စိတ်အိမ်လေး (A Small Home for the Mind)

စိတ်အိမ်လေး (A Small Home for the Mind)

By စိတ်အိမ်လေး (Sate Eain Lay)Society & CulturePersonal Journals
Download on the App Store

စိတ်အိမ်လေး (A Small Home for the Mind) episodes

  • Mirror Talk #2 — အဝေးကွာနေခြင်း ☁️

    တစ်ခါတလေ…


    အဝေးဆိုတာ ကီလိုမီတာနဲ့ တိုင်းတာလို့ရတဲ့ အကွာအဝေးတစ်ခုတည်း မဟုတ်ပါဘူး။

    တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေး…

    တစ်ချိန်က ဖြစ်ခဲ့တဲ့ ကိုယ်နဲ့ အခု ဖြစ်လာတဲ့ ကိုယ်ကြားက အကွာအဝေးလည်း ဖြစ်နိုင်ပါတယ်။


    အိမ်နဲ့ ဝေးလာတဲ့အခါ…

    လူတွေ ပြောင်းလဲလာတယ်။

    အမှတ်တရတွေ ပြောင်းလဲလာတယ်။

    “အိမ်” ဆိုတဲ့ အဓိပ္ပာယ်လည်း တဖြည်းဖြည်း ပြောင်းလဲလာတတ်ပါတယ်။


    ဒီနေ့ Mirror Talk မှာ…

    အရင်က “အိမ်” နဲ့ အခုရောက်နေတဲ့ “ဒုတိယအိမ်” အကြောင်း၊

    အိမ်နဲ့ ဝေးရာမှာ ဘဝတစ်ခုကို တည်ဆောက်လာရတဲ့ ခံစားချက်လေးတွေကို အတူတူ မျှဝေထားပါတယ်။


    ကျွန်မလိုပဲ အဝေးကို ထွက်လာခဲ့သူတွေအတွက်…

    ဘယ်နေရာပဲ ရောက်ရောက်

    “အိမ်” ဆိုတဲ့ အဓိပ္ပာယ်ကို

    ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ 🌤️


    Podcast: စိတ် အိမ်လေး (Sate Eain Lay)


    Calm • Healing • Mind


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    7 min
  • အချိန်က ကုစားပေးလိမ့်မယ် | The Returning Light | Quiet Stories for the Night 15

    တစ်ချို့ဆုံးရှုံးမှုတွေကို…

    အချိန်ကပဲ ဖြည်းဖြည်းချင်း ကုစားပေးတတ်ပါတယ်...


    အရာအားလုံးက…

    အမြဲတမ်း ဒီအတိုင်း မနေပါဘူး...


    မိုးရွာပြီးရင် နေရောင် ပြန်ထွက်လာသလို…

    ဆုံးရှုံးမှုနောက်မှာလည်း

    အလင်းရောင်က တစ်နေ့တော့ ပြန်ရောက်လာတတ်ပါတယ်...


    ဒီညရဲ့ episode မှာ…

    အတိတ်ကို လက်လွှတ်ပေးဖို့

    အသစ်တစ်ခု ဝင်လာနိုင်ဖို့

    ဘဝထဲမှာ နေရာလွတ်လေးတစ်ခု ချန်ထားကြည့်ရအောင်...


    Quiet Stories for the Night 🌙



    Calm • Healing • Mind


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    8 min
  • မပြီးသေးတဲ့ ပန်းချီကားတစ်ချပ် | The Unfinished Self | Quiet Stories for the Night 14

    တစ်ခါတလေ…

    ကိုယ်က နောက်ကျနေသလို ခံစားရတတ်တယ်...

    လူတိုင်းက ရှေ့ရောက်နေပြီး… ကိုယ်တစ်ယောက်တည်း ကျန်နေသလို...


    ဒီည episode မှာတော့

    “မပြီးပြည့်သေးတဲ့ ကိုယ်” အကြောင်း ပြောထားပါတယ်


    မပြီးသေးတာဟာ အားနည်းချက် မဟုတ်ပါဘူး


    သင်ဟာ…

    ဆေးခြယ်နေဆဲ ပန်းချီကားပါ

    ထုဆစ်နေဆဲ ရုပ်တုပါ

    ဖြစ်လာနေဆဲ လူတစ်ယောက်ပါ


    ဖြည်းဖြည်းချင်း ကိုယ့်ပုံစံနဲ့ ကိုယ် ဖြစ်လာလိုက်ပါ… 🤍🌿


    ကောင်းသောညပါ…


    Quiet Stories for the Night 🌙



    🎧 Listen on YouTube:

    https://youtube.com/@sateeainlay



    Calm • Healing • Mind

    6 min
  • Mirror Talk #1 — နေခဲ့ဖူးတဲ့ မြို့လေး 🌥️

    တစ်ခါတလေ…


    အရင်တုန်းက မြင်ခဲ့တဲ့ မြင်ကွင်းတွေ၊

    လျှောက်ခဲ့တဲ့ လမ်းတွေ၊

    ကြားခဲ့တဲ့ အသံတွေကို သတိရမိတယ်။


    ဒီ Mirror Talk 1 လေးမှာ ကျွန်မ နေခဲ့ဖူးတဲ့ မြို့လေး၊ မိသားစု၊ သူငယ်ချင်းတွေ၊ နေ့စဉ်ဘဝရဲ့ အမှတ်တရလေးတွေအကြောင်း ပြောပြထားပါတယ်။


    အဝေးကို ထွက်လာခဲ့သူတွေအတွက်လည်း…

    အဲ့ဒီနေရာမှာပဲ ကျန်နေခဲ့သူတွေအတွက်လည်း…


    ဒီအမှတ်တရလေးတွေထဲမှာ ကိုယ့်ကိုယ်ကို ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ 🌤️



    Podcast: စိတ်အိမ်လေး (Sate Eain Lay)

    Calm • Healing • Mind


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    5 min
  • ပခုံးပေါ်က ဝန်ထုပ် | The Weight You Carry | Quiet Stories for the Night 13

    တစ်ခါတလေ… ပင်ပန်းနေတာက

    အားနည်းလို့ မဟုတ်ပါဘူး

    အချိန်အတော်ကြာ ကြိုးစားခဲ့လို့ပါ...


