မတ်လ(၂)ရက်ကို တောင်သူလယ်သမားနေ့လို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် တောင်သူလယ်သမားတွေနဲ့ လယ်သမားအရေးလုပ်ကိုင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ အဲဒီနေ့ဟာ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီက အာဏာသိမ်းတဲ့နေ့ဖြစ်တာကြောင့် တောင်သူလယ်သမားနေ့အဖြစ် လက်မခံကြပါဘူး။ သူတို့က တောင်သူလယ်သမားအရေးတော်ပုံပေါ်ပေါက်တဲ့ ဒီဇင်ဘာလ(၂၂)ရက်ကို တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုနေကြဆဲပါ။
ဒီတစ်ပတ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်သမားတွေအတွက်ရှုတ်ထွေးများပြားလှတဲ့ မြေယာပိုင်ဆိုင်မှုပြသနာတွေကို တင်ပြပေးမှာပါ။ အပြုသဘောဆောင်တဲ့ ဥပဒေပြုပြင်ပြောင်းလဲမှုတွေကို မျှော်လင့်နေတဲ့လယ်သမားတွေအတွက်ကတော့ ဆုံးရှုံးမှုစရာတွေကများလှပါတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ မြေယာအခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေရဲ့ အနာဂတ်တွေဘယ်လိုရှိပါသလဲ။(Unicode)