
Sign up to save your podcasts
Or


တစ်ခါတစ်လေ…
ဘဝက ထိန်းချုပ်လို့မရတဲ့ ပင်လယ်ကြီးလို ဖြစ်နေတတ်ပါတယ်။
ဒီ episode မှာတော့
ဘဝကို ဘယ်လို အေးအေးဆေးဆေး တုံ့ပြန်နိုင်မလဲ…
တိတ်ဆိတ်မှုထဲမှာ ပျော်ရွှင်မှုကို ဘယ်လိုရှာတွေ့နိုင်မလဲဆိုတာကို အေးအေးလေး နားထောင်ကြည့်ရအောင် 🍃
Quiet Stories for the Night 🌙
🎧 Listen on YouTube:
https://youtube.com/@sateeainlay
တစ်ခါတစ်လေ
ကိုယ်သွားချင်တဲ့လမ်းရှိပေမယ့်
ပထမခြေလှမ်းကို မလှမ်းနိုင်တဲ့အချိန်တွေ ရှိတတ်ပါတယ်…
ဒီ Episode မှာ
ရဲစွမ်းသတ္တိဆိုတာ
Ready ဖြစ်မှ မဟုတ်ပဲ
မသေချာတဲ့အချိန်မှာတောင် လှမ်းလိုက်တဲ့ ခြေလှမ်းဖြစ်ကြောင်းကို
တိတ်တိတ်လေးပြောထားပါတယ်…
Quiet Stories for the Night 🌙
🎧 Listen on YouTube:
https://youtube.com/@sateeainlay
တစ်ခါတလေ ကျွန်မတို့ မပြောဖြစ်တဲ့ စကားတွေက နှလုံးသားတွေကြားမှာ အကွာအဝေးတွေ ဖြစ်စေနိုင်ပါတယ်။
ဒီ Episode မှာ ဆက်ဆံရေးဆိုတာ တံတားတစ်စင်းလိုဖြစ်ပြီး မထိန်းသိမ်းရင် ဆက်ဆံရေးတွေ ဘယ်လို ပျက်စီးသွားနိုင်လဲဆိုတာကို တိတ်တိတ်လေး မျှဝေထားပါတယ်။
ဒီည…
ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိနိုင်ပါစေ။
မပြောဖြစ်တဲ့ စကားတွေကိုလည်း တစ်နေ့တော့ ပြောနိုင်ပါစေ… ✨
Quiet Stories for the Night 🌙
Podcast: စိတ် အိမ်လေး (Sate Eain Lay)
🎧 Listen on YouTube:
https://youtube.com/@sateeainlay
တစ်ခါတစ်လေ…
ကျွန်မတို့ဟာ
သူများကိုသာ ကြည့်နေပြီး
ကိုယ့်ကိုယ်ကိုယ် မကြည့်ဖြစ်တာတွေ ရှိတတ်ပါတယ်…
ဒီ Episode မှာ
ကိုယ့်ကိုယ်ကို သိမြင်ခြင်း၊
လက်ခံနိုင်ခြင်းနဲ့
အတွင်းစိတ် အေးချမ်းမှုအကြောင်းကို
နူးညံ့စွာ ဝေမျှထားပါတယ်...
ဒီည
နှလုံးသားထဲက ကြေးမုံတစ်ခုပေါ်မှာ
ကိုယ့်ကိုယ်ကို တိတ်တဆိတ် ကြည့်လိုက်ပါ…
သင် လုံလောက်ပြီးသားပါ ✨
Quiet Stories for the Night 🌙
Podcast: စိတ်အိမ်လေး (Sate Eain Lay)
🎧 Listen on YouTube:
https://youtube.com/@sateeainlay
တစ်ခါတစ်လေ…
ဘဝဟာ ကန္တာရတစ်ခုလို ခံစားရတတ်ပါတယ်။
ခြောက်သွေ့ပြီး… လမ်းမမြင်ရသလို… တိတ်ဆိတ်နေတဲ့အချိန်တွေ…
ဒါပေမယ့်…
ကန္တာရထဲမှာတောင် ဝှက်ထားတဲ့ ရေရှိနေတတ်သလို အခက်အခဲတွေထဲမှာတောင် မျှော်လင့်ချက် ရှိနေတတ်ပါတယ်။
ဒီ episode မှာ
မျှော်လင့်ချက်နဲ့ ဇွဲလုံ့လကို
ဘယ်လိုတွဲဖက်ပြီး ဆက်လျှောက်မလဲဆိုတာ မျှဝေထားပါတယ် 🌙
တစ်ခါတစ်လေ
အရာကြီးတွေ မလိုပါဘူး…
ရေတစ်စက်လေးလို သေးငယ်တဲ့ မျှော်လင့်ချက်တစ်ခုကပဲ
နောက်တစ်လှမ်း ဆက်လျှောက်နိုင်အောင် လုံလောက်ပါတယ် 💧
ဒီည
တိတ်တိတ်လေး နားထောင်ပြီး
စိတ်အေးအေးနဲ့ အနားယူနိုင်ပါစေ။
Quiet Stories for the Night 🌙
Podcast: စိတ် အိမ်လေး (Sate Eain Lay)
🎧 Listen on YouTube:
https://youtube.com/@sateeainlay
ဒီည…
သင် မအောင်မြင်မှုတွေကြောင့် စိတ်ပင်ပန်းနေတဲ့အချိန်…
သင်ဟာ ကျောက်တုံးအောက်က မျိုးစေ့လို ဖိခံထားရသလို ခံစားနေရနိုင်ပါတယ်။
ဒါပေမယ့်…
မျိုးစေ့တွေဟာ အမှောင်ထဲမှာပဲ သူတို့ရဲ့အားကို စုဆောင်းတတ်ကြတယ်…
ဒီ episode မှာ
Helen Keller ရဲ့ ဇာတ်လမ်းမှတစ်ဆင့်
အခက်အခဲတွေကို အင်အားအဖြစ် ပြောင်းလဲနိုင်တဲ့ အကြောင်းကို မျှဝေထားပါတယ်။
🌱 သင့်ဘဝမှာရှိတဲ့ “ကျောက်တုံး” က
သင့်ရဲ့ အဆုံးသတ်မဟုတ်ပါဘူး…
ဒါဟာ သင့်ကို တိုးတက်စေမယ့် အစပါ။
ဒီည
တိတ်တိတ်လေး နားထောင်ပြီး
စိတ်အေးအေးနဲ့ အနားယူနိုင်ပါစေ။
Quiet Stories for the Night 🌙
Podcast: စိတ် အိမ်လေး (Sate Eain Lay)
🎧 Listen on YouTube:
https://youtube.com/@sateeainlay
ကျွန်မက အိပ်မက်တွေကို မကြာခဏ မက်တတ်ပါတယ်။
ထူးဆန်းတဲ့အိပ်မက်တွေ၊ အမှတ်တရဖြစ်နေတဲ့အိပ်မက်တွေဆိုရင်
မနက်နိုးလာတာနဲ့
စာအုပ်ထဲမှာပဲ ဖြစ်ဖြစ်၊ ဖုန်းထဲမှာပဲ ဖြစ်ဖြစ်
ချရေးထားတတ်တဲ့ အကျင့်ရှိပါတယ်။
ကိုယ့်အိပ်မက်လေးတွေကို
အချိန်ကြာတဲ့ထိ မမေ့မလျော့အောင်ရယ်၊
ပုံပြင်လေးတစ်ပုဒ်လို ပြန်လည် မျှဝေချင်တဲ့စိတ်နဲ့
ဒီ video လေးကို ပြုလုပ်ထားတာပါ။
ဒီအိပ်မက်လေးကတော့
ဒီနှစ်အစပိုင်းမှာ မက်ခဲ့တဲ့
အမှတ်တရတစ်ခုပါ။
အိပ်မက်တစ်ခုလုံးမှာ
တောတောင်တွေ၊ ရေတွေ၊
အပြာရောင်ခေါင်မိုးအိမ်လေးတွေနဲ့
အရမ်းကို လှပပြီး ငြိမ်းချမ်းနေခဲ့တယ်။
နိုးလာတဲ့အချိန်တောင်
အဲဒီအိပ်မက်ကို ပြန်တွေးမိတိုင်း
စိတ်ထဲမှာ တိတ်တိတ်လေး ပျော်ရွှင်ရတယ်။
ဒီ video လေးကို ကြည့်ပြီး
သင့်ဆီကိုလည်း
အပျော်လေးတွေ ကူးစက်သွားပါစေ ♡
🎧 Listen on YouTube:
https://youtube.com/@sateeainlay
ဒီည…
စိတ်ပင်ပန်းနေတဲ့ အချိန်တွေ၊
ဘဝက မုန်တိုင်းတစ်ခုလို ဖြစ်နေတဲ့အခါတွေအတွက်ပါ။
တစ်ခါတလေ
ကိုယ်ကိုယ်တိုင်
လှိုင်းတွေကြားထဲမှာ
လမ်းမတွေ့တဲ့ လှေငယ်တစ်စင်းလို ခံစားရတတ်ပါတယ်…
ဒါပေမယ့်
မုန်တိုင်းကို မထိန်းနိုင်လည်း
ဘယ်လို တုံပြန်မလဲဆိုတာကိုတော့
သင်ပဲ ရွေးချယ်နိုင်ပါတယ်။
ဒီည
တိတ်တိတ်လေး နားထောင်ပြီး
စိတ်အေးအေးနဲ့ အနားယူနိုင်ပါစေ။
Quiet Stories for the Night 🌙
Podcast: စိတ် အိမ်လေး (Sate Eain Lay)
🎧 Listen on YouTube:
https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU-
ဒီည…
သင် တစ်ယောက်တည်းလို ခံစားနေရလား?
လူတွေကြားထဲမှာတောင်
တစ်ယောက်တည်းလို ခံစားရတဲ့ အချိန်တွေ
လူတိုင်းမှာ ရှိတတ်ပါတယ်။
ဒါပေမယ့်…
ဒီ Podcast လေးက သင့်ကို
တစ်ခုကို ပြောပြပေးချင်ပါတယ်။
သင် တစ်ယောက်တည်း မဟုတ်ပါဘူး။
ဒီည
တိတ်တိတ်လေး နားထောင်ပြီး
စိတ်အေးအေးနဲ့ အနားယူနိုင်ပါစေ။
Quiet Stories for the Night 🌙
Podcast: စိတ် အိမ်လေး (Sate Eain Lay)
🎧 Listen on YouTube:
https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU-
ဘဝမှာ မှောင်မိုက်တဲ့ လမ်းထဲမှာ လျှောက်နေသလို ခံစားရတတ်ပါတယ်။ ရှေ့ကို ဘယ်လိုဆက်သွားရမလဲ မသေချာတဲ့အချိန်တွေ ရှိနိုင်ပါတယ်။
Season 1 ရဲ့ နောက်ဆုံး episode ဖြစ်တဲ့
“မှောင်မိုက်တဲ့ လမ်းထဲက မီးအလင်းငယ်လေး” မှာ ဘဝရဲ့ လမ်းဆုံတွေ၊ သံသယတွေ၊
ယုံကြည်ချက်နဲ့ မျှော်လင့်ချက်အကြောင်း တိတ်တိတ်လေး ပြောထားပါတယ်။
တစ်ခါတစ်လေ ရှေ့ကို ဆက်သွားနိုင်ဖို့ မီးအလင်းလေးတစ်ခုလောက်ပဲ လုံလောက်ပါတယ် ... 🤍
🎧 Listen on YouTube:
https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU-
🌱 Podcast: စိတ် အိမ်လေး (Sate Eain Lay)
Calm • Healing • Mind
From the publisher's feed