဆက်နေတဲ့ အနေအထားပါ။ သဘာဝသယံဇာတ ထုတ်ယူတာတွေ၊ မိုင်းတွင်းတွေ၊ တရားမဝင် ကုန်သွယ်ရေးကွန်ရက်တွေ၊ လက်နက်၊ မူးယစ်ဆေး၊ လူမှောင်ခိုအပါအဝင် အခြားသော မှောင်ခိုကူးသန်းမှုတွေဟာ အဓိကကျတဲ့ အစိတ်အပိုင်းတွေအဖြစ် ပါဝင်ပါတယ်။ ဒီလိုပဋိပက္ခစီးပွားရေးစနစ်က ပြည်တွင်းစစ်မီးကို ဆက်လက်တောက်လောင်နေစေဖို့ လောင်စာကျွေးပေးနေပါတယ်။...more7minPlay
May 06, 2026ဆယ်လီတွေက နိုင်ငံရေးဦးဆောင်သူတွေလားဆယ်လီတွေက ပြည်သူတွေကို နိုင်ငံရေးတရား တက်ဟောတာတို့၊ နိုင်ငံရေးသိပ္ပံထဲက အကြောင်းအရာတွေကို ကိုယ်နားလည်သလို ပြောနေတာတို့ကတော့ အကျိုးထက် အဆိုးက ပိုများပါလိမ့်မယ်။ သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေထဲက ‘ရက်တိုသင်တန်းတက်ပြီး ဆရာကြီးလုပ်သူ’ ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ...more9minPlay
May 06, 2026တော်လှန်ရေးမှာ အာသာဖြေကြသူများအတိတ်က မစွမ်းနိုင်ဖြစ်ရတာ၊ ဂုဏ်သိက္ခာချို့ယွင်းတာ၊ ငွေကြေးချို့တဲ့တာ စတဲ့ဒဏ်တွေကို ခံစားရင်း ရလာခဲ့တဲ့ စိတ်ဒဏ်ရာ (trauma) တွေကို အာဏာရှိလာတဲ့အခါ ငွေကြေးအရ အမြတ်ထုတ်တာ၊ ဆင်းရဲဒဏ်ကြောင့်ဖြစ်တဲ့ လုံခြုံမှုကင်းမဲ့စိတ် (Insecurity) ကို ငွေကြေးနဲ့ဖြစ်စေ၊ အာဏာနဲ့ဖြစ်စေ ဖာထေးတာတွေ လုပ်လာကြပါတယ်။ စာရေးသူကိုယ်တိုင်လည်း တော်လှန်ရေးနယ်ပယ်ထဲမှာ ပါဝင်နေသူတဦးဖြစ်တဲ့အလျောက် ဒီလိုကိစ္စတွေကို မကြာခဏ တွေ့မြင်ခဲ့ရပါတယ်။ ...more9minPlay
May 06, 2026အိန္ဒိယကိုပါ နစ်မွန်းစေသော မြန်မာ့မူးယစ်နွံမူးယစ်ဆေးဝါးတွေ အမြောက်အမြား ပျံ့နှံ့လာတာကြောင့် HIV ကူးစက်မှုနှုန်း မြင့်မားလာနိုင်ခြေ အပါအဝင် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကိစ္စဟာ တရားဥပဒေစိုးမိုးရေး ပြဿနာသက်သက် မဟုတ်တော့ဘဲ လူမှုရေး အကျပ်အတည်းကြီးတခု ဖြစ်လာနေပါပြီ။ ...more12minPlay
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 137 episodes available.