ကိုယ်ရည်ကိုယ်သွေးကို ဆုံးဖြတ်ပေးတဲ့ အဓိကလက္ခဏာကြီး၅ ခုရှိပါတယ်တဲ့။ အဲဒီPersonality Test တွေကလူတစ်ယောက် ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အတိုင်းအတာ တစ်ခုအထိဖော်ပြပေးနိုင်တဲ့အတွက်ကိုယ့်ကိုယ်ကိုယ်တိုးတက်စေဖို့ အထောက်အကူပြုနိုင် ပါတယ်။
Personality Test မှာ အဆုံးအဖြတ်ပေးတဲ့ အဓိကလက္ခဏာတစ်ခုက Conscientiousnessလို့ခေါ်တဲ့ အသိဉာဏ်ရှိရှိ လုပ် ဆောင် တတ်တဲ့ တာဝန်သိစိတ်ဖြစ်ပါတယ်။ အရာရာကို စနစ်တကျ လုပ်ဆောင်တတ်ပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့ ပန်းတိုင် ကိုရောက် အောင် လုပ်နိုင်တဲ့ စွမ်းရည် ဖြစ်ပါတယ်။ တာဝန်သိစိတ် မြင့်မားတဲ့လူတွေကအတန်းပညာနဲ့ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ တွေမှာ အောင်မြင်တတ်ကြပါတယ်။