ဘဝမှာ လူအမျိုးမျိုးနဲ့တွေ့ကြုံရမှာပဲ ။ ခဏတာအလည်လာတဲ့သူတွေ ၊ ကိုယ့်ဘဝထဲ မုန်းတိုင်းတွေ သယ်ဆောင်ခဲ့သူ ၊ ပန်းတွေ ပွင့်စေသူ ၊ဒဏ်ရာတွေပေးတဲ့သူ ပုံစံအမျိုးမျိုးနဲ့လူတွေက အချိန်နဲ့အမျှ ဝင်လိုက်ထွက်လိုက်လုပ်နေမှာပဲ ။ ဘဝရဲ့ လမ်းဆုံ ၊ လမ်းခွ ဘယ်နေရာမှာမဆို တွေ့ဆုံကြရပြီး ၊ ဘဝရဲ့အနိမ့်မြင့် တွေတိုင်းမှာ ခွဲခွါကြရမယ်။ ဒါဟာ ဘဝပဲ။
လူတွေအမျိုးမျိုးနဲ့တွေ့ဆုံရနိုင်ပေမဲ့ ဘဝရဲ့ အဆိုးဆုံးအချိန်တွေမှာတောင် ပစ်မထားခဲ့နိုင်သူတွေကတော့တန်ဖိုးအထားသင့်ဆုံး လူစားတွေပဲဖြစ်တယ်။ ဘာပိုင်ဆိုင်မှုမှမရှိတဲ့အခါ၊ဆင်းရဲနုံချာတဲ့အခါ ဘေးမှာ အေးအတူပူအမျှရှိနေသူဟာ ကိုယ့်အတွက် စစ်မှန် တဲ့သူပါ ။နားမကျန်းဖြစ်တဲ့အခါ ၊ ကျရှုံးမှုတွေကြုံတဲ့အခါ ပစ်ပယ်မထားပဲ အနားမှာနေပေးတာဟာစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာပါ။