ကျွန်တော်တို့ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာ 40% ကအလိုအလျောက် လုပ်ဖြစ်နေတဲ့အကျင့်တွေပဲ ဖြစ်ပါတယ်။ အကျင့်တွေက ကျွန်တော်တို့ဘဝတွေကိုလွှမ်းမိုးနေတာဖြစ်တဲ့အတွက် ဒီအကျင့်တွေက မကောင်းတဲ့ အကျင့်ဆိုးတွေ ဖြစ်မနေဖို့အရေးကြီး ပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင်လည်း မကောင်းတဲ့ အကျင့်ဆိုးတွေ ရှိပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး ဒီအကျင့် ဆိုးတွေကို မရှောင်ရှားနိုင်ရင် ငွေရေးကြေးရေးအရအခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။
လူအများစုက မဖြစ်မနေလိုအပ်တဲ့ပစ္စည်း (အခြေခံစားဝတ်နေရေး)ထက် မဖြစ်မနေ မလိုအပ်တဲ့ပစ္စည်းတွေမှာ ငွေပိုသုံးလေ့ ရှိကြ တယ်။ မဖြစ်မနေမလိုအပ်တဲ့ ပစ္စည်းတွေမှာ ငွေသုံးတယ်ဆိုတာ အခြေခံစားဝတ်နေရေးအတွက် မဟုတ်တဲ့နေရာတွေမှာငွေသုံး တာကို ဆိုလိုတာပဲ ဖြစ်တယ်။ မဖြစ်မနေမလိုအပ်တဲ့ ပစ္စည်းတွေမှာ ငွေသုံးတာပိုများတာကPersonal Finance ကို အလေးမထား ရာရောက်ပြီး အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုမရှိတာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အနာဂတ်မှာ ငွေရေး ကြေးရေးကိုစိတ်မပူရတဲ့သူ ဖြစ်ချင်ရင်တော့ ဉာဏ်ကိုလွှာပြီး ငွေသုံးတတ်တဲ့အကျင့်ကိုမွေးမြူထားဖို့ လိုပါလိမ့်မယ်။