    ဒီနေ့ရဲ့ episode မှာ…


    သင်တစ်ယောက်တည်း ထမ်းထားမိတဲ့ ဝန်တွေ၊ မလိုအပ်တော့တဲ့ တာဝန်ယူမှုတွေ၊ အနားယူခြင်းရဲ့ အဓိပ္ပါယ်ကို တိတ်တိတ်လေး အတူတူ စဉ်းစားကြည့်ကြရအောင်...


    အရာအားလုံးကို သင်တစ်ယောက်တည်း သယ်ထားစရာမလိုပါဘူး 🤍🌿


    Quiet Stories for the Night 🌙



    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    8 min
  • အိပ်မပျော်တဲ့ ညများအတွက်... 🌙 | Sleep Series

    ဒီည…

    အိပ်မပျော်သေးဘူးလား…


    အတွေးတွေ များနေသေးလား…


    ဒီ Sleep Series ကနေ

    ည...မှာ အနားယူနိုင်ဖို့

    နူးနူးညံ့ညံ့ စကားပြောပေးထားပါတယ်။


    အခုညအတွက်တော့…


    မနက်ဖြန်ရဲ့ အရာတွေကို

    ခဏလောက် ထားထားလိုက်ရအောင်…


    ဒီညရဲ့ သင်ကတော့…


    နားရုံပဲ နားလိုက်ပါ… 🌙🤍



    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    9 min
  • တိတ်ဆိတ်တဲ့ ခွန်အား | Silent Resilience | Quiet Stories for the Night 12

    ကျယ်လောင်တဲ့ အသံတွေထက်…

    တိတ်ဆိတ်တဲ့ ခွန်အားက

    ပိုပြီး အေးချမ်းတယ်။


    ဒီနေ့အထိ ရောက်လာနိုင်ခဲ့တာက…

    သင့်ရဲ့ တိတ်ဆိတ်တဲ့ ခွန်အားကြောင့်ပါပဲ။


    Quiet Stories for the Night 🌙


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    9 min
  • ကျိုးပဲ့ခဲ့တဲ့ လမ်း 🌠 | Regret & Past Mistakes | Quiet Stories for the Night 11

    ဒီညမှာ…

    အတိတ်က အမှားတွေ၊ မပြောသင့်ခဲ့တဲ့ စကားတွေ၊

    မလုပ်ဖြစ်ခဲ့တဲ့ အရာတွေကို

    ပြန်တွေးနေမိပါသလား…


    ဒီ Episode လေးမှာ

    နောင်တ၊ အမှား၊ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ခြင်းအကြောင်း

    တိတ်တိတ်လေး ပြောပြထားပါတယ်…


    Quiet Stories for the Night 🌙


    Podcast: စိတ် အိမ်လေး (Sate Eain Lay)


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    6 min
  • လမ်းတစ်လျှောက်က အလှတရား | The Journey Continues | Quiet Stories for the Night 10

    ဒီ episode မှာ

    ဘဝဟာ အဆုံးမှတ်တစ်ခုကိုပဲ သွားနေတာမဟုတ်ပါဘူး…

    လမ်းတစ်လျှောက်က အလှတရားတွေ၊ အမှတ်တရတွေ...

    လက်ရှိအခိုက်အတန့်တွေအကြောင်း

    အတူတူ အေးအေးဆေးဆေး

    တွေးကြည့်ကြရအောင်… 🌿


    Quiet Stories for the Night 🌙


    Podcast: စိတ် အိမ်လေး (Sate Eain Lay)


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    7 min
  • စိတ်ထဲက ဥယျာဉ်တစ်ခု | The Garden of Gratitude | Quiet Stories for the Night 09

    တစ်ခါတလေမှာ

    မရှိသေးတာတွေကိုပဲ အာရုံထားနေမိတတ်ပြီး

    ရှိပြီးသားအရာလေးတွေကို သတိမထားမိတတ်ကြပါဘူး...


    ဒီ episode မှာတော့

    ကိုယ့်စိတ်ထဲက အတွေးတွေ… ခံစားချက်တွေ… မျှော်လင့်ချက်တွေ… ကျေးဇူးတင်မှုတွေနဲ့ ပြည့်နေတဲ့ “ဥယျာဉ်လေး” ကို ခဏလေး ရပ်ပြီး ကြည့်ကြရအောင်…


    တစ်ကယ်တော့… ကျေးဇူးတင်ခြင်းဆိုတာ အရာအားလုံးကို ပိုင်ဆိုင်ထားခြင်းမဟုတ်ပါဘူး…

    ကိုယ့်မှာ ရှိနေပြီးသားအရာတွေကို ကျေနပ်လာခြင်းပါပဲ…


    Quiet Stories for the Night 🌙


    Podcast: စိတ် အိမ်လေး (Sate Eain Lay)


    🎧 Listen on YouTube:

    https://youtube.com/@sateeainlay

    6 min

About စိတ်အိမ်လေး (A Small Home for the Mind)

From the publisher's feed

စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာ