ဘယ်သူကြောင့်၊ ဘယ်အခြေအနေတစ်ခုကြောင့် လုပ်ရင်းစွဲအရာတွေကို ကျောခိုင်းပြီး ပြောင်းလဲလိုက်တာဆိုပြီး ကြားဖူးကြ မယ် ထင်ပါတယ်။ဒီအရာတွေရဲ့ နောက်ကွယ်ကအချက်တစ်ခုရှိနေပါတယ်။ ဥပမာ လူတစ်ယောက်ကဆေးလိပ်ကိုသောက်နေကျ ဖြစ်တဲ့အခါ စွဲလမ်း မှုရှိတယ်၊ ဖြတ်ဖို့လည်းစိတ်ရှိပေမဲ့ထပ်ခါထပ်ခါ သောက်ဖြစ်နေတယ်၊ ရက်ပိုင်းဖြတ်ကြည့်တယ်... ဘေးကလူတွေသောက်နေတာတို့၊ အနံ့တို့ ရတဲ့အခါ အလိုလိုစိတ်ထိန်း နိုင်စွမ်းကျလာတယ်...။ဒီလိုနဲ့ နေပါဦး ငါမအောင့်အီးနိုင်တော့ဘူး ပြန်သောက်တော့မယ်။ ဒါနဲ့သံသရာလည်သွားပါ တော့တယ်။ ဆိုတော့ ဖြတ်ဖို့ အကြောင်းမရှိဖြစ်သွားတယ်။
ဒီအဖြစ်အပျက်ကိုသေချာရှုထောင့်မတူစွာနဲ့ကြည့်တဲ့အခါ ဆေးလိပ်သောက်သူရဲ့ စိတ်အတွင်းထဲမှာ သူ့ကိုယ်သူငါဟာ “ဆေးလိပ်သမား” ဆိုပြီးခံယူထားတယ်။ ဖြတ်ချင်နေပေမဲ့ ဒီခံယူချက် “identity”ကိုစွဲကိုင်ထားတဲ့အခါသူက ဘယ်လိုဖြတ်ဖြတ် မပြတ်နိုင်ဖြစ် နေတယ်။နည်းမျိုးစုံသုံးပြီး ဖြတ်ပေမဲ့ အချိန်တန်ကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းတွေကိုလာပြီး မြူဆွယ်လာတဲ့အခါ ပြန်သောက်ဖြစ်သွား တယ်။ဘာကြောင့်လဲဆိုတော့ သူ့ကိုယ်သူဆေးလိပ်သောက်တဲ့သူ၊ ဆေးလိပ်သမားလို့ခေါင်းထဲမှာခံယူထားလို့ဖြစ်တယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ဆိုရင်..သူ့ရဲ့ခံယူချက်ကိုလုံး၀ပြောင်းလဲပြီး ခံယူလိုက်ရင် ယတိပြတ် ပြတ်နိုင်စွမ်းရှိတယ်။ ဒီအချက်ကလည်း အောင်မြင်တဲ့သူတွေ လက်ဆုတ်လက်ကိုင်ထားတဲ့အချက်ဖြစ်တယ်။