နည်းပညာ ဘီယီယံနာကြီး Bill Gates ရဲ့ ဘဝဖြတ်သန်းမှုကို ကြည့်ပြီး ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ဘဝအတွက်အများကြီး စိတ်ခွန်အားတွေ ရမိတာအမှန်ပါ။ Bill Gates ဟာကမ္ဘာပေါ်က အကြီးဆုံး နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Microsoft ရဲ့ ထည်ထောင်သူ ပဲ့ကိုင်ရှင်တစ်ယောက် ဖြစ်သလိုသူဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ နှစ်ပေါင်းများစွာသော အဖိုးတန်ဘဝ အတွေ့အကြုံ တွေကိုလည်းနောက်မျိုးဆက်သစ် လူငယ်တွေအတွက် အမြဲတမ်း ပြန်လည်မျှဝေခဲ့ပါတယ်။
Bill Gates အမြဲပြောနေကျ စကားတစ်ခုရှိပါတယ်။ လူတစ်ယောက်ဟာအသက်ရှင်နေသ၍ လေ့လာသင်ယူမှုတွေနဲ့ ကင်းကွာနေ လို့ မရဘူးဆိုတာပါပဲ။ကျွန်တော်တို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းတွေရှိဖို့ကနံပါတ် ၁ အရေး ကြီးဆုံး ဖြစ်ပါတယ်။ အောင်မြင်မှုရဲ့ သော့ချက်ဆိုတာဟာ အသိပညာကိုအဆက်မပြတ် ချဲ့ထွင်ခြင်းနဲ့ ကျွမ်းကျင်မှု Skills အသစ် တွေကိုအမြဲလေ့လာဆည်းပူးနေခြင်းကနေ ဖြစ်တည်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် Gates ဟာ လူငယ်တွေအနေနဲ့ ဘဝ အတွက် ကောင်းမွန်တဲ့တိုးတက်မှုတွေနဲ့ အခွင့်အလမ်းကောင်းတွေ ရရှိဖို့ အမြဲတမ်း လေ့လာသင်ယူမှုတွေ လုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။