ဘဝမှာ ပြေလည်သာယာမှုတွေကိုလိုချင်တဲ့သူတိုင်းသိထားသင့်တဲ့အချက်တစ်ခုပါဝင်နေတဲ့စကားတစ် ခွန်းပါ။ ဘဝဆိုတဲ့ စကား လုံးနှစ်လုံးကို ကျွန်တော်တို့တတွေ မွေးဖွားချိန်ကနေစတင်လို့နောက်ဆုံးသေဆုံးတဲ့အချိန်မတိုင်ခင် အထိရုန်းကန်လှုပ်ရှားမှုတွေနဲ့ အသက်ဆက် ရှင်သန်ကြရပါတယ်။စိန်ခေါ်မှုတွေ၊ တိုက်ပွဲတွေ၊ အခက်အခဲတွေ၊ အတားအဆီး တွေ မကြုံချင်ဘဲကြုံရတဲ့ ဝမ်းနည်းပူဆွေးစရာတွေကို တွေ့ကြုံကြရမှာပါ။ ဒါဟာ ဘဝရဲ့ အဘိဓါန်ပါပဲ။ သင့်ကိုစိတ်အနှောင့်အယှက်ပေးနေတဲ့ကိစ္စသေးသေးလေးတွေကိုမေ့ထားလိုက်ပြီးသင့်အတွက်ကောင်းမွန်စေတဲ့ အရာတွေကို ပဲအာရုံစူးစိုက်ထားလိုက်မယ်ဆိုရင်ဘဝကသိပ်ကိုမှ ပြေလည် သာယာသွားနိုင်ပါတယ်။
ကျွန်တော်တို့ခန္ဓာဝန်ကို မစွန့်ခင်အချိန်အထိမလိုချင်တဲ့အရာတွေရော၊ လိုချင်တဲ့အရာတွေရောကံကြမ္မာကပေးနေမှာပါပဲ။ဘယ် ဟာကိုတော့ လိုချင်လို့ ရကိုရရမယ်ဆိုတဲ့ဖြစ်ရပ်မျိုးတွေကိုကိုယ်ကကြိုးစားပိုင်ခွင့်ဆိုတဲ့မသေချာမရောရာမှုတစ်ခုကိုသာ ကိုယ့် ဘက်မှာ မဲအဖြစ်နဲ့ ရှိနေ မှာပါ။ ဒါဆိုရင် ဘဝက တွေးကြည့်တိုင်းစိတ်ပျက်စရာချည်းပဲဖြစ်နေမှာပေါ့။