DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • MOU စနစ်မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ ထိုင်းနိုင်ငံက အလုပ်သမားအရေး ဆောင်ရွက်သူများပြော

    ထိုင်းနိုင်ငံကိုMOU စနစ်နဲ့ လာရောက် လုပ်ကိုင်တဲ့ အလုပ်သမားတွေအနေနဲ့ ပြဿနာတွေ ကြုံတွေ့နေရပြီး MOU စနစ်မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ ထိုင်းနိုင်ငံက အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ဒီသတင်းကို ဝေဝေ ပေးပို့ထားပါတယ်။

    4 min
  • DVB Newsbreak ( ၂၉ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  

    ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ဆင်ဘိုအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၄၁ ကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်လိုက်တဲ့သတင်း

    -စစ်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ၄၀ ရာခိုင်နှုန်း လျော့ကျတဲ့သတင်းနဲ့ 

    -ခရိုနီ တယောက်ရဲ့သမီးကို  ဗီဇာပြန်ရုပ်သိမ်းပြီး နိုင်ငံတွင်းမှ နှင်ထုတ်ဖို့ ပြင်သစ်အစိုးရကို တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ

    7 min
  • "အမေရိကန်တက္ကသိုလ်ကျောင်းသားသပိတ်" (WeeklyNewsDigest 28042024)

    DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ မြဝတီတိုက်ပွဲနဲ့ နယ်စပ်ကုန်သွယ်ရေး ၊ အမေရိကန်တက္ကသိုလ်ကျောင်းသားသပိတ်၊ ဝန်ကြီးဘလင်ကန်ရဲ့ တရုတ်ခရီးစဉ် စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    30 min
  • ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ဧည့်စာရင်းတိုင်လျှင် ဓာတ်ပုံပါပေးရ

    ရန်ကုန်ရဲ့ တချို့မြို့နယ်တွေမှာ ဧည့်သန်းခေါင်စာရင်းနဲ့

    နေထိုင်သူတွေကို ဧည့်စာရင်းတိုင်ရင် ရပ်ကွက်ရုံးမှာ ဧည့်သည်ရဲ့
    ဓာတ်ပုံကိုပါ တပါတည်းပေးပြီး တိုင်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    လှိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလာမတိုင်ခင်ကတည်းက

    ဧည့်စာရင်းလာတိုင်သူတွေကို ဓာတ်ပုံပါတောင်းနေတာဖြစ်ပြီး
    သင်္ကြန်ပြီးတဲ့အချိန်မှာတော့ ပိုပြီး တင်းတင်းကျပ်ကျပ် ကောက်ခံလာတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

    4 min
  • DVB Newsbreak ( ၂၆ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

    -ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးတဲ့ သတင်း

    -မြဝတီမြို့တောင်ဘက် စွယ်တော်ကုန်းစခန်းအနီးတဝိုက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့ သတင်းနဲ့ 

    -ဗိုလ်နဂါးရဲ့ BNRA တပ်နဲ့  ယင်းမာပင်ခရိုင် PDF တပ်ဖွဲ့တွေအကြား သစ်ကိစ္စနဲ့ အပြန်အလှန် ဖမ်းဆီးမှုဖြစ်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

    5 min
  • မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ထိုးစစ်ဆင်နေ

    မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့  မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အောင်ခန့် ပေးပို့ထားပါတယ်။

    4 min
  • DVB Newsbreak ( ၂၅ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၂၅ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

    -သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ယခင်ဖမ်းဆီးထိန်းသိမ်းထားခဲ့ဖူးတဲ့ နေပြည်တော်ရှိ နေရာဟောင်းမှာ စစ်ကောင်စီက ပြန်ပို့ ဖမ်းဆီးထားတဲ့သတင်း

    -မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ခိုလှုံလာတဲ့ မြန်မာစစ်ဘေးရှောင် ၆၀၀ ကျော် နေရပ်ပြန်သွားတဲ့ သတင်းနဲ့ 

    - မြန်မာနိုင်ငံအနှံ့အပြားမှာ ပြည်သူတွေ အပူဒဏ် ပြင်းထန်စွာခံစားနေရတဲ့သတင်းတွေ နားဆင်ရမှာပါ

    6 min
  • တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ကျုံးထည့်ရမှာပဲ၊ ဒီတခါတော့ သည်းညည်းမခံနိုင်တော့ဘူး” KNU ပြောခွင့်ရ ပဒိုစောတောနီး

    တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ်ခလရ ၂၇၅ တပ်ရင်းအတွင်း စစ်ကောင်စီတပ်က ကရင်အမျိုးသားတပ်မတော် (KNA) ရဲ့ အကူအညီနဲ့  စစ်ကောင်စီက ကရင်အမျိုးသားအလံကို ဖြုတ်ပြီး စစ်ကောင်စီအလံ ပြန်လွှတ်ထူခဲ့မှုအပါအဝင် မြဝတီနောက်ဆုံးရ အခြေအနေတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို DVB

    မှ နော်နိုရင်းက မေးမြန်းထားပါတယ်။

    ⁠

    6 min
  • DVB Newsbreak ( ၂၄ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

    -မြဝတီ ခလရ ၂၇၅ တပ်ရင်းအတွင်း  KNA တပ်ဖွဲ့အကူအညီနဲ့ စစ်ကောင်စီအလံ လွှင့်တင်

    -သင်္ဃန်းကျွန်း အောင်ရတနာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီက ပိတ်သိမ်းခိုင်းနေတဲ့သတင်းနဲ့ 

    -ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအယောက် ၁၇၀ ကျော်ကို စစ်ကောင်စီက ရေတပ်သင်္ဘာနဲ့ နေရပ်ပြန်ပို့ပေးခဲ့တဲ့ သတင်း


    6 min
  • အမ်းမြို့တွင် တိုက်ပွဲဆက်ပြင်းထန်၊ ပိတ်မိနေသူတွေလည်း စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် သေဆုံးမှုရှိ

    ပြည်မထွက်ပေါက်မြို့ဖြစ်သလို

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့မှာ
    တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို ပိတ်မိနေသူတွေလည်း
    စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် သေဆုံးမှုတွေပါ ကြုံနေရပါတယ်။
    ထက်အောင်သတင်းပေးပို့ထားပါတယ်။

    3 min