
Sign up to save your podcasts
Or


ကော့ကရိတ်မြို့ အာရှလမ်းမအနီးမှာ စစ်ကောင်စီစစ်ကြောင်းတွေကို ရှေ့မတက်နိုင်အောင် တော်လှန်ရေးတပ် ဖွဲ့တွေက ဟန့်တားထားပါတယ်။ ရှေ့တန်းမှာ ရှိနေတဲ့ နဂါးဖြူစစ်ကြောင်း တာဝန်ရှိသူက တော့ အခုစစ် ဆင်ရေးကို ဒီထက်မက ပိုပြီး တက်ညီလက်ညီနဲ့ အလုပ်လုပ်ဖို့ လိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီသတင်းကို စစ်မြေပြင်မှာ သွားရောက် သတင်းယူတဲ့ သတင်းထောက် အောင်ခန့်က ပြောပြမှာပါ။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်သွားတဲ့သတင်း
- ရုရှားကနေဝယ်လာတဲ့ ဒရုန်းတွေကို စစ်ကောင်စီကစစ်ဆင်ရေးနယ်မြေတွေဆီ ဖြန့်ဝေထားတဲ့သတင်းနဲ့
-မုံရွာ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲက စစ်ဘေးရှောင်တွေနေတဲ့ နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့သတင်းတွေ နားဆင်ရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-စစ်ဆေးရုံတွေမှာ ဒဏ်ရာရ လူနာများလာလို့ ပုဂ္ဂလိကဆေးရုံတွေမှာ ကုသပေးနေရတဲ့သတင်း
-အိန္ဒိယနယ်စပ် မဏိပူရရောက် မြန်မာ ၅ ထောင် ကျော်ကို နေရပ်ပြန်ပို့မယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ပြောလိုက်တဲ့သတင်းနဲ့
-ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထား တိုးချဲ့ပြေးဆွဲတဲ့ သတင်းတွေ နားဆင်ရမှာပါ
ကရင်ပြည်နယ် နယ်စပ်တလျှောက်က စစ်ရှောင်ပြည်သူတွေကို အာဏာသိမ်း စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ မတိုက်ခိုက်ရေး ထိုင်းလွှတ်တော်က တားမြစ်ပေးဖို့ မြန်မာအလုပ်သမားကူညီရေးအဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။
DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ " ဟွန်ဆန်နဲ့ သက်ဆင်တို့ရဲ့ မြန်မာ့အရေးခြေလှမ်းများ နောက်ကွယ်၊ အခိုင်အမာစစ်စခန်းကြီးတွေကို တဖြည်းဖြည်းချင်းသိမ်းယူနေတဲ့ KIA၊ တရုတ်သမ္မတရဲ့ ဥရောပ ခရီးစဉ် စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မြန်မာပြည်တွင်းမှာ ဆန်ကြမ်းအနိမ့်ဆုံးဈေး တပြည် ကျပ် ၄၀၀၀ အထိဖြစ်လာပြီး ဝင်ငွေနည်းပြည်သူတွေ ထမင်းတနပ် လျှော့စား ရတဲ့အထိ ဖြစ်လာပါတယ်။
https://burmese.dvb.no/category/8/news
DVB Newsbreak ( မေ ၁၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာ့ပဋိပက္ခတွင်း အမုန်းတရားနဲ့ သတင်းမှားတွေမဖြန့်ကြဖို့ ကုလသမဂ္ဂက သတိပေးလိုက်တဲ့ သတင်း
-နေပြည်တော် ဧလာလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခတ်ရတဲ့သတင်းနဲ့
-မိုးမောက်နဲ့ မံစီမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တောင်းဆိုချက်ကို စစ်ကောင်စီပယ်ချလိုက်တဲ့သတင်း
-ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးတဲ့သတင်းနဲ့
-ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက ဇီဝမှတ်တမ်း အချက်အလက်တွေ ကောက်ယူစုဆောင်းသွားဖို့ ရှိနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
DVB Newsbreak ( မေ ၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ရွေးကောက်ပွဲကာလ အိန္ဒိယရောက် မြန်မာပြည်သားများကို NUG ကထပ်မံသတိပေးလိုက်တဲ့သတင်း
-ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ဝင် တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တဲ့သတင်းနဲ့
-ကော့ကရိတ်အနီး ဒေါနတောင်ခြေတိုက်ပွဲတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အကျအဆုံးများနေတဲ့သတင်းတွေနားဆင်ရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မိုးမောက်မှာ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာဝေမျှနေချိန် စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တဲ့သတင်း
-ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့သတင်းနဲ့
-လူစားထိုးမှုပြဿနာကြောင့် စစ်မှုထမ်းအပတ်စဥ် ၂ ခေါ်ယူဖို့ ကြံ့ကြာနေတဲ့သတင်းတွေ နားဆင်ရမှာပါ