ရှာနိုင်တာထက် လျှော့သုံးဖို့ဆိုတာက ပြောဖို့ထက် လုပ်ဖို့ခက်ပါတယ်။ ရေရှည်အကျိုးစီးပွားအတွက် လက်ငင်းပျော်ရွှင်မှုကို စွန့် လွှတ်နိုင်ဖို့ လိုပါတယ်။ ငွေကြေးကို သုံးစွဲဖို့ထက် စုဆောင်းဖို့ ဦးစားပေးရမှာပါ။ အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ မိမိကိုယ်ကို စည်း ကမ်းကြပ်မတ်ဖို့လည်းလိုပါတယ်။ဒါပေမယ့် ရှာနိုင်တာထက် လျှော့သုံးနိုင်မယ်ဆိုရင် ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကို သိထား မယ်ဆိုရင် လက်ငင်းပျော်ရွှင်မှုတွေကို စွန့်လွှတ်ရတာထိုက်တန်တယ်ဆိုတာ သိလာပါလိမ့်မယ်။ ဒါဆိုရင် ဘယ်လိုအကျိုး ကျေးဇူး တွေ ရနိုင်မလဲ။
ကြွေးမြီကင်းစေတယ်။ရှာနိုင်တာထက် လျှော့သုံးနိုင်မယ်ဆိုရင်အကြွေးတင်တော့မှာ မဟုတ်ပါဘူး။ လက်ငင်းငွေပေးချေ နိုင်တာ တွေကိုပဲ ဝယ်ပါ။တတ်နိုင်သမျှ စိစစ်ချွေတာပါ။ လိုချင်တာတွေထက် လိုအပ်တာတွေကိုပဲဝယ်ပါ။အကြွေးမတင်တော့တဲ့အတွက် အကြွေးအတွက်ပေးရတဲ့ အတိုးနှုန်းထားတွေအတွက်ပါသက်သာသွားစေနိုင်ပါတယ်။ စိတ်ဖိစီးမှု နည်းစေတယ်။ ရှာနိုင်တာထက် လျှော့သုံးဖို့ဆုံးဖြတ်ထားတဲ့အခါမှာ ဝယ်ချင်ခြမ်းချင်စိတ်တွေ နည်းသွားပါလိမ့်မယ်။ ဒါ့အပြင်ငွေတစ်ကျပ်တစ်ပြားစီတိုင်းက ရည်ရွယ်ချက်ရှိနေနိုင်ပါတယ်။ လစဉ်ဝင်ငွေကို သိထားပြီးသုံးစွဲမှုကို စနစ်တကျစီမံခန့်ခွဲနိုင်တဲ့အခါမှာ ငွေကြေးပူပင်သောကနဲ့စိတ်ဖိစီးမှုတွေ လျော့နည်းသွားပါလိမ့်မယ်။ ငွေတွေ ဘယ်လိုကုန်သွားလဲဆိုတာအံ့သြမနေရပဲ ပေးစရာရှိတာတွေကို ပေးနိုင်တဲ့ အတွက် စိတ်ပူပင်မှုတွေနည်းသွားမှာပါ။