လေးစားမှု။ စာလုံးသုံးလုံးထဲပေမယ့် အဓိပ္ပာယ်လေးနက်မှုနဲ့သက်ရောက်မှုက အနှိုင်းမဲ့ပါ။ လူတစ်ယောက်ကိုလေးစားဖို့ ဘာတွေ လိုလဲ။ ဂုဏ်တွေလား။ ပညာတွေလား။ငွေကြေးဥစ္စာတွေလား။ ရုပ်ရည်ရူပကာလား။ အောင်မြင်မှုလား။ လူတစ်ယောက် ဆီက လေးစားမှုရဖို့အတွက်ကရောဘာတွေလိုမလဲ။ပေးဆပ်ခြင်းလား။ အောင်နိုင်ခြင်းလား။ မေးစရာမေးခွန်းတွေအများကြီးပါ။
အရိုးရှင်းဆုံးအဖြေတစ်ခုကတော့ လေးစားထိုက်ဖို့ပါ။တစ်ယောက်နဲ့တစ်ယောက်သတ်မှတ်ထားတဲ့ စံနှုန်းတွေမတူကြဘူး။ တစ်ယောက်ဆီမှာရှိတဲ့ အရည်အချင်း။ အရည်အသွေး၊ ကွဲပြားတယ်။အထူးသဖြင့် ကိုယ့်မှာမရှိတဲ့အရာရှိတဲ့သူ၊ ကိုယ်မစွမ်းဆောင် နိုင်တာကိုလုပ်နိုင်တဲ့သူ၊အများအတွက် ကိုယ်ကျိုးကိုမငဲ့တဲ့သူ။ လေးစားခြင်းခံရဖို့အတွက် တကူးတကလုပ်ယူစရာတွေ လည်းရှိသလိုလုပ်ယူစရာတွေလည်းအများကြီးပါ။အရေးကြီးဆုံးကတော့ လေးစားထိုက်ဖို့ပါ။