
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၃ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်း
-ဖားဆောင်းမှာ စစ်ရဟတ်ယာဉ် ၁ စင်းကို ကရင်နီတော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တဲ့သတင်းနဲ့
-ဘူးသီးတောင် စကခ ၁၅ က ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချတဲ့သတင်းတွေ နားဆင်ကြရမှာပါ
DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အပူချိန်စံချိန်တင်နေတဲ့ကမ္ဘာနဲ့ မီးမလာတဲ့ မြန်မာ၊ ဆိုးရွားနေဆဲ သတင်းလွတ်လပ်ခွင့်၊ တနင်္ဿာရီစစ်ရေး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံတဝန်း ရန်ကုန်အပါအဝင် မြို့တွေအတော်များများမှာ အပူချိန်မြင့်တက်နေပြီး လျှပ်စစ်မီးပုံမှန်မရရှိတာက အခြေခံပြည်သူတွေရဲ့ ဘဝအပေါ် သက်ရောက်မှု ကြီးမားပြီး သက်မွေး လုပ်ငန်းနဲ့ ကျန်းမာရေးအရလည်း ထိခိုက်မှုတွေ ရှိနေပါတယ်။
DVB သတင်းထောက် ဟန်န သတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံဆက်လက်ပါဝင်နေတဲ့သတင်း
-အမျိုးသားတွေကို ပြည်ပအလုပ်ထွက်လုပ်ခွင့် စစ်ကောင်စီ ပိတ်ပင်လိုက်တဲ့သတင်းနဲ့
-ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ မိုးသက်လေပြင်းတွေတိုက်ခတ်ပြီး နေအိမ်တွေ ပျက်စီးသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ
လေးလနီးပါးတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပြီးတဲ့နောက် ဆီဆိုင်မြို့ကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ထိမ်းချုပ် နိုင်သွားပြီး ဒေသခံတွေကို နေရပ်မှာ ပြန်နေခိုင်းနေတယ်လို့ သိရပါတယ်။ သီဟ သတင်းပေးပို့
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
ရန်ကုန်မှာ သက်ကြီးရွယ်အိုနဲ့ ကလေးရှိသူတွေ ဟိုတယ်အခန်းငှားပြီး အပူရှောင်နေကြရတဲ့သတင်း
စစ်ကိုင်းတိုင်းမှာ လေပြင်းကြောင့် စေတီ၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အများအပြား ပျက်စီးသွားတဲ့သတင်းနဲ့
ရခိုင်ပြည်နယ် မြို့နယ်တချို့မှာ Non-CDM ကျောင်းဆရာတွေ လစာမရကြတဲ့သတင်း နားဆင်ရမှာပါ
စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်လာချိန် မြန်မာနိုင်ငံမှာ ဆေးရုံဆေးခန်းတွေ၊ လူနာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ၁၃၀၀ နီးပါးအထိရှိလာခဲ့ကြောင်း Insecurity Insight သု တေတနအဖွဲ့ကပြောပါတယ်။ စိုးသူအောင် သတင်းပေးပို့ထားပါတယ်။
DVB Newsbreak ( မေ ၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့မှာ ထိုင်းရောက်မြန်မာအလုပ်သမားတွေ ဆန္ဒပြတဲ့ သတင်း-
-ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့ကို ချင်းလက်နက်ကိုင်တပ်တွေက သိမ်းပိုက်လိုက်တဲ့သတင်းနဲ့
-ကျန်းမာရေးကဏ္ဍတိုက်ခိုက်ခံရမှုမှာ ယူကရိန်းပြီးရင် မြန်မာက ဒုတိယအဆိုးဆုံးဖြစ် နိုင်ငံဖြစ်နေတဲ့ သတင်းတွေနားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-သီတင်း ၃ ပတ်ကြာ ပျောက်ကွယ်နေတဲ့ ဒုချုပ်စိုးဝင်း လူမြင်ကွင်းကို ပြန်ပေါ်ထွက်လာပြီး အောင်ဇေယျစစ်ဆင်ရေး ဆက်ကွပ်ကဲနေတဲ့ သတင်း
-NUG နဲ့ တိုင်းရင်းသားအင်အားစုတွေ နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်စိုးမိုးထားတယ်လို့ NUGက သတင်းစာရှင်းလင်း ပြောကြားလိုက်တဲ့သတင်းနဲ့
-ချောက်မြို့အပါအဝင် မြန်မာပြည် ဒေသအနှံ့ အပူချိန် စံချိန်တင်မြင့်တက်နေလို့ သေဆုံးသူဦးရေ များလာတဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။
စံချိန်တင်အပူချိန်မြင့်တက်နေတဲ့ ချောက်မြို့မှာ အပူရှပ်မှုကြောင့် သေဆုံးသူတွေ ရှိလာပြီး အခုလအတွင်း သေဆုံးသူ ဦးရေ မြင့်တက်လာတယ်လို့ လူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။ ဒီသတင်းကို ဖူးအိအိနွယ် ပေးပို့ထားပါတယ်။