စကားဝိုင်း (၁၁) မှာပါဝင်ထားတဲ့ အောင်ခန့် သည် ၂၀၁၉ ရန်ကုန်မြို.စည်ပင်သာယာ ကော်မတီရွေးကောက်ပွဲ တွင် မဲဆန္ဒနယ်မြေ (၃) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်း ဖြစ်ပါသည်။ မြို.ပြကြီးကြပ်ရေး နှင့် အုပ်ချုပ်ရေး မဟာသိပ္ပံဘွဲ. (M.Sc. Urban Planning and Public Policy) နှင့် နိုင်ငံရေးသိပ္ပံဘွဲ. (B.A. Political Science) တို.ကို ပါရီမြို.ရှိ Sciences Po နိုင်ငံရေးတက္ကသိုလ် မှရရှိခဲ့ပြီး ကိုအောင်ခန့်သည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်၏ ဗဟိုသုတေသန ကော်မတီတွင် တာဝန်များထမ်းဆောင်နေသော UEHRD အဖွဲ.ဝင်တစ်ဦးဖြစ်သည်။ အသက်မွေးဝမ်းကျောင်း အနေဖြင့်လည်း မြို.ပြ နှင့် ဒေသတွင်းဆိုင်ရာ စီမံကိန်းများအတွက် think-tank ဖြစ်သော Urbanize ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ အနေဖြင့်လုပ်ကိုင်နေသောသူတစ်ယောက်လည်းဖြစ်ပါသည်။