စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းမတွေပေါ်ကဆန္ဒပြပွဲတွေမှာ LGBTIQ အသိုက်အဝန်းရဲ့ပူးပေါင်းပါဝင်မှုဟာ ဆန္ဒပြပွဲတွေရဲ့သိသာထင်ရှားတဲ့အပိုင်း ဖြစ်ခဲ့ပါတယ်။ ဒီလိုထင်ရှားမှုတွေကြောင့်ပဲ LGBTIQ တွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို ပစ်မှတ်ထားပြီးပိုမိုလုပ်ဆောင်လာစေတယ်လို့ တက်ကြွလှုပ်ရှားသူတွေကဆိုကြပါတယ်။ ဒါပေမယ့် သူတို့ဟာ လူသားအချင်းချင်းလေးစားတန်ဖိုးထားဆက်ဆံခံရခြင်းနဲ့ တန်းတူပါဝင်နိုင်ရေးတွေအတွက် တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ဆွေးနွေးပြောဆိုချက်တွေကို Doh Athan Doh Talk မှာ နားဆင်နိုင်ပါတယ်။