Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership ... more
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 139 episodes available.
November 06, 2025“ရှိသင့်တဲ့ အားနဲ့ မာန်၊ ဟန်နိုင်မှ …” ကုန်သွယ်စီးဆင်းမှု ပြတ်တောက်ခဲ့သော လမ်းများနှင့် လူမှုစီးပွားဒဏ်ကို တောင့်ခံနေသည့် ပြည်သူများစစ်ကိုင်း-မန္တလေး ငလျင်ကြီးလို သဘာဝဒုက္ခတွေနဲ့ စစ်ရေးပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်လာတဲ့ ကျပ်တည်းမှုတွေအပြင် ကုန်သွယ်စီးပွားလမ်းကြောင်း ပြတ်တောက်ခံနေရတဲ့ ကာလအတွင်းမှာ ပြည်သူတွေရဲ့ စားဝတ်နေရေးက ဘာတွေဖြစ်နေလဲ၊ ဘယ်လိုတွေရုန်းကန်နေရတာလဲ၊ ဘယ်ကများ အကူအညီတွေ ရနေသေးသလဲ။ အခုပေ့ါကတ်စ်မှာ ပြည်တွင်း ကုန်သွယ်စီးပွားပိတ်ဆို့မှုတွေအကြားက ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းအပေါ် စစ်တမ်းတွေ့ရှိချက်တွေကို အခြေခံပြီး သုတေသနရှုထောင့်ကနေ တင်ပြသွားမှာပါ။...more30minPlay
November 05, 2025‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၁၀ (အယူအဆမှတ်စု)စစ်ကော်မရှင်ရဲ့ စီးပွားရေးမူဝါဒတွေနဲ့ နိုင်ငံအနှံ့ပဋိပက္ခတွေကြောင့် ပြတ်တောက်ခဲ့ရတဲ့ ကုန်သွယ်ရေးလမ်းမကြီးတွေအပြင် တရုတ်နိုင်ငံက ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ဖြတ်ငါးဖြတ်မူဝါဒကလည်း ကုန်သွယ်စီးပွား ပြတ်လပ်မှုတွေအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေဟာ နဂိုကတည်းကဆိုးရွားနေတဲ့ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိနေပါသလဲ၊ ပြည်သူတွေ ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြရပါသလဲ၊ အားကိုးထိုက်စရာ ဘယ်လိုဘယ်ပုံ အကူအညီများ ရနေပါသေးသလဲဆိုတာကို တင်ပြသွားပါ။...more5minPlay
October 24, 2025ကျနော်တို့ အညာမှာ ဒီလိုပဲ ရှိတယ်ကျနော်တို့ အိမ်လည်း ဖျက်ဆီးခံရတဲ့ထဲ ပါသွားပြီလို့ သတင်းပေးကြတယ်။ ဘယ်သူ့ကိုရယ်လို့ မဟုတ်၊ အဆောက်အအုံ နည်းနည်းကောင်းနေတယ်ဆိုရင် တော်လှန်ရေးဘက်က ပုန်းခိုနိုင်တယ်ဆိုပြီး သူတို့ စက်တပ်လေထီးနဲ့ မျက်စိထဲမြင်သမျှကို ဗုံးချသွားတာပဲ။ အဲဒီတော့ ရွာဦးဘုန်းကြီးကျောင်းရယ်၊ စာသင်ကျောင်းရယ်၊ ရွာထဲက အိမ်ကြီးတွေနဲ့ သူ့ဘေးပတ်လည်က အိမ်တွေ အကုန်ထိတော့ပါပဲ။...more8minPlay
October 23, 2025ကျမတို့သည် သစ်ကုလားအုတ်များ မဟုတ်ပါကောင်းကင်ကြီးက ကြည်လင်နေကာ ကြယ်ကလေးများ တလုံးနှစ်လုံးပင်မြင်နေရသည်။ မူ့ဖော်ကတော့ နေ့လယ်က အဖြစ်အပျက်ကို တွေးမိကာ ငြိမ်နေမိသည်။ ထို့နောက်မှ သတိရသွားကာ “ဂျရာ့ဖ်ဆိုတာဘာလဲသိလား” ဟူ၍ ဘူးမြာကို မေးမိသည်။ ဘူးမြာကတော့ အဝေးရှိ အမှောင်ထုကို ငေးလျက်နှင့်ပင် “သစ်ကုလားအုတ်ကိုခေါ်တာ”ဟု ခပ်လေးလေးပြောသည်။ မူ့ဖော်၏ ပါးနှစ်ဖက်တွင် ပူခနဲဖြစ်သွားသည်။...more8minPlay
October 22, 2025အိုးစားဖက်ကို ဘယ်လိုရွေးစစ်မျက်နှာ ပတ်လည်ဝိုင်းနေဆဲ စစ်ကော်မရှင်ဟာ စစ်မြေပြင်မှာ ဘယ်တပ်ဖွဲ့တွေနဲ့ လက်တွဲတိုက်မလဲဆိုတာ စံနှုန်းသုံးချက်နဲ့ ရွေးချယ်နေတယ်လို့ အနုမာနပြုချင်ပါတယ်။ ဒီစံနှုန်းတွေကတော့ စစ်ကော်မရှင်တပ်နဲ့ စစ်စီးပွားရေးအရ ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိိနေတာ၊ သက်ဆိုင်ရာဒေသမှာ အာဏာကို အပြည့်အဝခြေကုပ်ယူထားနိုင်တာနဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဇာတ်ညွှန်းအတိုင်းသာ လိုက်ပါကပြတာတွေပဲ ဖြစ်ပါတယ်။...more11minPlay
