အသုံးစရိတ်ထဲမှာမပါဝင်တဲ့ ငွေသုံးစွဲမှုတွေကို ဂရုစိုက်ပါ။ လိုအပ်တဲ့အသုံးစရိတ်တွေအတွက် ဖယ်ပြီးလို့ ကျန်တဲ့ငွေဟာသုံးချင်ရာ သုံးနိုင်တဲ့ ငွေလို့ မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့်ငွေကြေးစီမံခန့်ခွဲမှုတိုးတက်ဖို့အတွက် ဒီလိုအပိုအသုံးစရိတ်တွေကို ဂရုစိုက်တတ်ဖို့လိုပါတယ်။
ငွေပိုနေတိုင်း အကုန်လျှောက်မသုံးပါနဲ့။ ဘယ်အချိန်မှာ ဘယ်လိုငွေကုန်ပေါက်ပေါ်လာမလဲဆိုတာ ကြိုတင်မသိနိုင်တာ ကြောင့် လိုအပ်လာရင်ပေးနိုင်အောင် ထိန်းသိမ်းထားသင့်ပါတယ်။ နောက်ပြီးရင် ဈေးနှုန်းတွေကိုနှိုင်းယှဉ်တွက်ချက်ပြီး ဈေးဝယ် ပါ။
ဘာပဲဝယ်ဝယ်အသင့်တော်ဆုံးဈေးနှုန်းဖြစ်ဖို့အတွက် နှိုင်းယှဉ်တွက်ချက်ပြီးမှ ဝယ်သင့်ပါတယ်။ ငွေကြေးကိုအကောင်းဆုံး စီမံခန့်ခွဲတတ်ချင်ရင် ငွေစုဆောင်းဖို့ကိုလည်း မမေ့သင့်ပါဘူး။ လစဉ်ဝင်ငွေထဲက တစိတ်တပိုင်းကို စုဆောင်းထားသင့်ပါတယ်။ ငွေစုဆောင်းတဲ့နေရာမှာ အများကြီးစုနိုင်စရာ မလိုပါဘူး။ တစ်ရက်နည်းနည်း ဒါမှမဟုတ် တစ်လနည်းနည်းစုဆောင်းရင်း အချိန် တစ်ခုကြာတဲ့အခါမှာ ထင်မှတ်မထားတဲ့ပမာဏ တစ်ခုကိုရရှိနိုင်ပါတယ်။ နောက်ဆုံးအချက်ကတော့ အသုံးစရိတ်တွေကို မှတ်သား ထားဖို့ပါ။ ငွေသုံးစွဲမှုတိုင်းကိုသတိထားပါ။ ငွေလက်ခံဖြတ်ပိုင်းတွေကို သိမ်းထားပါ။ မှတ်စုစာအုပ်တစ်အုပ်နဲ့အသုံးစာရင်းကို ချရေး ထားပါ။ မလိုအပ်ပဲ အပိုတွေမသုံးမိအောင် ဆင်ခြင်ပါ။ဒီအချက်တွေကို အသေးစိတ် လိုက်နာမယ်ဆိုရင် ငွေကြေးကို စီမံခန့်ခွဲနိုင်တဲ့ သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။