October 21, 2025ဘီယာမရှိသော ရခိုင်ပြည်ရခိုင်ပြည် AA ထိန်းချုပ်နယ်မြေထဲ ပြည်မနဲ့ နိုင်ငံခြားထုတ်ကုန် ဘီယာ၊ အရက်၊ ဝိုင် စတဲ့ ယစ်မျိုးကုန်အားလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး အာဏာပိုင်တွေက စတင်သပိတ်မှောက်ခဲ့ပါတယ်။ ရခိုင်ပြည်မှာ တောအရက် ဒါမှမဟုတ် ထွေးညိုလို့ခေါ်ကြတဲ့ ရိုးရာအရက်ကို ‘မချစ်သော်လည်း အောင့်ကာနမ်း’ လာရပါတယ်။ ဒါနဲ့အတူ အရောင်အသွေး စုံလင်လှတဲ့ ဒေသထုတ် ယမကာတွေလည်း ခေတ်စားလာပါတယ်။ ဒီကနေ့ ရခိုင်ပြည်တွင်းနေ ယမကာလုလင်တွေတော့ ကြီးလေးတဲ့ ကျန်းမာရေးပြဿနာနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတာပါ။...more9minPlay
October 15, 2025ဗိုလ်ချုပ်ကြီး ငါးဦးကျန် ဘယ်သူတင်ကျန်မလဲမထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။...more10minPlay
September 19, 2025Prospective 4th Generation Tatmadaw – Pathways to Reform or Further Regression?This episode delves into the Tatmadaw’s historical shifts, the current junta’s grip on power, and the potential for reform amidst ongoing conflict and geopolitical pressures, highlighting the SAC’s transition to the SSPC and how Senior General Min Aung Hlaing may seek to sustain power through a tightly managed election....more21minPlay
September 16, 2025စစ်ရေးတိုက်ပွဲနှင့် နိုင်ငံရေးနိဂုံးချုပ်ချက်ရခဲ့ပြီးဖြစ်တဲ့ စစ်ရေးအောင်ပွဲတွေကို နိုင်ငံရေးအလှည့်အပြောင်းအဖြစ် ဖန်တီးဖို့ ဘယ်လောက် အရေးကြီးသလဲ။ ကိုယ့်ရဲ့ အသာစီးရမှုတွေကို နောက်ဆုံးပန်းတိုင် ဆုပ်ဆုပ်ပိုင်ပိုင် ယန္တရားစနစ်အတွင်း အောင်မြင်မှုအဆင့် တက်လှမ်းရနိုင်ဖို့ ဘယ်လောက်အရေးကြီးပါသလဲ။ စစ်ရေးအောင်ပွဲတွေနဲ့ အန္တိမ နိုင်ငံရေးရည်ရွယ်ချက်ချိတ်ဆက်မှု၊ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးဆက်စပ်မှုအခြေအနေတွေကို အခုပေါ့ကတ်စ်မှာ ဆွေးနွေးသွားပါမယ်။...more29minPlay
September 15, 2025စတုတ္ထမျိုးဆက်‘တပ်မတော်’ဖြစ်နိုင်ခြေပြည်တင်းတာကို နာတော်ခံမလား၊ ရှင်ကြီး ကျားထက် ပိုဆိုးမလားမြန်မာစစ်တပ် ပြိုလဲနိုင်ဖွယ် မရှိသေးတာ၊ ထီးပြိုင်နန်းပြိုင်တွေနဲ့ အချုပ်အခြာအာဏာ ဆုတ်ယုတ်တဲ့ နိုင်ငံတော်ကိုပဲ စစ်တပ်က နည်းမျိုးစုံသုံးပြီး ဆက်အုပ်ချုပ်နေဦးမှာ၊ တော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိစစ်တပ်ကို ပိုကောင်းတဲ့ တခြားရွေးချယ်စရာနဲ့ အစားမထိုးနိုင်သေးပါဘူး။ တဖက်မှာလည်း မြန်မာစစ်တပ်အတွင်း စတုတ္ထမျိုးဆက် အပြောင်းအလဲ ဖြစ်နိုင်သလား၊ ဖြစ်ရင် ဘယ်လိုဖြစ်မလဲ၊ ဘယ်သူတွေ ဦးဆောင်မှာလဲ၊ ဘယ်လိုဦးတည်ရာမျိုးကို ရှေးရှုမလဲဆိုတာ စူးစမ်းကြည့်ဖို့ လိုအပ်လာပါတယ်။...more26minPlay
FAQs about The Institute for Strategy and Policy – Myanmar:How many episodes does The Institute for Strategy and Policy – Myanmar have?The podcast currently has 139 episodes available.